ကပ်ေ ရာဂါဘေးအန္တရာယ်ကင်းဝေးစေဖို့အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အမှူးပြုတဲ့ ဆရာတော်၊ သံဃာတော်တွေဟာ မနေ့က လေယာဉ်နဲ့ ဧရာဝတီ မြစ်ကြောင်း တလျှောက် အန္တရာယ်ကင်းပရိတ်တရားတော်တွေ ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ပါတယ်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မနက် ၉ နာရီမှာ ဗန်းမော် ကျောင်းတိုက်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုတဲ့ ဆရာတော်တွေဟာ မြန်မာ့အမျိုးသားလေကြောင်း အထူးလေယာဉ်နဲ့ ရန်ကုန်မြို့က ထွက်ခွာကြပါတယ်။

ဒီနောက်ဧရာဝတီ မြစ်ကြောင်းတလျှောက် လေယာဉ် ပျံသန်းပြီး ရတနသုတ် ပရိတ်တော်၊ မေတ္တသုတ် ပရိတ်တော်၊ ဝဋ္ဋသုတ် ပရိတ်တော်၊ ဗောဇ္ဈင်္ဂသုတ် ပရိတ်တော်၊ ပုဗ္ဗဏှသုတ် ပရိတ်တော်နဲ့ ပဋ္ဌာန ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသ တို့ကို ရွတ်ဖတ်သရဇ္ဈာယ်ကာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ကပ်ရောဂါဘေးအန္တရာယ်ကင်းဝေးစေဖို့ မေတ္တာပို့သပေးကြတယ်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

Credit-Burmese.Asia


Post a Comment

Previous Post Next Post