ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်၊ ဟဲဟိုးမြို့မှာ ဒီကနေ့ ဧပြီလ ၁၅ ရက်၊ နေ့လည်ပိုင်းအချိန်က အပြင်ထွက်တဲ့ ပြည်သူတွေကို ရိုက်နှက်ဆုံးမရန် ပြင်ဆင်နေခြင်းဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြည်သူအချို့ဝေဖန်လျက်ရှိကြောင်း သိရပါတယ်။

ဟဲဟိုးမြို့မှာ ဧပြီလ ၁၅ ရက်က COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်ကြေငြာခဲ့ပြီးနောက်မှာ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင်ပူးပေါင်းအဖွဲ့က တုတ်တွေကိုင်ဆောင်ကာ အပြင်ထွက်တဲ့ပြည်သူတွေကို အရိုက်ခံရမှာ ဖြစ်ကြောင်း ကြေငြာတာတွေ၊ လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြတာတွေကို ပြုလုပ်ခဲ့ပြီးနောက် ပြည်သူတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။
“ကျွန်တော်သိရသလောက်ကတော့ အဲဒါမျိူးလုပ်ဖို့အတွက် ဥပဒေမရှိပါဘူး။ ဒီရောဂါနဲ့ ပါတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို မလိုက်နာရင် ဖမ်းဆီးလို့ရတယ်လေ။ အဲဒီလိုလုပ်ပိုင်ခွင့်အာဏာတွေက ရှမ်းပြည်နယ်အစိုးရမှာတောင် မရှိသေးဘူး။ ရဲတပ်ဖွဲ့ဓါတ်ပုံတွေလည်း ပါနေတယ်။ ဒါကတော့ မဖြစ်သင့်ပါဘူး” လို့ တောင်ကြီးမြို့ဒေသခံပြည်သူ ဦးမိုးက ပြောပါတယ်။
အဲဒီလိုပဲ ဟဲဟိုးမြို့ဒေသခံပြည်သူတစ်ဦးဖြစ်သူ ကိုအောင်ဆန်းကလည်း “ပြည်နယ်အစိုးရကလည်း အဲဒီလိုမျိုးလုပ်ပိုင်ခွင့်ရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဝမ်းရေးအတွက်၊ လူမှုရေးကိစ္စအတွက် အရေးကြီးလို့ထွက်တဲ့ လူတွေရှိတယ်။ အဲဒါတွေကို သေချာစိစစ်ပြီး ခွင့်ပြုပေးရမှာ။ ရိုက်နှက်နေတာမျိုးကြတော့ မဖြစ်သင့်ပါဘူး” လို့ ပြောပါတယ်။

Zawgyi

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေအာင္ပန္းၿမိဳ႕နယ္၊ ဟဲဟိုးၿမိဳ႕မွာ ဒီကေန႔ ဧၿပီလ ၁၅ ရက္၊ ေန႔လည္ပိုင္းအခ်ိန္က အျပင္ထြက္တဲ့ ျပည္သူေတြကို ႐ိုက္ႏွက္ဆုံးမရန္ ျပင္ဆင္ေနျခင္းဟာ ဥပေဒမဲ့လုပ္ရပ္ျဖစ္တယ္လို႔ ျပည္သူအခ်ိဳ႕ေဝဖန္လ်က္ရွိေၾကာင္း သိရပါတယ္။



ဟဲဟိုးၿမိဳ႕မွာ ဧၿပီလ ၁၅ ရက္က COVID-19 ကူးစက္ေရာဂါႀကိဳတင္ကာကြယ္ေရးအတြက္ ေဒသႏၲရအမိန႔္ ထုတ္ျပန္ေၾကျငာခဲ့ၿပီးေနာက္မွာ ျပည္သူ႔ရဲတပ္ဖြဲ႕ဝင္ေတြ အပါအဝင္ပူးေပါင္းအဖြဲ႕က တုတ္ေတြကိုင္ေဆာင္ကာ အျပင္ထြက္တဲ့ျပည္သူေတြကို အ႐ိုက္ခံရမွာ ျဖစ္ေၾကာင္း ေၾကျငာတာေတြ၊ လူမႈကြန္ယက္ေပၚမွာ ေရးသားေဖာ္ျပတာေတြကို ျပဳလုပ္ခဲ့ၿပီးေနာက္ ျပည္သူေတြက ေဝဖန္ေနၾကတာ ျဖစ္ပါတယ္။



“ကြၽန္ေတာ္သိရသေလာက္ကေတာ့ အဲဒါမ်ိဴးလုပ္ဖို႔အတြက္ ဥပေဒမရွိပါဘူး။ ဒီေရာဂါနဲ႔ ပါတ္သက္ၿပီး ထုတ္ျပန္ထားတဲ့ ဥပေဒေတြကို မလိုက္နာရင္ ဖမ္းဆီးလို႔ရတယ္ေလ။ အဲဒီလိုလုပ္ပိုင္ခြင့္အာဏာေတြက ရွမ္းျပည္နယ္အစိုးရမွာေတာင္ မရွိေသးဘူး။ ရဲတပ္ဖြဲ႕ဓါတ္ပုံေတြလည္း ပါေနတယ္။ ဒါကေတာ့ မျဖစ္သင့္ပါဘူး” လို႔ ေတာင္ႀကီးၿမိဳ႕ေဒသခံျပည္သူ ဦးမိုးက ေျပာပါတယ္။



အဲဒီလိုပဲ ဟဲဟိုးၿမိဳ႕ေဒသခံျပည္သူတစ္ဦးျဖစ္သူ ကိုေအာင္ဆန္းကလည္း “ျပည္နယ္အစိုးရကလည္း အဲဒီလိုမ်ိဳးလုပ္ပိုင္ခြင့္ရွိတယ္လို႔ တရားဝင္ထုတ္ျပန္ထားတာ မရွိေသးပါဘူး။ ဝမ္းေရးအတြက္၊ လူမႈေရးကိစၥအတြက္ အေရးႀကီးလို႔ထြက္တဲ့ လူေတြရွိတယ္။ အဲဒါေတြကို ေသခ်ာစိစစ္ၿပီး ခြင့္ျပဳေပးရမွာ။ ႐ိုက္ႏွက္ေနတာမ်ိဳးၾကေတာ့ မျဖစ္သင့္ပါဘူး” လို႔ ေျပာပါတယ္။

ေ႐ႊႀတိဂံေဒသ သတင္းလႊာ

Post a Comment

Previous Post Next Post