သရုပ်ဆောင် မင်းရာဇာ၏ နေအိမ်တွင် အိမ်အကူလုပ်ကိုင်ရာမှ အက်စစ်ဖြင့်ပက်၍ နှိပ်စက်ခံရသည့် အိမ်အကူ မိန်းကလေးအတွက် သရုပ်ဆောင် နိုင်လူနှင့် မော်ဒယ် ဇာဇာထက်တို့က အလှူငွေဖြင့် ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။ အဆိုပါ အိမ်အကူမိန်းကလေး ဆေးကုသမှုခံယူနေသည့် မြောက်ဥက္ကလာဆေးရုံသို့ ယမန်နေ့က သွားရောက်၍ သရုပ်ဆောင်နိုင်လူမှ အလှူငွေ သုံးသောင်း ကျပ်၊ မော်ဒယ်ဇာဇာထက်နှင့် စေတနာအလှူရှင်များက ငွေကျပ်စုစုပေါင်း သုံးသိန်းခွဲကို မိန်းကလေး၏ မိသားစုထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

” နာမည်ကြီးချင်လို့ သွားလှူတာ မဟုတ်ဘူး။ ငါလည်း သားသမီးများရဲ့အဖေတယောက် အနေနဲ့သွား လှူတာပါ။ ငါ့သမီးသာဆိုရင် ဆိုတဲ့ စိတ်နဲ့ ကျွန်တော် တတ်နိုင်တာလေးနဲ့ ကူညီတာပါ။ မြေနှိမ့်ရာလှံစိုက်တဲ့ အထဲမှာ နိုင်လူမပါဘူး။ ရုပ်ရှင်ထဲမှာ နိုင်လူဟာ လူယုတ်မာ မုဒိန်းကောင် ဒါပေမယ့် အပြင်မှာ အဲဒါ ကြားရင် အရမ်းဒေါသထွက်တယ်။ ကိုယ်လဲ သမီးတွေ မွေးထားတော့ မခံချိမခံသာဖြစ်တယ်။ အက်စစ်နှင့် ပက်တာတဲ့ ဘယ်လောက်တောင် ရက်စက်လဲ။ ကိုယ်လည်း လူတယောက်ပဲ ကိုယ်ချင်းစာ ကြည့်ပါ။ လူသားမဆန်တဲ့ လုပ်ရပ်‌တွေ ပပျောက်ပါစေ။ အမှန်တရားက ပြည်သူများအတွက် အမြဲရပ်တည်နေပါစေ” ဟု သရုပ်ဆောင် နိုင်လူက ပြောသည်။

အဆိုပါအမှုတွင် ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာကို တာမွေမြို့မ ရဲစခန်း၌ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး ၎င်းနှင့်အတူ ဇနီးဖြစ်သူ မဖူးငုံပွင့် (ခ) ဇူးဇူး၊ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးကိုလည်း ရွှေပေါက်ကံနယ်မြေ ရဲစခန်း၌ ပုဒ်မ-၃၂၄/၃၂၅/၃၅၄/၁၁၄တို့ဖြင့် အမှုဖွင့်ထားသည်။ ယနေ့ (ဧပြီ ၁ဝ ရက်) နံနက်ပိုင်းတွင် မြဝတီမြို့မ ရဲစခန်း၌ ချုပ်နှောင်ထားရှိသည့် မင်းရာဇာ ပါ (၃) ဦးအား မြဝတီမြို့မ ရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်ဦးမှ ရဲအုပ်ဝင်းထွန်း ဦးစီးအဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။


