ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အသက် ၉၇ နှစ်အရွယ် အဘိုးအိုတဦး ပြန်လည်သက်သာ ကောင်းမွန်လာတယ်လို့ သိရပါတယ်။

အဘိုးအို ဂီနာဒယ်လ် ကော်လေတိုဟာ နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကနေ ပြန်လည်ကောင်းမွန်လာသူတွေထဲမှာ အသက်အကြီးဆုံး ဖြစ်လာပါတယ်။

သူဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံ လက္ခဏာတွေကြောင့် ဧပြီ ၁ ရက်က ဆေးရုံတက်ခဲ့ရပြီး ဧပြီ ၁၂ ရက်မှာတော့ နေပြန်ကောင်းလာလို့ ဆောင်ပါလိုမြို့ ဗီလာ နိုဗာစတား ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေက လက်ခုပ်တီး ကောင်းချီးပေးခဲ့ကြပါတယ်။


ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးခံရတဲ့ လက်တင်အမေရိက နိုင်ငံမှာ ကူးစက်ခံရပြီး နေပြန်ကောင်းလာတဲ့ အသက်အကြီးဆုံးလူလည်း ဖြစ်ပါတယ်။
ဆေးရုံတက်နေချိန်က အောက်ဆီဂျင် ပေးထားရပြီး အထူးကြပ်မတ်ကုသဆောင်မှာပါ ကုသမှု ခံယူခဲ့ရတယ်လို့ ဆေးရုံကို စီမံခန့်ခွဲတဲ့ လုပ်ငန်းစုက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဘရာဇီးနိုင်ငံမှာ ဧပြီ ၁၃ ရက်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူ ၂၂၃၁၈ ဦးနဲ့ သေဆုံးသူ ၁၂၃၀ ရှိသွားပြီလို့ သိရပါတယ်။

ဘရာဇီး သမ္မတကတော့ စီးပွားရေးကို ပြန်စချင်နေပြီး နိုင်ငံတွင်း အသွားအလာ ကန့်သတ်မှု သက်တမ်းတိုးတာဟာ ရောဂါထက်ပိုပြီး ဘေးများလိမ့်မယ်လို့ ပြောဆိုထားပါတယ်။

Zawgyi

ဘရာဇီးႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ အသက္ ၉၇ ႏွစ္အ႐ြယ္ အဘိုးအိုတဦး ျပန္လည္သက္သာ ေကာင္းမြန္လာတယ္လို႔ သိရပါတယ္။

အဘိုးအို ဂီနာဒယ္လ္ ေကာ္ေလတိုဟာ ႏိုင္ငံတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ဒဏ္ကေန ျပန္လည္ေကာင္းမြန္လာသူေတြထဲမွာ အသက္အႀကီးဆုံး ျဖစ္လာပါတယ္။


သူဟာ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ခံ လကၡဏာေတြေၾကာင့္ ဧၿပီ ၁ ရက္က ေဆး႐ုံတက္ခဲ့ရၿပီး ဧၿပီ ၁၂ ရက္မွာေတာ့ ေနျပန္ေကာင္းလာလို႔ ေဆာင္ပါလိုၿမိဳ႕ ဗီလာ ႏိုဗာစတား ေဆး႐ုံက ဆရာဝန္ေတြနဲ႔ သူနာျပဳေတြက လက္ခုပ္တီး ေကာင္းခ်ီးေပးခဲ့ၾကပါတယ္။


ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ အဆိုးဆုံးခံရတဲ့ လက္တင္အေမရိက ႏိုင္ငံမွာ ကူးစက္ခံရၿပီး ေနျပန္ေကာင္းလာတဲ့ အသက္အႀကီးဆုံးလူလည္း ျဖစ္ပါတယ္။



ေဆး႐ုံတက္ေနခ်ိန္က ေအာက္ဆီဂ်င္ ေပးထားရၿပီး အထူးၾကပ္မတ္ကုသေဆာင္မွာပါ ကုသမႈ ခံယူခဲ့ရတယ္လို႔ ေဆး႐ုံကို စီမံခန႔္ခြဲတဲ့ လုပ္ငန္းစုက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ဘရာဇီးႏိုင္ငံမွာ ဧၿပီ ၁၃ ရက္ထိ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ လူ ၂၂၃၁၈ ဦးနဲ႔ ေသဆုံးသူ ၁၂၃၀ ရွိသြားၿပီလို႔ သိရပါတယ္။

ဘရာဇီး သမၼတကေတာ့ စီးပြားေရးကို ျပန္စခ်င္ေနၿပီး ႏိုင္ငံတြင္း အသြားအလာ ကန႔္သတ္မႈ သက္တမ္းတိုးတာဟာ ေရာဂါထက္ပိုၿပီး ေဘးမ်ားလိမ့္မယ္လို႔ ေျပာဆိုထားပါတယ္။

Credit DVB

Post a Comment

Previous Post Next Post