မိသားစုတိုင်း အိမ်တိုင်းအတွက် သက်သာခွင့်ပေးတဲ့ အိမ်သုံး မီတာယူနစ် ၁၅၀ က ၁၁၅၀၀ ကျပ် ကျသင့်ပါတယ်။

နိုင်ငံတော်က နိုင်ငံသား အားလုံး ခံစားခွင့် တပြေးညီ ဖြစ်အောင် စီစဉ်ပေးတာ ဖြစ်ပေမဲ့… ဒီ ယူနစ် ၁၅၀ ဖိုးလောက် ကုန်ကျစရိတ်ကို မမှုသူတွေလည်း အများကြီး ရှိမှာပါ။

အိမ်ထောင်စု တစ်စုချင်းအတွက် ၁၁၅၀၀ ဆိုတဲ့ငွေဟာ ဘယ်လောက်မှ မရှိပေမဲ့… နိုင်ငံတော်ဘက်ကတော့ အိမ်ထောင်စုပေါင်း များစွာအတွက် စိုက်ပေးရတဲ့အတွက်… နဂိုတည်းက ကိုဗစ်တိုက်ဖျက်ဖို့အတွက် မလောက်ငတဲ့ ဘတ်ဂျက်ဟာ ပိုပြီး နည်းသွားမှာပါ။

ဒါကြောင့် ငွေရေးကြေးရေး အမှန်တကယ် လိုအပ်တဲ့ အခြေအနေမှာ ရှိမနေသူတွေအနေနဲ့… ဘတ်ဂျက် မလောက်မငနဲ့ ကပ်ဘေးကို ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတော်ထံက တစ်နည်းအားဖြင့် နွမ်းပါးသူတွေဆီက တစ်ဇွန်း ကူမသောက်ဘဲ ပြန်လည် လှူဒါန်းပေးကြရင် မကောင်းဘူးလားလို့ တွေးမိပါတယ်။

ဒီလို ပြန်လှူကြမယ်ဆိုရင် နိုင်ငံတော်က စိုက်ပေးလိုက်ရတာတွေ သက်သာသွားတဲ့အတွက် အမှန်တကယ် လိုအပ်သူ နွမ်းပါးသူတွေကို ပိုထောက်ပံ့သွားနိုင်၊ ရောဂါ ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပိုဝယ်နိုင်၊ ကျန်းမာရေး ဝန်ထမ်းတွေ လုံခြုံရေးအတွက် ပိုသုံးနိုင်မယ်လို့ ယုံကြည်ပါတယ်။

လှူလိုက်တဲ့ငွေက အများကြီးတော့ မဟုတ်ပေမဲ့ ဒီလိုအလွယ်တကူ၊ တနိုင်တပိုင်လေး လှူလိုက်ရင် အမှတ်တရလည်း ဖြစ်သွားသလို… အိမ်ထောင်စု တစ်သိန်းက မီတာ အလုံး တစ်သိန်းစာ ပြန်လှူကြမယ်ဆိုရင် အနည်းဆုံး သိန်းပေါင်း တစ်သောင်းတစ်ထောင်ငါးရာ နိုင်ငံတော်က သက်သာသွားပါမယ်။

မီတာအလုံးရေ များများရှိသူက အလုံးရေ ရှိသလောက် ပြန်လှူမှာတွေ… မီတာတစ်လုံးသာ ရှိသော်လည်း ၁၁၅၀၀ ထက် ပိုပြီး လှူပေးသူတွေပါ ရှိလာရင် အလှူငွေ ဒီထက် ပိုရလာမှာပါ။
Bank account တွေလည်းကြေငြာထားပြီးသားဖြစ်လို့… နိုင်ငံသားကောင်းတို့ရေ အခုပဲ ကိုဗစ်-၁၉ (Covid-19) ဗဟိုကော်မတီကို Mobile Banking ကနေ ချက်ချင်းလွှဲလိုက်ကြရအောင်လား။

Zawgyi ျဖင့္ဖက္ရန္

မိသားစုတိုင္း အိမ္တိုင္းအတြက္ သက္သာခြင့္ေပးတဲ့ အိမ္သုံး မီတာယူနစ္ ၁၅၀ က ၁၁၅၀၀ က်ပ္ က်သင့္ပါတယ္။

