ပျော်ပျော်နေတတ်ပြီး ခရီးတွေလည်းမကြာခဏထွက်တတ်တဲ့ အေးမြတ်သူတစ်ယောက် ပရဟိတလုပ်ငန်းတွေမှာလည်း လက်မနှေး တတ်သူတစ်ယောက်ပါ။ လက်ရှိမှာလည်း ကပ်ရောဂါဆိုးကြီးကြောင့် တစ်နိုင်ငံလုံး ပူပင်သောကရောက်နေကြတဲ့အချိန်မှာ လက်လုပ် လက်စားသမားတွေကတော့ မဖြစ်မနေအိမ်ပြင်ထွက်ပြီး အလုပ်လုပ်မှ အဆင်ပြေမယ့် အခြေအနေတွေရှိနေတာမို့ အဆင်ပြေတဲ့သူတွေ က အလှူအတန်းတွေလည်း အများအပြားလုပ်နေကြပါတယ်။

မင်းသားမင်းသမီးတွေအနေနဲ့လည်း ကိုယ်တိုင်ပါဝင်လှူတန်းကြတာတွေရှိသလို ပရဟိတအဖွဲ့တွေနဲ့လည်းချိတ်ဆက်ပြီး လှူတန်းကြ ပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ မမြတ်လေးက ဆန်အိတ်တွေကို ကိုယ်တိုင်ထမ်းပြီး ပရဟိတအဖွဲ့နဲ့ပူးပေါင်းကာ လိုအပ်သူတွေထံ အရောက်ပို့ပေးနေတဲ့ ပုံရိပ်လေးကို မိတ်ကပ်ဖန်တီးရှင်ညီညီမောင်က လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။
” ဒါလား မင်းသမီးဆိုတာ ပရဟိတစိတ် အမြဲရှိ လုပ်ဖော်ကိုင်ဖတ်တွေအပေါ်သိတက် တဲ့ သူမကို မိတ်ကပ်လိမ်းပေးခွင့်ရလို့ ကျေနပ်ပီတိ ဖြစ်ရပါတယ် ” ဆိုပြီး မမြတ်လေးရဲ့ ဟန်ဆောင်မှုကင်း တဲ့ ပရဟိတစိတ်စစ်စစ်နဲ့ ချွေးပေါက်ပေါက်ကျအောင် ကူညီနေပုံက တကယ့်ကို လေးစားစရာ ပါပဲ။ ဒါကြောင့်လည်း အောင်မြင်တဲ့အနုပညာရှင်အဖြစ်နဲ့ ပရိသတ်တွေရဲ့အချစ်တွေကို ရနေတာပေါ့နော်။
Happy – Cele Zone
Photo – Nyi Nyi Maung

Post a Comment

Previous Post Next Post