တစ်နေ့ကို လူအယောက် (၁၃၀၀) စစ်ဆေးနိုင်တဲ့စက် မြန်မာနိုင်ငံတွင်ရောက်ရှိ
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေခဲ့တာ ရက်သတ္တပတ်အတန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံကြီးတွေအနေနဲ့ အထိနာနေခဲ့တဲ့အချိန်တွေလည်း ကုန်ဆုံးလုနီးပါးရှိပြီလို့ဆိုရမှာပါ။ ကိုရိုနာဟာ ကမ္ဘာပေါ်က နိုင်ငံအားလုံးကို ပျံ့နှံ့သွားခဲ့ပြီဖြစ်တဲ့အလျောက် မြန်မာနိုင်ငံဟာလည်း အထိုက်အလျောက် ရောဂါပိုးဒဏ်ကို ခံရလျက်ရှိပါတယ်။ ရောဂါပိုး ကုူးစက်ပျံ့ပွားခြင်းကို ကာကွယ်နိုင်စေဖို့ အစိုးရနဲ့ပြည်သူပူးပေါင်းပြီး တတ်နိုင်သမျှ လုပ်ဆောင်နေကြတာကိုလည်းတွေ့ရပြီး ဒီကြားထဲမှ ရောဂါရှိသူတွေဟာ တစ်နေ့တစ်ခြား ကြိုကြားကြိုကြားပေါ်ထွက်လာနေဆဲဖြစ်ပါတယ်။

                              
အချို့ကတော့ မြန်မာနိုင်ငံမှာ လူအင်အား၊ စက်ပစ္စည်းအင်အားအရ ရောဂါပိုးရှိမရှိ စစ်ဆေးရာမှာ တစ်နေ့ကို နမူနာပစ္စည်း အခု ငါးဆယ်ဝန်းကျင်ခန့်သာ စစ်ဆေးနိုင်တာကြောင့် ရောဂါပိုးတွေ့ရှိသူတွေ အနည်းငယ်သာ တွေ့ရသေးတာဖြစ်ပြီး တကယ်တမ်းမှာ ရောဂါပိုးရှိသူအရေအတွက်ဟာ အခုထက်များပြားနိုင်ကြောင်း ထင်ကြေးပေးနေကြသူတွေလည်းရှိနေပါတယ်။ အခုတော့ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအတွက် အသက်ရှုချောင်စရာ သတင်းတစ်ခုပေါ်ထွက်လာပါပြီ။ အဲဒါကတော့ တစ်နေ့ကို လူအယောက် (၁၃၀၀) ရဲ့ sample တွေကို စစ်ပေးနိုင်တဲ့ စက်က သဒ္ဓါတရားကြီးမားသူတွေရဲ့ ကူညီလှူဒါန်းမှုနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတာပါပဲ။
ဒီလို အမှန်တကယ် လိုအပ်နေတဲ့ စက်ကို လှူဒါန်းပေးခဲ့သူတွေကတော့ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတိကဓရ ဘွဲ့ရဦးဇော်မိုးခိုင် ဒေါက်တာ စောနေနွယ် တို့ပဲဖြစ်ပါတယ်။ မကြာသေးမီက AA Medical Products Ltd. company ရဲ့ page ကနေ “Automatic နည်းလမ်းဖြင့် တိကျမြန်ဆန်စွာ COVID-19 ရောဂါရှိမရှိ (၈)နာရီအတွင်း လူပေါင်း (၃၈၀) ကျော်၊ ၂၄ နာရီအတွင်း လူပေါင်း (၁၃၀၀) ကျော်ကိုစစ်ဆေးနိုင်သော Cobas 6800 Analyser စက်တစ်လုံး”လှူဒါန်းခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။ လှူဒါန်းမှုတွေထဲမှာ အဲဒီစက်တစ်လုံးတည်းသာမက မြန်မာနိုင်ငံ ကျန်းမာရေးအတွက် ကြီးမားတဲ့အထောက်အကူတွေဖြစ်မယ့် Cobas 6800 analyser စက်နဲ့တွဲဖက်ပြီး လူအယောက် (၁၁၀၀) ကျော်အထိ စစ်ဆေးနိုင်မယ့် ရောဂါရှာဖွေရေးဆေးရည် Reagent (Made in USA)ကိုပါ လှူဒါန်းခဲ့ပါသေးတယ်။ ဒါ့အပြင် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) ၏ Virology Lab အဆင့်မြှင့်တင်ဖို့လည်း လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။ စုစုပေါင်း တန်ဖိုးကျပ် 835,200,000/- (ကျပ်သိန်း – ၈၃၅၂သိန်း) ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က
ကျိုက်ကဆံအားကစားကွင်း၊ ပြည်ထောင်စုခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။


AA medical products Ltd ရဲ့ အလှူအကြောင်း ပိုစ့်မှာ “ကျွန်မတို့ရဲ့ COVID-19 အတွက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်လှူဒါန်းမှူ ကျပ် သိန်း (8852)သိန်းမှာ COVID-19 ရောဂါရှာဖွေ၊ ကုသရေးအတွက် အထောက်အကူတစ်စုံတစ်ရာရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့လည်းဖော်ပြထားခဲ့ပြီး အဲဒီပို့စ်အောက်မှာ ပြည်သူတွေက ကျေးဇူးတင်စွာနဲ့ သာဓုခေါ်ထားကြတာတွေကိုလည်း မြင်ရပါတယ် ။ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း ကမ္ဘာမှာ အရေအတွက်ကန့်သတ်ချက်နဲ့ ထုတ်လုပ်ထားပြီး နိုင်ငံပေါင်းများစွာက အလုအယက်ဝယ်ယူခွင့်ရဖို့ကြိုးပမ်းနေကြတဲ့ Cobas 6800 Analyser စက်ကြီးကို မြန်မာနိုင်ငံက ပိုင်ဆိုင်နိုင်တော့မှာဖြစ်ပြီး ရောဂါရှာဖွေရေးနဲ့ ကုသမှုတွေအတွက် အသုံးပြုနိုင်တော့မှာဖြစ်လို့ ဝမ်းသာကြလိမ့်မယ်လို့ ထင်ပါတယ်။ အစိုးရနဲ့ ပြည်သူ ပူးပေါင်းကူညီပြီး ရောဂါပိုးဆက်လက်မပြန့်ပွားအောင် ထိန်းချုပ်ကာကွယ်ကုသနေတာကို ကူညီတဲ့အနေနဲ့ ပရိသတ်ကြီးလည်း အိမ်ထဲမှာပဲနေပြီး ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Source: ပြောချင်လွန်းလို့

Post a Comment

Previous Post Next Post