ႏိုင္ငံေတာ္က ႏိုင္ငံသား အားလုံး ခံစားခြင့္ တေျပးညီ ျဖစ္ေအာင္ စီစဥ္ေပးတာ ျဖစ္ေပမဲ့… ဒီ ယူနစ္ ၁၅၀ ဖိုးေလာက္ ကုန္က်စရိတ္ကို မမႈသူေတြလည္း အမ်ားႀကီး ရွိမွာပါ။

အိမ္ေထာင္စု တစ္စုခ်င္းအတြက္ ၁၁၅၀၀ ဆိုတဲ့ေငြဟာ ဘယ္ေလာက္မွ မရွိေပမဲ့… ႏိုင္ငံေတာ္ဘက္ကေတာ့ အိမ္ေထာင္စုေပါင္း မ်ားစြာအတြက္ စိုက္ေပးရတဲ့အတြက္… နဂိုတည္းက ကိုဗစ္တိုက္ဖ်က္ဖို႔အတြက္ မေလာက္ငတဲ့ ဘတ္ဂ်က္ဟာ ပိုၿပီး နည္းသြားမွာပါ။

ဒါေၾကာင့္ ေငြေရးေၾကးေရး အမွန္တကယ္ လိုအပ္တဲ့ အေျခအေနမွာ ရွိမေနသူေတြအေနနဲ႔… ဘတ္ဂ်က္ မေလာက္မငနဲ႔ ကပ္ေဘးကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားေနတဲ့ ႏိုင္ငံေတာ္ထံက တစ္နည္းအားျဖင့္ ႏြမ္းပါးသူေတြဆီက တစ္ဇြန္း ကူမေသာက္ဘဲ ျပန္လည္ လႉဒါန္းေပးၾကရင္ မေကာင္းဘူးလားလို႔ ေတြးမိပါတယ္။

ဒီလို ျပန္လႉၾကမယ္ဆိုရင္ ႏိုင္ငံေတာ္က စိုက္ေပးလိုက္ရတာေတြ သက္သာသြားတဲ့အတြက္ အမွန္တကယ္ လိုအပ္သူ ႏြမ္းပါးသူေတြကို ပိုေထာက္ပံ့သြားႏိုင္၊ ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ လိုအပ္တဲ့ ပစၥည္းေတြ ပိုဝယ္ႏိုင္၊ က်န္းမာေရး ဝန္ထမ္းေတြ လုံၿခဳံေရးအတြက္ ပိုသုံးႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။

လႉလိုက္တဲ့ေငြက အမ်ားႀကီးေတာ့ မဟုတ္ေပမဲ့ ဒီလိုအလြယ္တကူ၊ တႏိုင္တပိုင္ေလး လႉလိုက္ရင္ အမွတ္တရလည္း ျဖစ္သြားသလို… အိမ္ေထာင္စု တစ္သိန္းက မီတာ အလုံး တစ္သိန္းစာ ျပန္လႉၾကမယ္ဆိုရင္ အနည္းဆုံး သိန္းေပါင္း တစ္ေသာင္းတစ္ေထာင္ငါးရာ ႏိုင္ငံေတာ္က သက္သာသြားပါမယ္။

မီတာအလုံးေရ မ်ားမ်ားရွိသူက အလုံးေရ ရွိသေလာက္ ျပန္လႉမွာေတြ… မီတာတစ္လုံးသာ ရွိေသာ္လည္း ၁၁၅၀၀ ထက္ ပိုၿပီး လႉေပးသူေတြပါ ရွိလာရင္ အလႉေငြ ဒီထက္ ပိုရလာမွာပါ။

Bank account ေတြလည္းေၾကျငာထားၿပီးသားျဖစ္လို႔… ႏိုင္ငံသားေကာင္းတို႔ေရ အခုပဲ ကိုဗစ္-၁၉ (Covid-19) ဗဟိုေကာ္မတီကို Mobile Banking ကေန ခ်က္ခ်င္းလႊဲလိုက္ၾကရေအာင္လား။

Mg Mg Aye



Post a Comment

Previous Post Next Post