ယခုခေတ်မှာ ဖက်ရှင်အမျိုးမျိုးခေတ်စားလာတာနဲ့ အညီ မိမိရဲ့ ဆံကေသားလဲကာ သဘာဝကို ကျော်လွန်ပြီး အမျိုးမျိုးပြုပြင်ပြောင်းလဲကာပြင်ဆင်လာကြတာကို ပရိသတ်ကြီးလည်းသိပြီးသားဖြစ်မှာပါ။မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းကာ ဆံကေသာအရှည်ထားတတ်တဲ့ မိန်းကလေးတွေဟာလည်းတဖြည်းဖြည်းရှားလာခဲ့ပြီပဲဖြစ်ပါတယ်။


ဒီလိုရှားပါးတဲ့ကြားက နယ်မြို့လေးတစ်မြို့ကကျောင်းဆရာမလေးတစ်ယောက်ကတော့ လူ့တရပ်ကျော်တဲ့သူမရဲ့ ဆံကေသာကို အမြတ်တနိုးထိန်းသိမ်းထားတာကြောင့်လူမှုကွန်ယက်မှာ အလွန်တရာပဲ နာမည်ကြီးနေခဲ့တာပါ။သူမဆံပင်ကို ရောင်းမလားလာလာမေးတဲ့သူတွေကိုလည်း ရောင်းမလားခဏခဏလာမမေးပါနဲ့။တစ်ကိုယ်လုံးမှာ ဆံပင်ကအသက်မို့ သိန်း၁၀၀ပေးတောင် မရောင်းပါဘူးနော်။”ဆိုပြီး ပြန်လည်တုံ့ပြန်ထားပါသေးတယ်။

ကျောင်းဆရာမလေးဟာ သူမလိုပဲ ဆံကေသာထိန်းသိမ်းချင်သူတွေအတွက် ဆံကေသာထိန်းသိမ်းနည်းကို လည်း မျှဝေပြောပြထားပါသေးတယ်။သူမရဲ့ လူတရပ်ကျော်ဆံပင်ကြီးကို ထိန်းသိမ်းနည်းကို ပြန်လည်ဖော်ပြပေးလိုက်ပါစေ။

မနက်ဖြန်လို ခေါင်းလျှော်မယ်ဆိုရင် တစ်ရက်နှစ်ရက်အလိုကတည်းက သံလွင်ဆီကို တစ်ခေါင်းလုံးရွှဲနေအောင်လိမ်းပြီး ဆံကျစ်နာနာကျစ်ထားလိုက်။နောက်ရက်ကျမှ ခေါင်းလျှော်ချ။သံလွင်ဆီလိမ်းပြီး ခေါင်းဖြီးတဲ့အခါ ဆံပင်တော့နည်းနည်းကျွတ်မယ်။လျှော်ပြီးရင်တော့ အကျွတ်သက်သာပါတယ်။
♥️အဲ့လိုမလိမ်းထားချင်ရင် ‌နောက်တစ်နည်းက ခေါင်းလျှော်ပြီး ဆံပင်ပေါင်းတင်တဲ့အခါ ပေါင်းဆေးထဲကို သံလွင်ဆီမနည်းမများလေးရယ် ပျား
ရည်စစ်စစ်‌ရယ်( ကြက်ဥအကာကတော့ကြိုက်ရင်ထည့်)အဲ့ဒါလေးတွေနဲ့ရောနယ်ပြီး ဆံပင်ကို ဦးရေပြားမထိဘဲလိမ်း
(အဲ့ဒါပြီးပြီဆိုရင် ကိုယ်ကတော့ တဘက်ကိုရေနွေးစွတ် ရေညှစ်ချပြီး ခေါင်းကိုအုပ် ပြီးရင်shower capလေးနဲ့အုပ်ထားလိုက်တယ်။
လျှပ်စစ်နဲ့သုံးရတဲ့ ဆံပင်ပေါင်းစက်နဲ့ဆို ပိုအဆင်ပြေမှာပေါ့။)15မိနစ်‌လောက်ထား ရေ‌လျှော်ချလိုက်။

♥️ ပြီးရင် ဆံပင်ကို နေပူမပြ dryerမသုံးဘဲ သဘာဝအတိုင်းလေးအခြောက်ခံ။ရေခြောက်ပြီဆိုမှ ဆံပင်ကို တစ်စုချင်း နည်းနည်းစီ
ယူပြီး ကိုယ်သုံးနေကျ ဆီလေး‌လိမ်း ဘီးကျဲကျဲလေးနဲ့ အောက်ဖျားကစပြီး ညင်ညင်သာသာလေးဖြီးပေး။
♥️ဆံပင်ကိုချထားတာထက်စာရင် ဆံကျစ်အမြဲကျစ်ထားတာက ဆံပင်ပျက်စီးမှုနည်းပြီး အရှည်မြန်တယ်။
♥️ဆံပင်ပျက်စီးမှုနည်းချင်ရင် သဘာဝအတိုင်းထားပြီး စိတ်ရှည်ရှည်ဖြီးပေးဖို့က အဓိကအကျဆုံးပါနော်။

