ကပ်ရောဂါနဲ့ ပတ်သက်ပြီး အင်မတန်အရေးကြီးတဲ့ အချိန်ရောက်လာပါပြီ။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရဲ့ ပြည်သူသို့ ပန်ကြားချက်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီလ ၂ ရက်နေ့ည ကြေညာချက်အရ လူနာအမှတ် ၁၅ ကနေ သူ့ရဲ့မိသားစုဝင် ၄ ယောက်ကိုကူးစက်တာတွေ့ရပါတယ်။

တကယ်တော့ လူနာအမှတ် ၁၅ ကိုယ်တိုင်က SOS clinic မှာလာပြတဲ့ ပြင်သစ်အုပ်စုတွေဆီကနေကူးစက်တာဆိုတော့ လူနာအမှတ် ၈ ကနေတဆင့်ကူးစက်သူ ၈ ယောက်ရှိသွားလို့ local transmission ကို အရမ်းဂရုစိုက်ဖို့လိုအပ်လာပါပြီ။

ကာကွယ်တာကို အထူးဂရုပြုရမယ့် ရောဂါဖြစ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရ အနေနဲ့ တင်းကြပ်မှုတွေ ထပ်မံ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁။ ခရီးသွားလာမှုကန့်သတ်ချက်ကို ထပ်မံအဆင့်မြှင့်တဲ့အနေနဲ့ ၆ ရက်နေ့ည ၁၂ နာရီတိတိ ( ၇ ရက်နေ့ မနက် ၀၀.၀၁ နာရီ) ကစတင်ပြီး ဧပြီ ၂၁ ရက်နေ့အထိ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ကိုစတင်ရပ်နားသွားပါမယ်။

ရက်သတ္တပတ် ၂ ပတ်ကြာ အထိပိတ်မှာဖြစ်ပြီး ဖြစ်ပေါ်လာမယ့် အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်များ ထပ်မံချမှတ်သွားပါမယ်။

စားသောက်ကုန် နဲ့ ဆေးဝါး၊ ဆေးပစ္စည်းများ မပြတ်လပ်စေရေးအတွက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကိုတော့ ဆက်လက်ခွင့်ပြုသွားမှာပါ။

၂။ ဟော်တယ် နဲ့ တည်းခိုခန်းတွေကိုလည်း တစ်နေ့ထဲ အတူတူပိတ်ခိုင်းမှာပါ။

အဓိကရည်ရွယ်ချက်က အပန်းဖြေတာ၊ ဘုရားဖူးတာ၊ အလည်အပတ်သွားတာ စတဲ့ မလိုအပ်ပဲ ခရီးသွားလာမှုမျိုးကို ပိတ်ပင်ချင်တာပါ။

၃။ မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်နဲ့ဆေး၊ ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းနဲ့ စက်ရုံများကလွဲပီး ကျန်လုပ်ငန်းများကိုလည်း ဧပြီ ၇ နေ့ကစပြီး ပိတ်ခိုင်းမှာပါ။

အသေးစိတ်ကို မနက်ဖြန်ထွက်မယ့် မန္တလေးနေ့စဉ်သတင်းစာမှာ ပါပါမယ်။

အထူးမှာကြားလိုတာက တစ်ဦးကနေ နောက်တစ်ဦးကို ကူးစက်မှု လျော့နည်းနိုင်သမျှလျော့နည်းစေလိုတာကြောင့် ပြည်သူတွေအနေနဲ့ အိမ်ထဲမှာပဲနေစေချင်တယ်။

မဖြစ်မနေ အိမ်အပြင်ထွက်ဖို့လိုအပ်ရင်တောင် Mask မတပ်ပဲ မထွက်ကြပါနဲ့။

ကုန်ကျစားရိတ်နည်းပြီး ပြန်အသုံးပြုလို့ရတဲ့ အိမ်တွင်းဖြစ် Home Made Mask တွေ တပ်စေချင်ပါတယ်။

လောလောဆယ် အပြင်ထွက်တာတွေပြန်များလာသလို လမ်းမတွေမှာ mask မတပ်သူတွေ ၉၀% လောက်ရှိနေတာဟာ ကပ်ရောဂါ ပြန့်ပွားရေးကို အားပေးသလိုဖြစ်နေတဲ့အတွက် ပြည်သူတွေလိုက်နာကြဖို့ အလေးအနက်တိုက်တွန်းလိုက်ပါတယ်။

ညနေက ၆၆လမ်း ပလက်ဖောင်းမှာလူများလာတာကလည်း မကောင်းတဲ့ လက္ခဏာတစ်ခုပါ။

ပြည်သူတွေညီညွတ်မှ ကာကွယ်နိုင်မှာပါ။Total lockdown နဲ့မကြုံတွေ့စေချင်ရင် အားလုံးလိုက်နာပေးကြပါ။ခရက်ဒစ် Ye Lwin

Post a Comment

Previous Post Next Post