ကိုရိုနာဗိုင်းရပ်စ် COVID-19 လူနာ ၂၂ ဦးအနက် ပထမဆုံး လူနာအမှတ် (၅) သေဆုံးပြီးနောက် လူနာအမှတ် (၁၆) နဲ့ (၁၇) ပါ သေဆုံးပြီဟု သိရပါသည်။

လူနာအမှတ် ၁၆ မှာ ဒူဘိုင်းပြန်အမေဖြစ်ပြီး ဆီးချို နှလုံးရောဂါ အခံတွေ ရှိနေပြီး COVID-19 ရောဂါ ကူးစက်ခံနေရချိန် Acute Myocardial Infarction လို့ ခေါ်တဲ့ ရုတ်တရက်နှလုံးသွေးကြောပုတ်ရာမှ အသက်ဆုံးရှုံးသွားရပြီဟု သိရပါတယ်။

အခု သေဆုံးသွားတဲ့ လူနာ အမှတ် (၁၆) ဟာ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်က ဖြစ်ပြီး ဒူဘိုင်းကနေ ပြန်လာတဲ့ သားဖြစ်သူကို ရန်ကုန် လေဆိပ်မှာ ကြိုဆိုခဲ့ပြီးနောက် မြောက်ဥက္ကလာပမှာ နေထိုင်တာ ဖြစ်ပါတယ်။
လူနာအမှတ် (၁၆) အသက်က ၆၃ နှစ်ပါ။ လူနာအမှတ် (၁၇) က အသက် ၄၇ နှစ်အရွယ် ပေါက်ခေါင်း ဒုအုပ်ချုပ်ရေးမှူးဆိုသူဟာ ဘာရောဂါအခံမှ မရှိပေမယ့် COVID-19 ရဲ့ ပြင်းထန်ရောဂါပိုးကြောင့် သွေးဆိပ်တက်လက္ခဏာတွေကြောင့် သေဆုံးသွားပြီဟု သိရပါတယ်။
ကျန်းမာရေးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ လူနာအမှတ် (၁၇)ရဲ့ ဇနီး လူနာအမှတ် (၁၅) နဲ့ အနီးကပ်ထိတွေ့ခဲ့သူ ဆေးရုံဝန်ထမ်း ၁၇ ယောက် အပါအဝင် ထိတွေခဲ့သူ စုစုပေါင်း (၆၃)ဦး ရှိပါတယ်။

ဒီကနေ့ မနက်အစောပိုင်းကပဲ ပေါက်ခေါင်းမြို့နယ်က အတည်ပြုလူနာ နံပါတ် (၁၇) သေဆုံးခဲ့တာကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ ၂၂ ဦးထဲက သေဆုံးသူ ၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
အသက်ကြီးတဲ့သူ ရောဂါအခံရှိတဲ့သူမှာသာ ပိုဆိုးရွားတာပါလို့ ပေါ့ဆမနေကြပဲ ဗိုင်းရပ်စ်ရဲ့ ပြင်းထန်အမျိုးအစား ပေါ်မူတည်ပြီး အသက်အန္တရာယ် ရှိနိုင်ကြောင်း လုံးဝ (လုံးဝ) မပေါ့ဆသင့်ပါကြောင်း ဖြစ်နိုင်ရင် အပြင်မထွက်ကြဖို့နဲ့ လက် သေချာဆေးဖို့ ခုခံအားကောင်းဖို့ ဂရုစိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
Credit
ဒေါက်တာမြဝတ်ရည်

Post a Comment

Previous Post Next Post