ကားခ နှစ်ဆပေးပြီး လူလျှော့တင်ရမယ်လို့ ညွှန်ကြားထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။ ရန်ကုန်တိုင်းမှာ အဝေးပြေးကားလက်မှတ်ဈေးနူန်းတွေ နှစ်ဆ မြင့်တက် သတ်မှတ်ဖို့မရှိကြောင်း၊ ဈေးနူန်းများမြင့်တက်မှုတွေ့ရှိပါက တိုင်ကြားနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) က ဧပြီ ၁ ရက်နေ့မှာ ပြောပါတယ်။
မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ COVID-19 ရောဂါကိုကြိုတင်ကာကွယ်ဖို့ ခရီးသည်တစ်ဦးဟာ ခုံနှစ်ခုံစာလက်မှတ်ဖြတ်ရမယ် ဆိုတဲ့သတင်းထွက်ပေါ်အပြီး ရန်ကုန်က ပြည်သူတွေ လက်မှတ်ဈေးနူန်းအပေါ် စိုးရိမ်နေမှုအား YRTA က ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။” ကျနော်တို့ဆီကို လတ်တလောမှာ ဘာညွှန်ကြားချက်မှမရှိသေးပါဘူး။ ကားခ နှစ်ဆပေးပြီး လူ လျှော့တင်မယ်ဆိုတာလည်းမသိသေးပါဘူး၊ဘာညွှန်ကြားချက်မှကိုမရှိသေးပါဘူး။အရင်ပြောထားတဲ့အတိုင်းပါပဲ။ ကျန်းမာရေးက အရေးပေါ်တစ်ခုခု ထုတ်ရင်တော့ ဘယ်လိုပြောင်းလဲသွားမလဲ မပြောတတ်ဘူး”လို့ YRTA ရဲ့ တွဲဖက်အတွင်းရေးမှူးဦးလှအောင်ကပြောပါတယ်။

ဒါ့ကြောင့် ရန်ကုန်တိုင်းအခြေပြုပြီး တိုင်းနှင့်ပြည်နယ်အသီးသီးကို့ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ လက်မှတ်ခဈေးနူန်း ပုံမှန်ထက် ဈေးပိုရောင်းချပါက တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။” ပုံမှန်ဈေးပဲရောင်းပါတယ်။ ဈေးနူန်းမြင့်ရောင်းတာမရှိပါဘူး။ ဘွတ်ကင်ကိုတော့ အွန်လိုင်းကနေ တခါတည်းငွေပေးချေစနစ်နဲ့ဖြတ်လို့ရပါတယ်။မဟုတ်ရင်တော့ ဂိတ်၊ လက်မှတ်ကိုယ်စားလှယ်တွေဆီမှာဖြတ်လို့ရပါတယ်” ရန်ကုန် ပြည်ပြေးဆွဲနေတဲ့ အဝေးပြေးကား လိုင်းတစ်ခုက ဆိုပါတယ်။

အဝေးပြေးကားတွေကို သင်္ကြန်ရက်မတိုင်မီ ဧပြီလ ၉ရက်နေ့အထိ အောင်မင်္ဂလာအဝေးပြေးကွင်းကနေယာဉ်လိုင်းပေါင်း ၂၂၆ လိုင်းနဲ့ပြေးဆွဲဖို့စီစဉ်ထားပြီး သင်္ကြန်ရက်မှာလည်း ယာဉ်လိုင်းတွေကနေ အလှည့်ကျ ပြေးဆွဲဖို့ရှိတယ်လို့သိရပါတယ်။ယခင်နှစ် သင်္ကြန်ရုံးပိတ်ရက်ကာလက အောင်မင်္ဂလာအဝေးပြေးကနေ ခရီးသည် ၁၇၀ဝဝဝ ကျော်ပို့ဆောင်ပေးခဲ့ပါတယ်။

ဓူဝံ

Post a Comment

Previous Post Next Post