Zawgyi

သ႐ုပ္ေဆာင္ မင္းရာဇာ၏ ေနအိမ္တြင္ အိမ္အကူလုပ္ကိုင္ရာမွ အက္စစ္ျဖင့္ပက္၍ ႏွိပ္စက္ခံရသည့္ အိမ္အကူ မိန္းကေလးအတြက္ သ႐ုပ္ေဆာင္ ႏိုင္လူႏွင့္ ေမာ္ဒယ္ ဇာဇာထက္တို႔က အလႉေငြျဖင့္ ကူညီေထာက္ပံ့ခဲ့ေၾကာင္း သိရသည္။ အဆိုပါ အိမ္အကူမိန္းကေလး ေဆးကုသမႈခံယူေနသည့္ ေျမာက္ဥကၠလာေဆး႐ုံသို႔ ယမန္ေန႔က သြားေရာက္၍ သ႐ုပ္ေဆာင္ႏိုင္လူမွ အလႉေငြ သုံးေသာင္း က်ပ္၊ ေမာ္ဒယ္ဇာဇာထက္ႏွင့္ ေစတနာအလႉရွင္မ်ားက ေငြက်ပ္စုစုေပါင္း သုံးသိန္းခြဲကို မိန္းကေလး၏ မိသားစုထံ ေပးအပ္ခဲ့ေၾကာင္း သိရသည္။
” နာမည္ႀကီးခ်င္လို႔ သြားလႉတာ မဟုတ္ဘူး။ ငါလည္း သားသမီးမ်ားရဲ႕အေဖတေယာက္ အေနနဲ႔သြား လႉတာပါ။ ငါ့သမီးသာဆိုရင္ ဆိုတဲ့ စိတ္နဲ႔ ကြၽန္ေတာ္ တတ္ႏိုင္တာေလးနဲ႔ ကူညီတာပါ။ ေျမႏွိမ့္ရာလွံစိုက္တဲ့ အထဲမွာ ႏိုင္လူမပါဘူး။ ႐ုပ္ရွင္ထဲမွာ ႏိုင္လူဟာ လူယုတ္မာ မုဒိန္းေကာင္ ဒါေပမယ့္ အျပင္မွာ အဲဒါ ျကားရင္ အရမ္းေဒါသထြက္တယ္။ ကိုယ္လဲ သမီးေတြ ေမြးထားေတာ့ မခံခ်ိမခံသာျဖစ္တယ္။ အက္စစ္ႏွင့္ ပက္တာတဲ့ ဘယ္ေလာက္ေတာင္ ရက္စက္လဲ။ ကိုယ္လည္း လူတေယာက္ပဲ ကိုယ္ခ်င္းစာ ျကည့္ပါ။ လူသားမဆန္တဲ့ လုပ္ရပ္‌ေတြ ပေပ်ာက္ပါေစ။ အမွန္တရားက ျပည္သူမ်ားအတြက္ အၿမဲရပ္တည္ေနပါေစ” ဟု သ႐ုပ္ေဆာင္ နုိင္လူက ေျပာသည္။


အဆိုပါအမႈတြင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းရာဇာကို တာေမြၿမိဳ႕မ ရဲစခန္း၌ ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ထားၿပီး ၎ႏွင့္အတူ ဇနီးျဖစ္သူ မဖူးငုံပြင့္ (ခ) ဇူးဇူး၊ ေယာကၡမျဖစ္သူ ဦးေမာင္ေမာင္ေအးကိုလည္း ေ႐ႊေပါက္ကံနယ္ေျမ ရဲစခန္း၌ ပုဒ္မ-၃၂၄/၃၂၅/၃၅၄/၁၁၄တို႔ျဖင့္ အမႈဖြင့္ထားသည္။ ယေန႔ (ဧၿပီ ၁ဝ ရက္) နံနက္ပိုင္းတြင္ ျမဝတီၿမိဳ႕မ ရဲစခန္း၌ ခ်ဳပ္ေႏွာင္ထားရွိသည့္ မင္းရာဇာ ပါ (၃) ဦးအား ျမဝတီၿမိဳ႕မ ရဲစခန္းမႉး ဒုရဲမႉးေအာင္ေက်ာ္ဦးမွ ရဲအုပ္ဝင္းထြန္း ဦးစီးအဖြဲ႕ထံသို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။


Source – စံေတာ္ခ်ိန္

Post a Comment

Previous Post Next Post