အပူတွေ လွန်ကျူးရင် ကိုယ်ခံအားကောင်းဖို့က အအေးနဲ့ ဖြည့်ဆည်းရမယ်။ကိုယ့်ရဲ့ ကံ စိတ် ဥတု အဟာရက အအေးတွေ ပတ်ဖွဲ့နေတာလား။

ကံ အအေး – ဥတု အအေး အဟာရအအေးနဲ့ ပတ်ဖွဲ့ရင် ကံအပူ စိတ်အပူ အဟာရအပူ နဲ့ ဖြည့်ဆည်းရမယ်။

ကိုယ်ခံအား ကောင်းတယ်ဆိုတာ ဓာတ်တွေ မျှခြေရောက်နေတာကိုပြောတာပါ – မျှခြေ ရောက်တယ်ဆိုတာကို အတော်များများက နားလည်သဘောပေါက်မူ နည်းနေတယ်။

ကိုယ်ခံအားကောင်းဖို့ိ ကြက်ဥစားမယ် နွားနို့သောက်မယ် ဆီးချိုသမားဆို ကိုယ်ခံအား မကောင်းတဲ့အပြင် ပိုဒုက္ခရောက်မယ် –

မြန်မာဆေးပညာမှာ အခိုင်အမာပြောမယ် – ခြေခြေမြစ်မြစ်ပြောတာက တေဇောမပိုင် ဆေးမကိုင်ရတဲ့ – အပူ အအေး မပိုင် ဆေးမကိုင်ရပေါ့။

ကိုယ်ခံအားကောင်းတယ်ဆိုတဲ့လူတစ်ယောက်က ခုခေတ် ခုအခါမှာ ကံအပူ စိတ်အပူ ဥတုအပူ အဟာရအပူတွေ များကြတာတွေ့ရတယ်။

ကိုယ်အပူ စိတ်အပူ အဟာရပူတွေများကြောင်း ဓာတ်ကပြောတယ် – တေဇောဓာတ်က ပြောတယ် –

( ဓာတ်ပြောတိုင်းလုပ် နောက်မဆုတ် အဟုတ်မှန်တော့သည်တဲ့ ဓာတ်နောက်လိုက်ကြည့် ပညာရှိ လုပ်တိုင်းမှန်ဘိသည်)

အပူများသူတွေရဲ့လက္ခဏာများ

အပူတွေများကြောင်း တေဇောက ဘယ်လိုပြောသလဲ တေဇော ဓာတ်ရဲ့ နဝင်းအရောင် ဓာတ်ကြိုက်အရောင်က အဖြူရောင်ပါ –

အရွယ်မတိုင်မီ ဆံပင်ဖြူမယ် , ရာသီသွေးအဖြူဆင်းမယ် , ညှင်းကဲ့သို့အဖြူတွေပေါက် မယ် , လျှာကြီးကဖြူနေမယ် , သွေးကိုကြည့်ရင်သွေးဖြူဥတွေများနေမယ် –

တချို့ဆို ခရုသင်းတွေပေါက်မယ် , အဖြူတွေမျာနေတာဟာ အပူတွေများနေတာပါ။

ကိုယ်ခံအားကောင်းအောင် နေထိုင်နည်းမှာ – ပူပါတယ်ဆိုတဲ့သူကိုကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့က အပူအအေးနဲ့ ဖြည့်ရမယ်။

ဥပမာအားဖြင့် –

အမိူက်ပုံးမီးလောင်နေတယ် ရေနဲ့ ငြိမ်းသတ်ရမယ် မီးသတ်သမားသမားတွေဆို လေဖိ အားပါတဲ့ ရေနဲ့ငြိမ်းသတ်ရင်ပိုကောင်းတယ် -( အအေးနဲ့ငြိမ်းသတ်ရမယ် လေဓာတ်ပါတဲ့အအေးနဲ့ဆို ပိုကောင်းမယ်)

မြန်မာနိုင်ငံမှာ လူ ၁၀၀မှာ ၈၅ ရာခိုင်နူန်းက အပူတွေများပါတယ် – အပူတွေများတဲ့အတွက် ပူတဲ့အစာ အဟာရတွေမစားသုံးသင့်ပါ – ပူတဲ့စိတ်တွေ မဖြစ်အောင်နေရပါမယ်

အပူငြိမ်းစေတဲ့အစာများ

အပူငြိမ်းစေတဲ့ အစာတွေက ကိုယ်ခံအားကောင်းပါတယ် – အပူငြိမ်းစေတဲ့အစာတွေက ဘာတွေလည်းမေးရင် ချဉ် ခါး အေး အရသာတွေပဲဖြစ်ပါတယ်။

လူတွေမှာ စားစရာအရသာ ၆ မျိုးထက် ပိုမရှိပါဘူး – အပူငြိမ်းတာက ချဉ် ခါး အေး ပါ။အပူကို တိုးစေတာက ကြော် ဖန် စပ် ဆိမ့်ပါ ။

မြန်မာ ဆေးပညာမှာ တကယ်တတ်ကျွမ်းပြီဆိုရင် အချဉ်ကိုအချိုနဲ့ အားဖြည့်လိုက်ရမယ် – ချဉ် ချို အရသာက ကိုယ်ခံအားကို ကောင်းစေပါတယ်။

ချဉ် ချို အရသာကို ၃ ရက်စား ပြီးရင် အခါးအရသာကို စားရပါမယ် – အခါးစားတဲ့အခါမှာ လွဲလွဲချော်ချော်နဲ့ ပူခါးတွေ မစားရပါဘူး ။

