ရှမ်းတိုင်းရင်းသားအဆိုတော်တစ်ယောက်ဖြစ်သူ စိုင်းဆိုင်မော်ဝ်ကတော့ သူ့ရဲ့သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ရဲ့အသည်းကို ခြွေယူနိုင်ခဲ့သူတစ်ယောက်ပါ။ အခုချိန်မှာဆိုရင်တော့ ကျန်းမာရေးမကောင်းတော့တာကြောင့် သီချင်းတွေမဆိုဖြစ်တော့ပေမယ့်လည်း သူ့ရဲ့သီချင်းတွေကတော့ ရေဒီယိုတွေလိုင်းတွေမှာ နေရာယူနေစဲပါပဲ။ လတ်တလောမှာတော့ ဇနီးဖြစ်သူခေးလားမိုး၊ ချစ်စရာကောင်းတဲ့သားငယ်လေးနဲ့အတူ ရန်ကုန်မြို့မှာပဲနေထိုင်လျက်ရှိပါတယ်။

နိုင်ငံကျော်အဆိုတော်ကြီးတစ်ဦးဖြစ်ပေမယ့် ပရိသတ်တွေထင်ထားသလိုတော့ ငွေရေးကြေးရေးပြေလည်မနေပါဘူး။ ဒီနေ့မှာပဲ ဇနီးဖြစ်သူကတော့ သူကြုံတွေ့နေရတဲ့အခက်အခဲတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖွင့်ဟခဲ့ပါတယ်။ “အိမ်ထောင်ရှင်မ လက်တွေ့ဘဝ… ကိုယ့်ကိုကိုယ်တောင် မကျေမနပ်ဖြစ်မိတယ်…ကျမကိုယ်ကျမထက် သူ့ကို ပိုသနားမိတယ် မှန်သောသစ္စာစကားပဲ…Ensure strawberry အရင်က တစ်ဗူး (42000) အခု (39000) တစ်ပါတ်မခံဘူး….. ငှက်သိုက် မနက်(6000) ည(6000)(မတိုက်ဖြစ်တဲ့အခါ သူ့မှာတကယ်ကိုမလန်းဘူး) လိမ္မော်သီး အစစ်အရည်ညှစ် မနက်(1500) ည(1500)(မသောက်ရရင် ဝမ်းအခြေအနေ သိသိသာသာ ထိုင်ငိုနေရတာမျိုး) အခြားဖြည့်စွက်စာတွေ မပြောလိုတော့ဘူး..အိတ်ထဲရှိတာကုန်ပေါ့.. ကွေ့သယို ခေါက်ဆွဲဆိုင်လေးလည်း ပီစိုင်း ဆေးရုံစတက်ကတည်းက မဖွင့်နိုင်ဘဲ ပိတ်ထားတာကြာပြီဆိုတော့ ဝင်ငွေလည်း ဗလာ…

ရှိတာလေးရင်းပြီးမောင်လေးနဲ့တစ်ယောက်တစ်ဝက် မိုးယံထီဆိုင်လေးဖွင့်ထားတာ ပြီးခဲ့တဲ့လက ထီဆိုင်က ဆိုင်ခန်းငှားခ အရောင်းစာရေးလစာနဲ့ ရောင်းမကောင်းတာနဲ့ တစ်သိန်းရှုံးတယ်.. ရောဂါတွေ မကူးစက်အောင်လို့ခုတစ်လပိတ်ထားရတယ်… လောလောဆယ်တော့ အမေနဲ့အမျိုးတွေက ကျွေးထားတယ်…..ယုံချင်ယုံ မယုံချင်နေပေါ့..လူတွေက ကျမ ငွေကြေးချမ်းသာတယ်ထင်ကြတယ်..မရှိကို အရှိ ဟန်မလုပ်တတ်ဘူး…. ရောဂါတွေမြန်မြန်ကင်းပါစေ…ဒါမှ အလုပ်ခွင်ပြန်ဝင်နိုင်ပြီးကိုယ့်ကဲ့သို့သော အဆင်မပြေကြတဲ့အခြားလူတွေလည်း ပြန်ပြီးအဆင်ပြေကြမှာ…ပီစိုင်းနေကောင်းနေတာကိုပဲ ကျေးဇူးတင်ရမလို…အခုနေများ နေမကောင်းထဖြစ်ရင်ဒုက္ခ…ပီစိုင်း ကျန်းမာပါစေ…ကပ်ရောဂါဆိုးကြီးလည်း အမြန်ဆုံး ချုပ်ငြိမ်း ပါစေတော့ကွယ်” ဆိုပြီးဖွင့်ဟခဲ့ပါတယ်။


ခင်ပွန်းဖြစ်သူနလန်ထူနိုင်ဖို့ ဓာတ်စာဖိုးတွေတင်အများကြီးကုန်ကျနေပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း ဆိုင်တွေပိတ်ထားရတာကြောင့် ဝင်ငွေလုံးဝမရှိဘူးလို့ ဆိုပါတယ် ပရိသတ်ကြီးရေ… ပရိသတ်တွေနားသောတဆင်နိုင်ဖို့ သီချင်းကောင်းတွေများစွာသီဆိုခဲ့တဲ့ နိုင်ငံကျော်အဆိုတော်ကြီး အခုလိုဖြစ်နေတာတော့ စိတ်မကောင်းစရာပဲမို့ သူတို့ကြုံနေရတဲ့အခက်အခဲလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။


Source – ခေး လား မိုး
Credit – Cele Gabar

Post a Comment

Previous Post Next Post