သနပ်ပင်မြို့နယ်နှင့် သာယာဝတီမြို့နယ်တို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဉပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါသတင်းထုတ်ပြန်မှုတွင် အရက်သောက်စားမူးယစ်ပြီး စောင့်ကြည့် လူနာအဖြစ်ထားရှိခြင်းကို မကျေနပ်သဖြင့် အလှူရှင်များ ကျွေးမွေးသော ထမင်း၊ ဟင်းထုတ်များအား လွှင့်ပစ်ခြင်း၊ ဆဲဆိုခြင်းများပြုလုပ်ခဲ့သူ တစ်ဦး ပါဝင်ခဲ့ကြေင်း တွေ့ရသည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့ ၂၃၀၀ အချိန် အောက်သောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်ပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကာကွယ်ထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့သည် သနပ်ပင် မြို့နယ်၊ ဆယ်ဧကကျေးရွာရှိ အ.မ.က(မူလွန်)၌ နယ်ဝေးမှ မိမိနေရပ်သို့ ပြန်လည်ထွက်ခွာလာသူ ၁၃ ဦး(ကျား ၈ ၊မ ၅)အား ထားရှိစောင့်ကြည့်ခဲ့ရာ –

အဆိုပါ ၁၃ ဦးအနက် အမျိုးသား ၃ ဦးထားရှိရာ သီးသန့်ဆောင်သို့ ၎င်းအမျိုးသား ၃ ဦး၏ ဦးလေးတော်စပ်သူ ကျော်မင်းလွင်(၄၈)နှစ်သည် အရက် မူးယစ်ကာ ရောက်ရှိလာပြီး အခန်းတံခါးအား ကန်ဖွင့်၍ ဝင်ရောက်ဆဲဆိုခဲ့သဖြင့် ဧပြီလ ၃ ရက်နေ့ ၁၆၄၀ အချိန် အောက်သောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်မှ တိုင်တန်း၍ ကျော်မင်းလွင်(ဖမ်းမိ)အား မင်းရွာနယ်မြေရဲစခန်း၊ (ပ)၂၀/၂၀၂၀၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)(ခ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။



အလားတူ ဧပြီလ ၃ ရက်နေ့ ၁၁၂၅ အချိန် သာယာဝတီမြို့နယ်၊ ဈေးပိုင်းရပ်ကွက် ပြည်သူလူထုအခြေပြုကန့်သတ်စခန်း(၁)၊ အ.ထ.က(၁)(သာယာဝတီ)၌ စောင့်ကြည့်လျက်ရှိသော ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ကျော်သူရ(၄၁)နှစ်သည် အရက်သောက်စားမူးယစ်ပြီး စောင့်ကြည့် လူနာအဖြစ်ထားရှိခြင်းကို မကျေနပ်သဖြင့် –

အလှူရှင်များ ကျွေးမွေးသော ထမင်း/ဟင်းထုတ်များအား လွှင့်ပစ်ခြင်း/ဆဲဆိုခြင်းများပြုလုပ်ခဲ့သဖြင့် သာယာဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်မှ တိုင်တန်း၍ ကျော်သူရ(ဖမ်းမိ)အား သာယာဝတီမြို့မရဲစခန်း၊ (ပ)၁၂၄/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင် ဓာတ်ပုံ – ပြည်ထဲရေး AlinnMyay(အလင်းမြေ)

ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Post a Comment

Previous Post Next Post