“အိန္ဒိယနှင့် သီရိလင်္ကာတို့မှပြန်လည်ပင့်ဆောင်လာသည့်သံဃာများရောက်ရှိခြင်း”


COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ပိတ်မိနေကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၅၀၀ ကျော်တို့ကို သီတဂူဆရာတော်ကြီး၏ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ပေးချက်အရ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ အစိုးရများ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ခေါ်ယူခဲ့ပါသည်။

ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအုပ်စုပိုင် Myanmar Airways International တို့ပူးပေါင်း၍ အိန္ဒိယနိုင်ငံတွင် ပိတ်မိနေသော စာသင်သား ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသားများကို ပထမအသုတ်အနေဖြင့် Airbus လေယာဉ်နှစ်စီးဖြင့် ဧပြီလ ၂၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဂယာလေဆိပ်မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အခမဲ့ ပြန်လည်ပင့်ဆောင်ခေါ်ယူခဲ့ပါသည်။

လေကြောင်းလိုင်းများ ရပ်နားထားသောကြောင့် အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတွင် ပိတ်မိနေသော စာသင်သား ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၅၀၀ ကျော်ရှိသည့်အနက် ယခု ပထမအသုတ်အနေဖြင့် သံဃာတော် (၂၁၀) ပါး၊ သီလရှင် (၆) ပါးနှင့် လူပုဂ္ဂိုလ် (၄၂) ဦး စုစုပေါင်း ၂၅၈ ဦးသည် MAI လေကြောင်းလိုင်းမှ Airbus319 (XY-AGV) နှင့် Airbus320 (XY-ALJ) တို့ဖြင့် အိန္ဒိယနိင်ငံ ဂါယာမြို့မှ ပြန်လည်လိုက်ပါလာကြသည်။

စစ်ကိုင်းတောင် သီတဂူဝိပဿနာအကယ်ဒမီနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တို့တွင် သီတင်းသုံးစေလျှက် သင်္ကန်း၊ ဆွမ်း၊ ဆေး၊ ဝေယျာဝစ္စတို့ဖြင့် community based facility quarantine ထားရှိကာ ၂၁ ရက်တာ စောင့်ရှောက်ကြည့်ရှုရန် အပြည့်အစုံစီမံထားရှိပါသည်။

ဆက်လက်၍လည်း အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတွင် ကျန်နေရှိသည့် စာသင်သားရဟန်းတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသားများကို မေလအတွင်း ထပ်မံသွားရောက် ပင့်ဆောင်ခေါ်ယူသွားမည်ဖြစ်ပါသည်။


သီတဂူဝိပဿနာအကယ်ဒမီနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တို့တွင် community based facility quarantine ထားရှိကာ ၂၁ ရက်တာ စောင့်ရှောက်ကြည့်ရှုထားရှိမည့် အိန္ဒိယနှင့် သီရိလင်္ကာတို့မှ ၂၁-၄-၂၀၂၀ ရက်နေ့တွင် ပြန်လည်ပင့်ဆောင်လာသည့်သံဃာတော်များကို တိုင်းကျန်းမာရေးဦးစီးဌာနမှ ၂၃-၄-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် နှာခေါင်း-အာခေါင်တို့ပတ်များ ယူပြီး ရန်ကုန်မြို့အမျိုးသားဓါတ်ခွဲခန်းသို့ ယနေ့ညအမှီပို့ဆောင်နိုင်ရန် ဆောင်ရွက်နေကြသည့်ပုံရိပ်များ

Zawgyi

“အိႏၵိယႏွင့္ သီရိလကၤာတို႔မွျပန္လည္ပင့္ေဆာင္လာသည့္သံဃာမ်ားေရာက္ရွိျခင္း”


COVID-19 ကမာၻ႔ကပ္ေရာဂါေၾကာင့္ အိႏၵိယႏိုင္ငံႏွင့္ သီရိလကၤာႏိုင္ငံတို႔တြင္ ပိတ္မိေနၾကသည့္ သံဃာေတာ္မ်ား၊ သီလရွင္မ်ားႏွင့္ ျမန္မာႏိုင္ငံသား စုစုေပါင္း ၅၀၀ ေက်ာ္တို႔ကို သီတဂူဆရာေတာ္ႀကီး၏ ညႇိႏႈိင္းႀကိဳးပမ္းေဆာင္႐ြက္ေပးခ်က္အရ ျမန္မာႏွင့္ အိႏၵိယ ႏွစ္ႏိုင္ငံ အစိုးရမ်ား၏ ခြင့္ျပဳခ်က္ျဖင့္ ျပန္လည္ေခၚယူခဲ့ပါသည္။

