Unicode

ဧရာဝတီတိုင်းအတွင်း ရန်ကုန်ဘက်က ပုသိမ်ဘက်လာတဲ့ယာဉ်တွေ အစစ်ဆေးခံရတဲ့ ဂိတ်မှာ ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက ကုန်တင်ကားနောက်ပိုင်း အလုံပိတ်ပြီး လိုက်ပါလာတဲ့ လူ ၇၀ ကျော်ကို စစ်ဆေးရေးဂိတ်ကတာဝန်ရှိသူတွေက ဖမ်းမိခဲ့တာလို့ သိရပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး အလုပ်အကိုင်ရှားပါးလို့ ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၇၀ ကျော်က ယာဉ်လိုင်းတွေ မရှိတော့လို့ ကုန်တင်ယာဉ် ၂ စီးကိုငှားပြီး ဧရာဝတီတိုင်းကို ပြန်လာစဉ် ရန်ကုန်-ပုသိမ် ကားလမ်းမကြီးဘေးက မဲဇလီစစ် ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တာလို့ မြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အားလုံးက ကျိုက်မရော မြို့နယ်ကပြန်လာတာပါ၊ ထောက်ခံစာတွေလည်းပါ ပါတယ်၊ ကားထဲမှာ ခုလို့ စုပြုံလိုက်လာတာမျိုးတော့ မဖြစ်သင့်ပါဘူး၊

ကျန်းမာရေးဝန်ကြီးဌာနကလည်း ညွှန်ကြားထားတာတွေရှိပါတယ်။ ခုတော့ သက်ဆိုင်ရာမြို့နယ်တွေကို ၅ ဦးစီးခွဲပြီး ခေါ်လာဖို့ ပြောထားပါတယ်” လို့ ညောင်တုန်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောပါတယ်။

မဲဇလီဂိတ်မှာ ဖမ်းမိခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား ၇၀ ကျော်မှာ အများစုက အသက် ၃၀ ဝန်းကျင် ရှိ အမျိုးသား အမျိုးသမီးတွေဖြစ်ပြီး နို့စိုကလေးအရွယ်တွေလည်းပါဝင်ပါတယ်။

စစ်ဆေး ရေးဂိတ်က ကုန်ကား မိုကာအလုံအုပ်ထားတာကို မသင်္ကာလို့ စစ်ဆေးရာကနေ တွေ့ရှိခဲ့တာ ဖြစ်ပြီး အားလုံးကတော့ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်ပြီး အလုပ်ပြီးလို့ ပြန်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ကျိုက်မရောဘက်မှာ အုတ်ဖုတ်တာသွားလုပ်ရတာပါ၊ အလုပ်ပြီးလို့ ပြန်ဖို့လုပ်တော့ ရောဂါ တွေဖြစ်လို့ ယာဉ်လိုင်းတွေမရှိတော့ဘူး၊ ထောက်ခံစာတွေတော့ပါတယ်၊

အဲ့တော့ အားလုံးစုပြီး ကုန်ကားကို ငှားပြီးလိုက်လာတာပါ” လို့ ကျောင်းကုန်းမြို့နယ်က ရွှေ့ပြောင်းအလုပ်သမား တဦးကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရက ဧပြီ ဒုတိယပတ်က ခရီးသွားယာဉ်လိုင်းတွေ ပြေးဆွဲတာကို ဧပြီလကုန်ပိုင်းအထိ ပိတ်ထားဖို့နဲ့ ယခင် အိမ်စီးကားငယ်များနဲ့ ခရီးသွားလာမှုကို ၇ ဦး အထိ ခွင့်ပြုထားရာက ၅ ဦးအထိသာ ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းကို ပြန်လာတဲ့ရွှေ့ပြောင်းလုပ်သားတွေကို ကား ၂ စီးနဲ့ လူအများကြီးတင်ဆောင် မောင်းနှင်လာတဲ့ ကုန်ကားမောင်သူတွေကို အရေးယူဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမေးမြန်းချိန်မှာ သက်ဆိုင်ရာဌာနဆိုင်ရာတွေဖြစ်တဲ့ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေက တိုင်းကညွှန်ကြားထားတာမရှိလို့ လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြန်လည်ပြောဆိုတယ်လို့ အဆိုပါစစ်ဆေးဂိတ် ပူးပေါင်း အဖွဲ့ဝင်တွေထံက သိရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအများစုက ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ပန်းတနော်၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်တွေကဖြစ်သလို အခြားမြို့နယ်တွေကလည်း ပါဝင်လာတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေချိတ်ဆက်ပြီး မြို့နယ်တွေမှာရှိတဲ့ Community Based Facility Quarantine တွေမှာ စောင့်ကြည့်တာတွေပြုလုပ် သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Zawgyi

ဧရာဝတီတိုင္းအတြင္း ရန္ကုန္ဘက္က ပုသိမ္ဘက္လာတဲ့ယာဥ္ေတြ အစစ္ေဆးခံရတဲ့ ဂိတ္မွာ ဧၿပီ ၂၆ ရက္ေန႔ ညေနပိုင္းက ကုန္တင္ကားေနာက္ပိုင္း အလုံပိတ္ၿပီး လိုက္ပါလာတဲ့ လူ ၇၀ ေက်ာ္ကို စစ္ေဆးေရးဂိတ္ကတာဝန္ရွိသူေတြက ဖမ္းမိခဲ့တာလို႔ သိရပါတယ္။

မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္မွာ သြားေရာက္အလုပ္လုပ္ကိုင္ၿပီး အလုပ္အကိုင္ရွားပါးလို႔ ျပန္လာတဲ့ ေရႊ႕ေျပာင္းလုပ္သား ၇၀ ေက်ာ္က ယာဥ္လိုင္းေတြ မရွိေတာ့လို႔ ကုန္တင္ယာဥ္ ၂ စီးကိုငွားၿပီး ဧရာဝတီတိုင္းကို ျပန္လာစဥ္ ရန္ကုန္-ပုသိမ္ ကားလမ္းမႀကီးေဘးက မဲဇလီစစ္ ေဆးေရးဂိတ္မွာ ဖမ္းမိခဲ့တာလို႔ ၿမိဳ႕နယ္ Covid-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအဖြဲ႕ တာဝန္ရွိသူက ေျပာပါတယ္။

“အားလုံးက က်ိဳက္မေရာ ၿမိဳ႕နယ္ကျပန္လာတာပါ၊ ေထာက္ခံစာေတြလည္းပါ ပါတယ္၊ ကားထဲမွာ ခုလို႔ စုျပဳံလိုက္လာတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး၊

က်န္းမာေရးဝန္ႀကီးဌာနကလည္း ညႊန္ၾကားထားတာေတြရွိပါတယ္။ ခုေတာ့ သက္ဆိုင္ရာၿမိဳ႕နယ္ေတြကို ၅ ဦးစီးခြဲၿပီး ေခၚလာဖို႔ ေျပာထားပါတယ္” လို႔ ေညာင္တုန္းၿမိဳ႕နယ္ အမွတ္ ၂ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ဆန္းက ေျပာပါတယ္။

မဲဇလီဂိတ္မွာ ဖမ္းမိခဲ့တဲ့ ေရႊ႕ေျပာင္းလုပ္သား ၇၀ ေက်ာ္မွာ အမ်ားစုက အသက္ ၃၀ ဝန္းက်င္ ရွိ အမ်ိဳးသား အမ်ိဳးသမီးေတြျဖစ္ၿပီး နို႔စိုကေလးအရြယ္ေတြလည္းပါဝင္ပါတယ္။

စစ္ေဆး ေရးဂိတ္က ကုန္ကား မိုကာအလုံအုပ္ထားတာကို မသကၤာလို႔ စစ္ေဆးရာကေန ေတြ႕ရွိခဲ့တာ ျဖစ္ၿပီး အားလုံးကေတာ့ အုတ္ဖုတ္လုပ္ငန္း လုပ္ကိုင္ၿပီး အလုပ္ၿပီးလို႔ ျပန္လာသူေတြျဖစ္တယ္လို႔ ဆိုပါတယ္။

“က်ိဳက္မေရာဘက္မွာ အုတ္ဖုတ္တာသြားလုပ္ရတာပါ၊ အလုပ္ၿပီးလို႔ ျပန္ဖို႔လုပ္ေတာ့ ေရာဂါ ေတြျဖစ္လို႔ ယာဥ္လိုင္းေတြမရွိေတာ့ဘူး၊ ေထာက္ခံစာေတြေတာ့ပါတယ္၊ အဲ့ေတာ့ အားလုံးစုၿပီး ကုန္ကားကို ငွားၿပီးလိုက္လာတာပါ” လို႔ ေက်ာင္းကုန္းၿမိဳ႕နယ္က ေရႊ႕ေျပာင္းအလုပ္သမား တဦးကေျပာပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးအစိုးရက ဧၿပီ ဒုတိယပတ္က ခရီးသြားယာဥ္လိုင္းေတြ ေျပးဆြဲတာကို ဧၿပီလကုန္ပိုင္းအထိ ပိတ္ထားဖို႔နဲ႔ ယခင္ အိမ္စီးကားငယ္မ်ားနဲ႔ ခရီးသြားလာမႈကို ၇ ဦး အထိ ခြင့္ျပဳထားရာက ၅ ဦးအထိသာ ခြင့္ျပဳေၾကာင္း အမိန႔္ထုတ္ျပန္ထားပါတယ္။

ဧရာဝတီတိုင္းကို ျပန္လာတဲ့ေရႊ႕ေျပာင္းလုပ္သားေတြကို ကား ၂ စီးနဲ႔ လူအမ်ားႀကီးတင္ေဆာင္ ေမာင္းႏွင္လာတဲ့ ကုန္ကားေမာင္သူေတြကို အေရးယူဖို႔ အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေမးျမန္းခ်ိန္မွာ သက္ဆိုင္ရာဌာနဆိုင္ရာေတြျဖစ္တဲ့ ရဲတပ္ဖြဲ႕နဲ႔ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက တာဝန္ရွိသူေတြက တိုင္းကညႊန္ၾကားထားတာမရွိလို႔ လုပ္ပိုင္ခြင့္မရွိဘူးလို႔ ျပန္လည္ေျပာဆိုတယ္လို႔ အဆိုပါစစ္ေဆးဂိတ္ ပူးေပါင္း အဖြဲ႕ဝင္ေတြထံက သိရပါတယ္။

ေရႊ႕ေျပာင္းအလုပ္သမားအမ်ားစုက ဧရာဝတီတိုင္းအတြင္းက ၿမိဳ႕နယ္ေတြျဖစ္တဲ့ ပန္းတေနာ္၊ က်ဳံေပ်ာ္၊ ေက်ာင္းကုန္းၿမိဳ႕နယ္ေတြကျဖစ္သလို အျခားၿမိဳ႕နယ္ေတြကလည္း ပါဝင္လာတာေၾကာင့္ သက္ဆိုင္ရာတာဝန္ရွိသူေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြခ်ိတ္ဆက္ၿပီး ၿမိဳ႕နယ္ေတြမွာရွိတဲ့ Community Based Facility Quarantine ေတြမွာ ေစာင့္ၾကည့္တာေတြျပဳလုပ္ သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

မင္းထက္မုန္း (ပုသိမ္)

Post a Comment

Previous Post Next Post