ဥပမာ – ကြောင်လျာသီးစားပြီး သွေးတိုးတယ်တို့ , ရဲယိုရွက်စားပြီး လေဖြတ်တယ်တို့ သဘောၤရွက်စားပြီး အပူနာတွေ ပေါက်တယ်ဆိုတာ အဲဒီအခါးတွေက အခုခေတ် အခုအခါနဲ့ မအပ်စပ်ပါဘူး။

အေးတဲ့ရာသီမှာ နေတဲ့နိုင်ငံသားတွေတော့ အပ်စပ်ပါတယ် – ပူ ခါး တွေကို သုံးစွဲတဲ့ခါ ကိုယ်ခံအားတွေကို ပိုကျဆင်းစေပါတယ်။

မော်တော်ကားမောင်းရင် နံပါတ်ဝမ်း နံပါတ်တူး နံပါတ်သရီး ဂီယာမြင့်ရသလို … အဟာရမှာလည်း ချို ချဉ် ခါး အေး ပြီးရင် ချို အေး ငန် အေး အရသာဟာ ကိုယ်ခံအားကို ပြည့်စုံစေပါတယ်။

ချိုအေး ငန်အေး ကိုယ်ခံအားကောင်းစေအစာများ( အပူလွန်သူ)

ချိုအေး ငန်အေးအရသာတွေက အာပေါဓာတ်ကြိုက်အစာတွေဖြစ်တဲ့ .. ဖီးကြမ်းငှက်သီး အသားနဲ့ပဲရောချက်ထားတဲ့ဟင်း ကျောက်ဖရုံသီးကို အသားတခုခုနဲ့ တွဲချက်တဲ့ဟင်း

ဘူးသီးနဲ့ ကြက်သားရောချက်ခြင်း စသည်ဟင်းတွေက အပူလွန်တဲ့သူတွေ ကိုယ်ခံအားကောင်းဖို့ သေချာတယ်။

ကိုယ်ခံအား ကောင်းချင်သူဟာ ချို ချဉ် ခါး အေး ကို အလှည့်ကျစားပေမယ့် ကြော် ဖန် စပ် ဆိမ့် တွေကို မရှောင်ဘူးဆိုရင် ကိုယ်ခံအားတက်မလာဘဲ ကျမှပဲ။

ဒါကြောင့် ကြော် ဖန် စပ် ဆိမ့်ကို ရှောင်စေချင်ပါတယ် – အာကာသဓာတ် သည်းခြေ ဓာတ် တေဇောဓာတ်နဲ့ ပထဝီဓာတ်ကြိုက်အစာတွေကို ရှောင်ရပါမယ်။

ဘဲဥ ကြက်ဥ တောင်မှ ကြော်တာထက် ပြုတ်စားတာက ပိုပြီး ကိုယ်ခံအားကောင်းပါ တယ် –

ခုချိန်မှာ ကြာရှည်ခံ အစားအစာတွေ ဆီးထုပ် ဂွေးချိုသီး မာလကာသီးတို့စားရင်လည်း ကိုယ်ခံအား ကျဆင်းပါတယ် – အပူ အစပ်တွေ စားလွန်းရင်လည်း ကိုယ်ခံအားကျဆင်း ပါတယ်။

အချို အစိမ့်တွေဖြစ်တဲ့ နွားနို့တွေသောက် ကြက်ဥစားသူတွေဟာ ဝိတ်တွေတက်ပြီး ဆီးချိုတွေသာ ဖြစ်လာမယ် – ကိုယ်ခံအားက ပိုညံ့ပြီး တက်လာမှာ မဟုတ်ပါဘူး။

အရောင်နဲ့ပြောခြင်း

ရောင်စုံတွေ ကြည့်ပြီးရင် ကိုယ့်အမြင်အာရုံဟာ လန်းသွားသလား နွမ်းသွားသလား ပြန် စဉ်းစားကြည့်ပါ – မျက်လုံးအာကာသကို ပြောတာပါ –

အရောင်စုံ စူးရှတောက်ပတဲ့အရောင်တွေ ပေါ့ – အဲသည်အစား ချဉ်ချိုအရသာ အဟာရဓာတ်ရဲ့ ဓာတ်ကြိုက်အရောင် အပြာရောင်လေးကိုကြည့်ရင် မျက်လုံးက လန်းလား. နွမ်းလား စဉ်းစားပါ –

ဒါကြောင့် မျက်လုံးကိုလည်းအားရှိအောင် မျက်လုံးကနေ ကိုယ်ခံအားကောင်အောင် ထောက်ပံ့တဲ့နေရာမှာ အပြာရောင် လက်ကိုင်ပုဝါလေး တဘက်လေးကို မျက်လုံးပေါ် အုပ်လိုက်ရင် ဘက်ထရီအားသွင်းသလို ဖြစ်လာမှာပါ။

အပြာ ပြီးရင် အဝါ အဝါပြီးရင် အနီ အဲဒီလိုအရောင်လေးတွေကို စနစ်တကျ သုံးစေချင် တယ် – ကိုယ့်အိမ်မှာ မျက်နှာသုတ်ပဝါ.

လိုက်ကာ အိပ်ရာခင်း ခေါင်းအုံး ခေါင်းအုံးစွပ် ကစပြီး သုံးမယ်ဆိုရင် ( နေ့စဉ်ထိတွေ့သမျှ) ကိုယ်ခံအားကောင်းဖို့သေချာနေပါတယ်။

ဆရာကြီး ဦးရန်အောင်

Zawgyi

Post a Comment

Previous Post Next Post