Unicode
မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက်၊ မဟာစည်ရပ် သီရိမာလာလမ်းမှာ ဧပြီ ၂၅ ရက်နေ့ မနက် ၁၀ နာရီလောက်က လျှပ်စစ်ပန်ကာ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပခုက္ကူခရိုင် မီးသတ်ဦးစီးဌာနက ပြောပါတယ်။

“အိမ်အပေါ်ထပ် လူမနေတဲ့ အခန်းအတွင်းမှာ လျှပ်စစ်ပန်ကာ ဖွင့်ခဲ့ရာကတဆင့် ပန်ကာ မော်တာ အပူလွန်ကဲလောင်တာဖြစ်ပြီးတော့ ဂွမ်းစောင်ထုပ်ပေါ်ကျရင်းနဲ့ ကူးစက်လောင်ကျွမ်းတာ၊ အားလုံး နေအိမ် ၅ လုံးပါ” လို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်က ပြောပါတယ်။အမှတ် ၃ ရပ်ကွက် မဟာစည်ရပ်၊ သီရိမာလာလမ်းနေ ဒေါ်ခင်စိန် (၇၈-နှစ်)ရဲ့ သုံးပင်နှစ်ခန်းတွဲ သွပ်မိုး ထရံ အုတ်ကာ နှစ်ထပ်နေအိမ်အပါအဝင် စုစုပေါင်း နေအိမ် ၅ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရုံးမှုခန့်မှန်းတန်ဖို့ ၃,၀၇၀,၀၀၀ ကျပ်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။


ပခုက္ကူခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ခဲ့ရာ မနက် ၁၀ နာရီခွဲလောက် မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။မီးစတင်လောင်ကျွမ်းတဲ့ အိမ်ရှင်ဖြစ်သူအား ပခုက္ကူမြို့မရဲစခန်း (ပ) ၅၁၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Zawgyi

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕ အမွတ္ ၃ ရပ္ကြက္၊ မဟာစည္ရပ္ သီရိမာလာလမ္းမွာ ဧၿပီ ၂၅ ရက္ေန႔ မနက္ ၁၀ နာရီေလာက္က လွ်ပ္စစ္ပန္ကာ အပူလြန္ကဲရာမွ မီးစတင္ေလာင္ကြၽမ္းခဲ့တာေၾကာင့္ ေနအိမ္ ၅ လုံး မီးေလာင္ဆုံးရႈံးခဲ့တယ္လို႔ ပခုကၠဴခ႐ိုင္ မီးသတ္ဦးစီးဌာနက ေျပာပါတယ္။


“အိမ္အေပၚထပ္ လူမေနတဲ့ အခန္းအတြင္းမွာ လွ်ပ္စစ္ပန္ကာ ဖြင့္ခဲ့ရာကတဆင့္ ပန္ကာ ေမာ္တာ အပူလြန္ကဲေလာင္တာျဖစ္ၿပီးေတာ့ ဂြမ္းေစာင္ထုပ္ေပၚက်ရင္းနဲ႔ ကူးစက္ေလာင္ကြၽမ္းတာ၊ အားလုံး ေနအိမ္ ၅ လုံးပါ” လို႔ ပခုကၠဴခ႐ိုင္မီးသတ္ဦးစီးမႉး ဦးေက်ာ္ႏိုင္က ေျပာပါတယ္။အမွတ္ ၃ ရပ္ကြက္ မဟာစည္ရပ္၊ သီရိမာလာလမ္းေန ေဒၚခင္စိန္ (၇၈-ႏွစ္)ရဲ႕ သုံးပင္ႏွစ္ခန္းတြဲ သြပ္မိုး ထရံ အုတ္ကာ ႏွစ္ထပ္ေနအိမ္အပါအဝင္ စုစုေပါင္း ေနအိမ္ ၅ လုံး မီးေလာင္ကြၽမ္းခဲ့ၿပီး ဆုံး႐ုံးမႈခန႔္မွန္းတန္ဖို႔ ၃,၀၇၀,၀၀၀ က်ပ္ဖိုး ဆုံးရႈံးခဲ့တယ္လို႔ ဆိုပါတယ္။



ပခုကၠဴခ႐ိုင္၊ ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕က မီးျငႇိမ္းသတ္ခဲ့ရာ မနက္ ၁၀ နာရီခြဲေလာက္ မီးျငႇိမ္းသတ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။မီးစတင္ေလာင္ကြၽမ္းတဲ့ အိမ္ရွင္ျဖစ္သူအား ပခုကၠဴၿမိဳ႕မရဲစခန္း (ပ) ၅၁၇/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ နဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။

Credit ဒီဗီြဘီ

Post a Comment

Previous Post Next Post