ကျွန်တော် HR တစ်ယောက်ပါ ဒီစာကို အလုပ်ရှင်မြင်လည်း မတတ်နိင်ပါဘူး..

၂၀ရက်နေ့ အလုပ်ပြန်ဆင်းကြရင် ဘယ်လိုစီမံရမလဲဆိုတာတွေက HRပညာရှင်တွေ၊အလုပ်ရှင်တွေအတွက် တော်တော်လေးကိုခက်ခဲစွာဖြေရှင်းရမယ့် ကိစ္စပါ

ပညာရှင်တွေဘယ်လိုပဲပြောပြော လုပ်ငန်းအမျိုးအစား ကအမျိုးမျိုးဖြစ်နေတဲ့အတွက် အကြံဉာဏ်တွေက တကယ့်လက်တွေ့မှာ တချို့သောလုပ်ငန်းတွေအတွက် အသုံးမဝင်ပါဘူး

ဥပမာ အထည်ချုပ်မှာသွားပြီး work from home 3ပေခြားတွေလုပ်လို့မရပါဘူး ဥပမာပါပဲ..

အလုပ်ရှှင်နဲ့ HRတွေ မ‌ဖြေနိုင်တဲ့မေးခွန်းကတော့..
(၁)အကယ်၍ သာအလုပ်မှာ ကူးစက်ခဲ့ရင် ဘယ်လိုလုပ်ပေးမလဲ?သူကူးရင်မိသားစုမှာကူးမှာလေတဲ့

ခုချိန်မှာ အားလုံးက စိုးရိမ်စိတ်လွန်အကြောက်လွန်နေကြပါတယ်

ဒါတွေကို ပြေပျောက်အောင် ဝန်ကြီးချုပ်က ကြားဝင်ပြီး မကြောက်ပါနဲ့ အလုပ်ပြန်ဆင်းကြပါဆိုရင်တောင် ဝန်ကြီးချုပ်ကို ပြန်ပြောကြမယ့်

အနေအထားရှိတယ် ကျွန်တော်တို့လို HRဆိုတာ ဝေးရောပေါ့

အထက်လူကြီး၊နိုင်ငံခြားသားတွေအနေနဲ့ သေချာအချက်ကျကျစဉ်းစားတတ်ကြပေမယ့် work force အများစုကတော့ “အသက်ထက် ဘာမှအရေးမကြီးဘူးဆိုတဲ့ Mindsetက”အရိုးစွဲနေကြပါပြီ

ဒီအခြေအနေမှာ အလုပ်ရှင်ကို နိုင်တာ အစိုးရရဲ့ အမိန့်ပဲရှိပါတော့တယ် ဧပြီလကုန်ထိအလုပ်ပိတ်တာအဖြေမဟုတ်ဖူးဆိုပေမယ့် ဝန်ထမ်းအများစုရဲ့ စိုးရိမ်စိတ်တော့လျော့သွားဝာာပေါ့ ဒီလိုအမိန့်ထုတ်လိုက်ရင် ်စီးပွားရေးလုပ်ငန်းတွေထိခိုက်မယ်ဆိုတာသိပေမယ့် စက်ရုံ‌တွေဖွင့်လည်း အကြောက်လွန်မဆင်းကြသူတွေများမယ်

အဲဒိတော့ အလုပ်သမားတွေရဲ့ အသံတချို့‌ကိုပြောချင်ပါတယ်
(၁)အလုပ်မဆင်းချင်ကြသေးဘူး အကြောက်လွန်ကြတယ် အိမ်ကလည်း မဆင်းခိုင်းကြဘူး..

(၂)သူတို့ကနေပြီး မိသားစုကိုကူးစက်မှာကြောက်ကြတယ်တဲ့

(၃)တချို့က အလုပ်ဆင်းရပေမယ့်ကြောက်တယ် စားနေရေးကြောင့်သာ

(၄)တချို့ကပြောတယ် လစာမလည်းနေပေါ့ လစာမဲ့ခွင့် တစ်လလောက်ယူကြမယ် ‌တစ်လပြီးလို့ virus ရှိသေးရင် အလုပ်ထွက်လိုက်ကြမယ်

(၅)တချို့က နယ်က အဝင်အထွက်ပိတ်ကြတယ်

(၆)တချို့က တခါတည်းအလုပ်ထွက်ကြမယ်တဲ့
(၇)ပြည်သူများကလည်း အလုပ်ပြန်ဖွင့်လို့ ကူးစက်မှုတိုးလာမှာကြောက်ကြတယ်

နီးစပ်ရာ အချို့ကို ဒီလိုလုပ်လို့ စက်ရုံတွေပိတ်ရင် ငတ်ကုန်ကြမယ်လို့ပြောလည်း ခုချိန်ဂရုမစိုက်ကြပါဘူး..

ဒါကြောင့် ဒီ အဖြစ်အပျက်တွေကို နိုင်ငံတော်အနေနဲ့ ဘယ်အမိန့်စာထုတ်မလည်းဆိုတာသိချင်မိပါတယ်

ကျွန်တော်ဝန်ခံပါတယ် သူတို့ရဲ့ စိုးရိမ်စိတ်အကြောက်လွန်စိတ်‌တွေ ဖြေလျော့မပေးနိုင်ခဲ့ဘူး ..ဒီလိုဖြေလျော့ပေးနိုင်တဲ့ HRတွေကိုလည်း အလေးပြုလေးစားပါတယ်

အလုပ်ရှင်တွေလည်း safety ဖြစ်အောင်ပြင်ဆင်နိုင်ကြပါစေ အလုပ်သမားတွေလည်း ဘေးကင်းကင်းနဲ့ အလုပ်လုပ်နိုင်ကြပါစေ

စဉ်းစားရခက်တဲ့အခြေအနေမှာ ပညာ၊သတိနဲ့ ကြောက်တဲ့စိတ်ရှိကြပါစေခင်ဗျာ

တကယ်ကို အလုပ်က လူနည်းနည်းလေးနဲ့လုပ်တဲ့အလုပ်ဆိုရင်တော့ ဆင်းသင့်တယ်မြင်မိပါတယ်

အခြေအနေမှန်ကိုတင်ပြခြင်းသာ

Aung Sithu

SYG TEAM

Post a Comment

Previous Post Next Post