Zawgyi

ယခုေခတ္မွာ ဖက္ရွင္အမ်ိဳးမ်ိဳးေခတ္စားလာတာနဲ႔ အညီ မိမိရဲ႕ ဆံေကသားလဲကာ သဘာဝကို ေက်ာ္လြန္ၿပီး အမ်ိဳးမ်ိဳးျပဳျပင္ေျပာင္းလဲကာျပင္ဆင္လာၾကတာကို ပရိသတ္ႀကီးလည္းသိၿပီးသားျဖစ္မွာပါ။ျမန္မာ့ယဥ္ေက်းမႈကိုထိန္းသိမ္းကာ ဆံေကသာအရွည္ထားတတ္တဲ့ မိန္းကေလးေတြဟာလည္းတျဖည္းျဖည္းရွားလာခဲ့ၿပီပဲျဖစ္ပါတယ္။
ဒီလိုရွားပါးတဲ့ၾကားက နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕ကေက်ာင္းဆရာမေလးတစ္ေယာက္ကေတာ့ လူ႔တရပ္ေက်ာ္တဲ့သူမရဲ႕ ဆံေကသာကို အျမတ္တႏိုးထိန္းသိမ္းထားတာေၾကာင့္လူမႈကြန္ယက္မွာ အလြန္တရာပဲ နာမည္ႀကီးေနခဲ့တာပါ။သူမဆံပင္ကို ေရာင္းမလားလာလာေမးတဲ့သူေတြကိုလည္း ေရာင္းမလားခဏခဏလာမေမးပါနဲ႔။တစ္ကိုယ္လုံးမွာ ဆံပင္ကအသက္မို႔ သိန္း၁၀၀ေပးေတာင္ မေရာင္းပါဘူးေနာ္။”ဆိုၿပီး ျပန္လည္တုံ႔ျပန္ထားပါေသးတယ္။
ေက်ာင္းဆရာမေလးဟာ သူမလိုပဲ ဆံေကသာထိန္းသိမ္းခ်င္သူေတြအတြက္ ဆံေကသာထိန္းသိမ္းနည္းကို လည္း မွ်ေဝေျပာျပထားပါေသးတယ္။သူမရဲ႕ လူတရပ္ေက်ာ္ဆံပင္ႀကီးကို ထိန္းသိမ္းနည္းကို ျပန္လည္ေဖာ္ျပေပးလိုက္ပါေစ။

မနက္ျဖန္လို ေခါင္းေလွ်ာ္မယ္ဆိုရင္ တစ္ရက္ႏွစ္ရက္အလိုကတည္းက သံလြင္ဆီကို တစ္ေခါင္းလုံး႐ႊဲေနေအာင္လိမ္းၿပီး ဆံက်စ္နာနာက်စ္ထားလိုက္။ေနာက္ရက္က်မွ ေခါင္းေလွ်ာ္ခ်။သံလြင္ဆီလိမ္းၿပီး ေခါင္းၿဖီးတဲ့အခါ ဆံပင္ေတာ့နည္းနည္းကြၽတ္မယ္။ေလွ်ာ္ၿပီးရင္ေတာ့ အကြၽတ္သက္သာပါတယ္။
♥️အဲ့လိုမလိမ္းထားခ်င္ရင္ ‌ေနာက္တစ္နည္းက ေခါင္းေလွ်ာ္ၿပီး ဆံပင္ေပါင္းတင္တဲ့အခါ ေပါင္းေဆးထဲကို သံလြင္ဆီမနည္းမမ်ားေလးရယ္ ပ်ား
ရည္စစ္စစ္‌ရယ္( ၾကက္ဥအကာကေတာ့ႀကိဳက္ရင္ထည့္)အဲ့ဒါေလးေတြနဲ႔ေရာနယ္ၿပီး ဆံပင္ကို ဦးေရျပားမထိဘဲလိမ္း
(အဲ့ဒါၿပီးၿပီဆိုရင္ ကိုယ္ကေတာ့ တဘက္ကိုေရေႏြးစြတ္ ေရညႇစ္ခ်ၿပီး ေခါင္းကိုအုပ္ ၿပီးရင္shower capေလးနဲ႔အုပ္ထားလိုက္တယ္။
လွ်ပ္စစ္နဲ႔သုံးရတဲ့ ဆံပင္ေပါင္းစက္နဲ႔ဆို ပိုအဆင္ေျပမွာေပါ့။)15မိနစ္‌ေလာက္ထား ေရ‌ေလွ်ာ္ခ်လိုက္။

♥️ ၿပီးရင္ ဆံပင္ကို ေနပူမျပ dryerမသုံးဘဲ သဘာဝအတိုင္းေလးအေျခာက္ခံ။ေရေျခာက္ၿပီဆိုမွ ဆံပင္ကို တစ္စုခ်င္း နည္းနည္းစီ
ယူၿပီး ကိုယ္သုံးေနက် ဆီေလး‌လိမ္း ဘီးက်ဲက်ဲေလးနဲ႔ ေအာက္ဖ်ားကစၿပီး ညင္ညင္သာသာေလးၿဖီးေပး။
♥️ဆံပင္ကိုခ်ထားတာထက္စာရင္ ဆံက်စ္အၿမဲက်စ္ထားတာက ဆံပင္ပ်က္စီးမႈနည္းၿပီး အရွည္ျမန္တယ္။
♥️ဆံပင္ပ်က္စီးမႈနည္းခ်င္ရင္ သဘာဝအတိုင္းထားၿပီး စိတ္ရွည္ရွည္ၿဖီးေပးဖို႔က အဓိကအက်ဆုံးပါေနာ္။

Credit  နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Post a Comment

Previous Post Next Post