Unicode

ကားတိုက်ပြီး ထွက်ပြေးသွားပါတယ်…

ဒီနေ့ (26 Apr 2020 19:30) ခန့် က လှိုင်မြို့နယ် ကန်လမ်းထိပ်တွင် ဆိုက်ကားကို ကား တိုက်မူဖြစ်ပွားခဲ့ပါသည် ။ တိုက်ပြီးပြီးခြင်း မိန်းကလေး ၃ ယောက် ဆင်းပြီး အတိုက်ခံရသော ဆိုက်ကားဆရာအား ဆင်းကြည့်ပါသေးသည် ။ ဆိုက်ကားဆရာမှာ လုံးဝ မလှုပ်တော့ပါ ။


ကြည့်ကြပါအုန်း.. ကြည့်ကြပါအုန်း.. ပြောကာ ကားပေါ်တက်၍ မောင်းပြေးသွားပါပြီ ။ ဆိုက်ကားဆရာ ဘယ်လို အခြေအနေလည်း မသိသေးပါ ။ ပါးစပ်ကတော့ သွေးတွေ ထွက်နေပါတယ် ။


ဒီလိုရောဂါဆိုးကြီး ဖြစ်နေတာတောင် မိသားစု ဝမ်းရေးအတွက် မကြောက်မလန့် ဆိုက်ကားစီးသူ နဲ့ ကပ်ရပ်နေပြီး ဆိုက်ကား ထွက်နင်းနေရတာပါ။ ဒါတောင် တာဝန်မယူ ထွက်ပြေးသွားတာတော့ မဖြစ်သင့်ပါ ။



မိန်းကလေး ချည်းပဲ (၃)ယောက်မို့လို့ ကြောက်လန့်ပြီး ကားမောင်းပြေးသွားပါတယ်လို့ မှတ်ထားပါတယ် ။ ထို့ကြောင့် အိမ်ရောက်လျှင် မိသားစုခေါ်ပြီး တာဝန်ယူ ရင်ဆိုင် စေချင်ပါတယ် ။ အခု လူနာကို ဆေးရုံကြီးသို့ ခေါ်သွားပါပြီ ။ တာဝန်ယူ ရင်ဆိုင် ပြီးသွားရင် ယခုပို့စ်ကို ဖျက်ပေးပါမယ် ။ ကားမောင်း၍ ပြေးသွားသော မိန်းကလေး၏ ကားတံခါး ဖွင့်နေသော ပုံလည်း ရိုက်ထားလိုက်ပါတယ် ။


Zawgyi











Edited – ကျွန်တော် ဓာတ်ပုံများ အား ယာဉ်မှုစစ်ကို ပေးပြီးပါပြီ…

Oakkar Oo

Post a Comment

Previous Post Next Post