ပဲခူးစက်မှုဇုန်မှာ နိုင်ငံတော်ရဲ့ ညွှန်ကြားချက်အရ စက်ရုံအတော်များများ ယာယီပိတ်ထား ပေးခဲ့ပေမယ့် KM စက်ရုံက အလုပ်ပိတ်မပေးသေးတာကြောင့် စက်ရုံပိတ်ထားပေးဖို့ စက်ရုံလုပ်သားတွေက တောင်းဆိုနေပါတယ်။

စက်ရုံလုပ်သားတွေဟာ စက်ရုံထဲမဝင်ဘဲ စက်ရုံရှေ့မှာ စုရုံးတောင်းဆိုခဲ့ကြပြီးနောက် စက်ရုံလုပ်သား ၁၂၀၀ လောက်ဟာ စက်ရုံရှေ့ကနေ ၇ မိုင်လောက်ဝေးတဲ့ အလုပ်သမားရုံးကို လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဒေသခံလွှတ်တော်ကိုယ်စားလှယ်တဦးက “အဓိက အလုပ်သမားတွေ လိုချင်တာက သူတို့ကိုလည်း လူသားခြင်းစာနာတဲ့အနေနဲ့ အခြားစက်ရုံတွေလို ပိတ်ပေးဖို့ကို လိုလားနေကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာ တာဝန်ရှိသူတွေ နဲ့အလုပ်သမားတွေ အကြားပြေလည်မှုရှိအောင် ညှိနှိုင်းပေးဖို့ အလုပ်သမားရုံးမှာ စက်ရုံလုပ်သားတွေအလာကို စောင့်နေတယ်”လို့ ပြောပါတယ်။
COVID-19 ရောဂါကပ်ဘေးနဲ့ ကြုံတွေ့နေရချိန်မှာ စက်ရုံအလုပ်ရုံတွေအနေနဲ့ ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့နဲ့ စည်းကမ်းမလိုက်နာတဲ့ စက်ရုံတွေကို အရေးယူဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

Zawgyi

ပဲခူးစက္မႈဇုန္မွာ ႏိုင္ငံေတာ္ရဲ႕ ၫႊန္ၾကားခ်က္အရ စက္႐ုံအေတာ္မ်ားမ်ား ယာယီပိတ္ထား ေပးခဲ့ေပမယ့္ KM စက္႐ုံက အလုပ္ပိတ္မေပးေသးတာေၾကာင့္ စက္႐ုံပိတ္ထားေပးဖို႔ စက္႐ုံလုပ္သားေတြက ေတာင္းဆိုေနပါတယ္။
စက္႐ုံလုပ္သားေတြဟာ စက္႐ုံထဲမဝင္ဘဲ စက္႐ုံေရွ႕မွာ စု႐ုံးေတာင္းဆိုခဲ့ၾကၿပီးေနာက္ စက္႐ုံလုပ္သား ၁၂၀၀ ေလာက္ဟာ စက္႐ုံေရွ႕ကေန ၇ မိုင္ေလာက္ေဝးတဲ့ အလုပ္သမား႐ုံးကို လမ္းေလွ်ာက္ဆႏၵျပခဲ့ၾကပါတယ္။

ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္တဦးက “အဓိက အလုပ္သမားေတြ လိုခ်င္တာက သူတို႔ကိုလည္း လူသားျခင္းစာနာတဲ့အေနနဲ႔ အျခားစက္႐ုံေတြလို ပိတ္ေပးဖို႔ကို လိုလားေနၾကတာပါ။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးသက္ဆိုင္ရာ တာဝန္ရွိသူေတြ နဲ႔အလုပ္သမားေတြ အၾကားေျပလည္မႈရွိေအာင္ ညႇိႏႈိင္းေပးဖို႔ အလုပ္သမား႐ုံးမွာ စက္႐ုံလုပ္သားေတြအလာကို ေစာင့္ေနတယ္”လို႔ ေျပာပါတယ္။


COVID-19 ေရာဂါကပ္ေဘးနဲ႔ ႀကဳံေတြ႕ေနရခ်ိန္မွာ စက္႐ုံအလုပ္႐ုံေတြအေနနဲ႔ က်န္းမာေရးဌာနက ခ်မွတ္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကို လိုက္နာၾကဖို႔နဲ႔ စည္းကမ္းမလိုက္နာတဲ့ စက္႐ုံေတြကို အေရးယူဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာထားပါတယ္။

Credit ဒီဗြီဘီ

Post a Comment

Previous Post Next Post