စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် (COVID-19) ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ဒေသန္တရအမိန့်ထုတ်ပြန်ထားခြင်းအပေါ် လိုက်နာခြင်းမရှိသူ တစ်ဦးအား ဧပြီ ၇ ရက်နေ့ ညနေ ၄ နာရီက ခင်ဦးမြို့နယ်တရားရုံးမှ ရာဇသတ်ကြီးအမှုအမှတ်- ၁၃၂/၂၀၂၀ ဖြင့် ထောင်ဒဏ် (၆) လ အမိန့်ချလိုက်ကြောင်း မြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး ကာကွယ်ထိန်းသိမ်းရန်အတွက် ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာများအတွင်း အလှူပွဲ၊ မင်္ဂလာပွဲနှင့် လူစုလူဝေးများမပြုလုပ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ဒေသန္တရအမိန့်ထုတ်ထားခြင်းကြောင့် ခင်ဦးမြို့နယ် လောင်းရှည်ကျေးရွာနေ အလှူဒါယိကာ ဦးကျော်လွင်+အလှူဒါယိကာမ ဒေါ်ခင်မာဝင်းတို့၏ အလှူမင်္ဂလာကို တစ်ရွာတည်းနေ ဦးသိန်းမြင့် ၅၅ နှစ် (ဘ) ဦးသန်းမောင်နေအိမ်ဝင်းအတွင်း မဏ္ဍပ်ထိုးကာ အလှူပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ လူစုလူဝေးဖြင့် အလှူမင်္ဂလာပွဲမပြုလုပ်ရန် တားမြစ်ပြောဆိုခဲ့ရာ

၎င်းဦးသိန်းမြင့် ၅၅ နှစ်မှာ လိုက်နာခြင်းမရှိဘဲ (၂၆.၃.၂၀၂၀) ရက်နေ့မှ (၂၇.၃.၂၀၂၀) ရက်နေ့အထိ လူစုလူဝေးဖြင့်အလှူမင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့သောကြောင့် ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ် မှာ ဧပြီ ၁ ရက်နေ့ ညနေ ၃ နာရီတွင် တရားလိုပြုလုပ်တိုင်တန်း၍ ခင်ဦးမြို့မရဲစခန်းမှ (ပ)၁၃၂/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၃၀(က) ဖြင့် သိန်းမြင့် ၅၅ နှစ်အား အရေးယူဆောင်ရွက်ထားသော အမှုဖြစ်ကြောင်း သိရသည်။

ချစ်စံ(ခင်ဦး) MOI

Zawgyi

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခ႐ိုင္၊ ခင္ဦးၿမိဳ႕နယ္ (COVID-19) ေရာဂါ ကာကြယ္တားဆီးႏိုင္ေရးအတြက္ ေဒသႏၲရအမိန္႔ထုတ္ျပန္ထားျခင္းအေပၚ လိုက္နာျခင္းမရွိသူ တစ္ဦးအား ဧၿပီ ၇ ရက္ေန႔ ညေန ၄ နာရီက ခင္ဦးၿမိဳ႕နယ္တရား႐ုံးမွ ရာဇသတ္ႀကီးအမႈအမွတ္- ၁၃၂/၂၀၂၀ ျဖင့္ ေထာင္ဒဏ္ (၆) လ အမိန္႔ခ်လိုက္ေၾကာင္း ၿမိဳ႕နယ္တရား႐ုံးမွ တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။

ျဖစ္စဥ္မွာ ကိုဗစ္-၁၉ ေရာဂါျပန္႔ပြားမႈမရွိေစေရး ကာကြယ္ထိန္းသိမ္းရန္အတြက္ ခင္ဦးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ရပ္ကြက္/ ေက်း႐ြာမ်ားအတြင္း အလႉပြဲ၊ မဂၤလာပြဲႏွင့္ လူစုလူေဝးမ်ားမျပဳလုပ္ရန္ ေဒသႏၲရအမိန္႔ ထုတ္ျပန္ထားေၾကာင္း သိရသည္။

အဆိုပါ ေဒသႏၲရအမိန္႔ထုတ္ထားျခင္းေၾကာင့္ ခင္ဦးၿမိဳ႕နယ္ ေလာင္းရွည္ေက်း႐ြာေန အလႉဒါယိကာ ဦးေက်ာ္လြင္+အလႉဒါယိကာမ ေဒၚခင္မာဝင္းတို႔၏ အလႉမဂၤလာကို တစ္႐ြာတည္းေန ဦးသိန္းျမင့္ ၅၅ ႏွစ္ (ဘ) ဦးသန္းေမာင္ေနအိမ္ဝင္းအတြင္း မ႑ပ္ထိုးကာ အလႉပြဲျပဳလုပ္မည္ျဖစ္ေၾကာင္း သိရွိရသျဖင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္အဖြဲ႕မွ လူစုလူေဝးျဖင့္ အလႉမဂၤလာပြဲမျပဳလုပ္ရန္ တားျမစ္ေျပာဆိုခဲ့ရာ

၎ဦးသိန္းျမင့္ ၅၅ ႏွစ္မွာ လိုက္နာျခင္းမရွိဘဲ (၂၆.၃.၂၀၂၀) ရက္ေန႔မွ (၂၇.၃.၂၀၂၀) ရက္ေန႔အထိ လူစုလူေဝးျဖင့္အလႉမဂၤလာပြဲ က်င္းပျပဳလုပ္ခဲ့ေသာေၾကာင့္ ဒုတိယၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ကိုလတ္ မွာ ဧၿပီ ၁ ရက္ေန႔ ညေန ၃ နာရီတြင္ တရားလိုျပဳလုပ္တိုင္တန္း၍ ခင္ဦးၿမိဳ႕မရဲစခန္းမွ (ပ)၁၃၂/၂၀၂၀၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ-၃၀(က) ျဖင့္ သိန္းျမင့္ ၅၅ ႏွစ္အား အေရးယူေဆာင္႐ြက္ထားေသာ အမႈျဖစ္ေၾကာင္း သိရသည္။

ခ်စ္စံ(ခင္ဦး) MOI

Post a Comment

Previous Post Next Post