မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ခေါင်းဆေးမင်္ဂလာ ဆောင်ရွက်ချင်တဲ့ (7)ရက်သားသမီးများအတွက်
ခေါင်းဆေးမင်္ဂလာ ဆောင်ရွက်ချင်တဲ့ မိတ်ဆွေများအတွက်ဖြစ်ပါတယ် …။

နှစ်ဟောင်းမှာရှိတဲ့ မကောင်းတဲ့အခိုက်အညံ့တွေ ကင်းစင်ကြေပျောက်ပြီးတော့ …. နှစ်သစ်မှာ စိတ်သစ် လူသစ် ၊အားသစ်အင်သစ် ၊ အကြံသစ် ဉာဏ်သစ်တွေနဲ့ တစ်နှစ်တာလုံး အတိတ်ကောင်း နိမိတ်ကောင်းတွေနဲ့ အန္တရာယ်ကင်းဘေးရှင်းပြီး ကံဇာတာပွင့်လန်းတိုးတက် ၊ စီးပွားတက်ရလေအောင် ၊ အကြံအစည်ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်အောင် ခေါင်းဆေးမင်္ဂလာကို ဆောင်ရွက်နိုင်ပါတယ် ….။
မြန်မာနှစ်ဆန်း(၁)ရက်နေ့မဟုတ်သော်လည်း အကြောင်းကြီးငယ်ရှိတိုင်း ခေါင်းဆေးမင်္ဂလာကို ပြုလုပ်ဆောင်ရွက်နိုင်ပါတယ် … ။
ရှေးဆရာအစဉ်အဆက် အားကိုးအားထားပြု လက်ဆင့်ကမ်းအသုံးပြုလာခဲ့သော ၊ ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက စစ်ချီစစ်ထွက်တဲ့အခါ၊တိုင်းရေးပြည်ရေးမငြိမ်မသက်ဖြစ်တဲ့အခါ၊မင်းလောင်းပေါ်တဲ့အခါမျိုးတွေမှာ ကံဇာတာအခိုက်အညံ့များပြေပျောက်ရအောင် ပြုလုပ်ဆောင်ရွက်လေ့ရှိသော …
အရမ်းသတင်းကြီးသည့် မရမ်းတလင်းတောကြီး၏အစပ် အဘဆရာကြီးမင်းသိင်္ခ၏ မရမ်းတလင်း အယူတော်မင်္ဂလာခြံတွင် နေ့စဉ်နှင့်အမျှပြုလုပ်ဆောင်ရွက်ပေးခဲ့သော ၊ (၇)ရက်သားသမီးများ၏ အခက်အခဲဒုက္ခပေါင်းများစွာကို ကူညီကယ်တင်ဖြေရှင်းပေးနိုင်ခဲ့သော အလွန်အင်မတန်အစွမ်းထက်မြက်သော ယတြာနည်းတစ်ခုဖြစ်ပါတယ်။(ဇာတာဆေးသည်ဟုလည်း ခေါ်ကြသည်)
ကံမကောင်းတဲ့အခါ ၊ ဘာပဲလုပ်လုပ်အဆင်မပြေတဲ့အခါ ၊ စီးပွားကျနေတဲ့အခါ ၊ အခက်အခဲအကြပ်အတည်းများကြုံတွေ့နေရတဲ့အခါ ၊အကြွေးတင်နေတြ့အခါ ၊ ရစရာရှိတဲ့ငေါတွေမရတဲ့အခါ ၊ ဂြိုဟ်စီးဂြိုဟ်နင်းညံ့တဲ့အခါ ၊ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ ရည်ရွယ်ချက်များပြုလုပ်ဆောင်ရွက်ဖို့ရှိတဲ့အခါ ၊ စာမေးပွဲ အင်တာဗျူး ဖြေတဲ့အခါ ၊ အရေးကြီးတဲ့စကားများပြောဖို့ရှိတဲ့အခါ ၊ အားကစားပြိုင်ပွဲများယှဉ်ပြိုင်ဖို့ရှိတဲ့အခါ ၊ ကျန်းမာရေးညံ့တဲ့အခါ ၊ အနာသိ ဆေးရှိ ဆရာဝန်လည်းရှိ သော်လည်း ရောဂါဝေဒနာတွေ တော်တော်နဲ့ မပျောက်ကင်းတဲ့အခါ ၊ မကောင်းတဲ့အတိတ်နိမိတ်တွေ မြင်တွေ့ ကြားသိရတဲ့အခါ ၊ မကောင်းတဲ့အိပ်မက်တွေမက်တဲ့အခါ ၊ ခရီးထွက်ခါနီးအခါ စသည်ဖြင့် စီးပွားရေး၊ကျန်းမာရေး ၊ ငွေရေးကြေးရေး ၊ လူမှုရေး ၊ အချစ်ရေးနှလုံးသားရေး ၊ အိမ်မထောင်ရေး အဆင်မပြေတဲ့အခါမျိုးတွေမှာ ….။
မိမိမှာရှိနေတဲ့ ၊ ကြုံတွေ့နေရတဲ့ ၊ အခိုက်အညံ့များကင်းစင်ကြေပျောက်ပြီး ကံဇာတာပွင့်လန်းတိုးတက်ရလေအောင် ကံပွင့်ကံမြှင့် ခေါင်းဆေးမင်္ဂလာယတြာအစီအရင်ကို ဆောင်ရွက်နိုင်ပါတယ် …။
မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော

မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)

Post a Comment

Previous Post Next Post