ကေမာၻဇဘဏ္ႏွင့္ ကေမာၻဇအုပ္စုပိုင္ Myanmar Airways International တို႔ပူးေပါင္း၍ အိႏၵိယႏိုင္ငံတြင္ ပိတ္မိေနေသာ စာသင္သား ရဟန္းသံဃာေတာ္မ်ား၊ သီလရွင္မ်ားႏွင့္ ျမန္မာႏိုင္ငံသားမ်ားကို ပထမအသုတ္အေနျဖင့္ Airbus ေလယာဥ္ႏွစ္စီးျဖင့္ ဧၿပီလ ၂၂ ရက္ေန႔တြင္ အိႏၵိယႏိုင္ငံ ဂယာေလဆိပ္မွ မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ အခမဲ့ ျပန္လည္ပင့္ေဆာင္ေခၚယူခဲ့ပါသည္။


ေလေၾကာင္းလိုင္းမ်ား ရပ္နားထားေသာေၾကာင့္ အိႏၵိယႏိုင္ငံႏွင့္ သီရိလကၤာႏိုင္ငံတြင္ ပိတ္မိေနေသာ စာသင္သား ရဟန္းသံဃာေတာ္မ်ား၊ သီလရွင္မ်ားႏွင့္ ျမန္မာႏိုင္ငံသား စုစုေပါင္း ၅၀၀ ေက်ာ္ရွိသည့္အနက္ ယခု ပထမအသုတ္အေနျဖင့္ သံဃာေတာ္ (၂၁၀) ပါး၊ သီလရွင္ (၆) ပါးႏွင့္ လူပုဂၢိဳလ္ (၄၂) ဦး စုစုေပါင္း ၂၅၈ ဦးသည္ MAI ေလေၾကာင္းလိုင္းမွ Airbus319 (XY-AGV) ႏွင့္ Airbus320 (XY-ALJ) တို႔ျဖင့္ အိႏၵိယနိင္ငံ ဂါယာၿမိဳ႕မွ ျပန္လည္လိုက္ပါလာၾကသည္။


စစ္ကိုင္းေတာင္ သီတဂူဝိပႆနာအကယ္ဒမီႏွင့္ သီတဂူဗုဒၶတကၠသိုလ္တို႔တြင္ သီတင္းသုံးေစလွ်က္ သကၤန္း၊ ဆြမ္း၊ ေဆး၊ ေဝယ်ာဝစၥတို႔ျဖင့္ community based facility quarantine ထားရွိကာ ၂၁ ရက္တာ ေစာင့္ေရွာက္ၾကည့္ရႈရန္ အျပည့္အစုံစီမံထားရွိပါသည္။


ဆက္လက္၍လည္း အိႏၵိယႏိုင္ငံႏွင့္ သီရိလကၤာႏိုင္ငံတြင္ က်န္ေနရွိသည့္ စာသင္သားရဟန္းေတာ္မ်ား၊ သီလရွင္မ်ားႏွင့္ ျမန္မာႏိုင္ငံသားမ်ားကို ေမလအတြင္း ထပ္မံသြားေရာက္ ပင့္ေဆာင္ေခၚယူသြားမည္ျဖစ္ပါသည္။


သီတဂူဝိပႆနာအကယ္ဒမီႏွင့္ သီတဂူဗုဒၶတကၠသိုလ္တို႔တြင္ community based facility quarantine ထားရွိကာ ၂၁ ရက္တာ ေစာင့္ေရွာက္ၾကည့္ရႈထားရွိမည့္ အိႏၵိယႏွင့္ သီရိလကၤာတို႔မွ ၂၁-၄-၂၀၂၀ ရက္ေန႔တြင္ ျပန္လည္ပင့္ေဆာင္လာသည့္သံဃာေတာ္မ်ားကို တိုင္းက်န္းမာေရးဦးစီးဌာနမွ ၂၃-၄-၂၀၂၀ ရက္ေန႔ နံနက္ပိုင္းတြင္ ႏွာေခါင္း-အာေခါင္တို႔ပတ္မ်ား ယူၿပီး ရန္ကုန္ၿမိဳ႕အမ်ိဳးသားဓါတ္ခြဲခန္းသို႔ ယေန႔ညအမွီပို႔ေဆာင္ႏိုင္ရန္ ေဆာင္႐ြက္ေနၾကသည့္ပုံရိပ္မ်ား

Credit ;သီတဂူဆရာတော်နှင့်သီတဂူသတင်းမျာ

Post a Comment

Previous Post Next Post