မြန်မာနိုင်ငံတွင်ကြုံတွေ့ရင်ဆိုင်နေရသည့် Covid-19 ကို ကာကွယ်တိုက်ဖျက်ကုသရေးအတွက် ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်ကို Covid-19 ကုသရေးဌာန ဆေးရုံကြီးအဖြစ် အသွင်ပြောင်းလဲထားပြီးဖြစ်သလို လူနာများကို ကုသပေးရန်လည်း အဆင်သင့်အနေအထားသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဖောင်ကြီး Covid-19ကုသရေးဆေးရုံတွင် တာဝန်ယူ စောင့်ရှောက်ကုသပေးရန်အတွက်လည်း မနက်ဖြန် ဧပြီ ၂၀ မှ လာမည့် မေ ၃ အထိ သီတင်း ၂ ပတ်ကြာ တာဝန်ထမ်းဆောင်ရမည့် ပထမအသုတ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၏ စာရင်းများလည်း ထွက်ပေါ်လာပြီဖြစ်သည်။
ဖောင်ကြီးဆေးရုံတွင် ဆေးတက္ကသိုလ် ၁ နှင့် ၂ မှ လက်ထောက်ဆရာဝန် ၂၀ ဦး၊ ရောဂါဗေဒနှင့်အဏုဇီဝဆရာဝန် ၃ ဦး၊ ဆေးဝါးနှင့်ဆေးဘက်ကျွမ်းကျင် ၅ ဦး၊ သူနာပြု ၁၅ ဦး၊ ဓါတ်မှန်ကျွမ်းကျင်ဆရာဝန် ၂ ဦး၊ ဆေးပညာရှင် ပါမောက္ခ/ဆရာဝန် ၁၃ ဦး၊ မေ့ဆေးအထူးကုဆရာဝန် ၁၃ ဦး၊ စုစုပေါင်း ပြည်သူ့ကျန်းမာရေးဝန်ထမ်း ၇၁ ဦးက တာဝန်ယူ ကုသမှုပေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ကျန်းမာရေးဝန်ထမ်း ၇၁ ဦးကိုအဖွဲ့ခေါင်းဆောင်အဖြစ် ဆေးတက္ကသိုလ် ၁ ၏ဆေးပညာဌာနမှ ပါမောက္ခနှင့်ဌာနမှူ းဖြစ်သည့်ပါမောက္ခ ဒေါက်တာဇော်လင်းအောင်ကတာဝန်ယူသွားမည်ဖြစ်သည်။

ဖောင်ကြီးဆေးရုံတွင် အတူလိုက်ပါတာဝန်ထမ်းဆောင်ကြမည့် အဖွဲ့မှာအဆင်သင့်ဖြစ်နေသကဲ့သို့ သမိုင်းပေးတာဝန်ကို တက်ြကြွစွာ ပါဝင်ထမ်းဆောင် မည်ဟု သိရှိရသည့်အတွက် ဂုဏ်ယူဝမ်းသာကြည် နူးမိကြောင်းလည်း ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က ၎င်း၏ Facebook တွင် လွန်ခဲ့သည့် ရက် အနည်းငယ်က ရေးသားထားသည်။
“နောက်ကလိုက်ပါမယ့် အဖွဲ့လည်းအဆင်သင့် ပြင်နေကြပါပြီ။အားလုံးက သမိုင်းပေး တာဝန်ထမ်းဆောင်ဖို့တက်ကြွစွာပါဝင်မယ်သိရလို့ဂုဏ်ယူဝမ်းသာကြည်နူးရပါတယ်။”

” မိမိကိုယ်တိုင်လည်း သမိုင်းပေးတာဝန်အရအားလုံး ကို Moral Support ပေးပြီးCOVID-19 ကို အောင်မြင်အောင်တိုက်ဖို့ ပြင်ဆင်တဲ့ကြားက နှစ်သစ်မှာ
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် မကြာခင် COVID ကင်းစင်သော အခြေအနေရောက်ရှိစေရန်ဆုတောင်း မေတ္တာပို့သအပ်ပါသည်” ဟု ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က မြန်မာနှစ်ဆန်း ၁ ရက်နေ့ကရေးသားခဲ့ခြင်းဖြစ်သည်။

ဖောင်ကြီးဆေးရုံတွင်တာဝန်ထမ်းဆောင်သည့် ကျန်းမာရေးဝန်ထမ်းများမှာ သီတင်း ၂ ပတ်ကြာ တာဝန် ထမ်းဆောင်ပြီးချိန်တွင် swab စစ်ဆေးမှုခံယူပြီး နေအိမ်သို့ပြန်ရမည်ဟုလည်း သိရှိရသည်။

ယခုကဲ့သို့Covid-19 ကို အဓိကကုသပေးမည့် ဖောင်ကြီးဆေးရုံသို့သွားရောက်တာဝန်ထမ်းဆောင်ကြမည့်ပြည်သူ့ဝန်ထမ်းရှေ့တန်းတိုက်စစ်မှူး သူရဲကောင်း ၇၁ ဦးအနေဖြင့်လည်း ဖိတ်စင်မှုမရှိဘဲ ဘေးအန္တရာယ်ကင်းစွာဖြင့် နေအိမ်အသီးသီးသို့ပြန် လည်ရောက်ရှိစေရန် အများပြည်သူများက ဝိုင်းဝန်းဆုတောင်းပေးနေကြသည်။

Credit း Dr ခြူ းခန့်ခန့်ဇော်

Post a Comment

Previous Post Next Post