ဆရာတော်အရှင်ဆေကိန္ဒ၏ ပြည်သူအားလုံးသို့ အထူးမေတ္တာရပ်ခံချက်

တစ်ကမ္ဘာလုံးဖြစ်နေတဲ့ ကပ်ဆိုးကြီးနဲ့ ပတ်သက်ပြီး နိုင်ငံအနှံ့မှာ ဆရာတော်ကြီးတွေ သံဃာတော်တွေဟာ အန္တရာယ်ကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတာတွေပရိတ်ရွတ်ဖတ်ခြင်း၊ ပရိတ်ရည်ပက်ဖြန်းခြင်းတွေ လုပ်ဆောင်ပေးနေကြတာ အားလုံးအသိပဲဖြစ်ပါတယ် …

ဒီလိုလုပ်ပေးတဲ့အပြင် ပြည်သူတွေအားလုံးကလည်း တက်ညီလက်ညီနဲ့ ထုတ်ပြန်ထားတဲ့ အမိန့်တွေ၊ သတိပေးချက်တွေ နဲ့ လိုက်နာရမည့် စည်းကမ်းတွေကို တိကျစွာလိုက်နာဖို့ လိုပါသေးတယ်…

ယနေ့မှာတော့ ဆရာတော်အရှင်ဆေကိန္ဒမှ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ပြည်သူအားလုံးကို အထူးမေတ္တာရပ်ခံလိုက်ပါတယ်… ဆရာတော်မေတ္တာရပ်ခံလိုက်တာကတော့..
တစ်နိုင်ငံလုံးအတွက်အသက်အန္တရာယ်ဘေးမှကင်းဝေးကြဖို့ ညီညီညာညာ လက်တွဲပြီး ဆောင်ရွက်ကြရမည့်အချိန်အခါ၌ သာမန်အသေးအဖွဲ့မျှလောက်သောကိစ္စကလေးမျှဖြင့်ခံစားချက် ဦးစားပေး၍အပြစ်မြင်ခြင်းအပြစ်တင်ခြင်းများကိုမပြုလုပ်မိကြစေရန် အထူးမေတ္တာရပ်ခံပါသည်။
အထူးမေတ္တာရပ်ခံပါသည်။ အထူးမေတ္တာရပ်ခံပါသည် ဆိုပြီးမိန့်ကြားလိုက်ပါတယ် ။

ပြည်သူတွေအနေနဲ့လည်း ဆရာတော်ကြီး မိန့်ကြားလိုက်တဲ့ အထူးမေတ္တာရပ်ခံချက်တွေကို တသွေမတိမ်းလိုက်နာကြခြင်းဖြင်း ကပ်ဆိုးကြီးကို အတူတကွတွန်းလှန်ကြပါစို့နော်…

Writer ; Kwee (Jeeptoolay)

Source ; ဆရာတော်အရှင်ဆေကိန္ဒ

ZawGyi









Post a Comment

Previous Post Next Post