ပရိသတ်တွေချစ်စနိုးနဲ့ ဦးညီထွဋ်လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ပရိသတ်အချစ်တော် အဆိုတော် ရော်ကာကြီး ဇော်ဝင်းထွဋ်ကတော့ ဒီနေ့မှာ သူ့ရဲ့ Covid-19 ရောဂါပိုးဆေးစစ်ချက်အဖြေကို ပရိသတ်တွေသိရှိရအောင်ဖော်ပြလာခဲ့ပါတယ်။ဦးညီထွဋ်ကတော့ ပြီးခဲ့တဲ့ ဧပြီလ (၆)ရက်နေ့က ရောဂါပိုးတွေ့ရှိတဲ့ သူနဲ့ ထိတွေ့ခဲ့တာကြောင့် Quarantine ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဦးညီထွဋ်တစ်ယောက် Quarantine ဝင်ရောက်သွားကတည်းက ပိုမတွေ့ရှိစေဖို့ မျှော်လင့်နေခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေမျှော်လင့်ထားတဲ့ အဖြေကို ရရှိခဲ့တဲ့ အကြောင်း ဒီနေ့မှာတော့ ဦးညီထွဋ်ရဲ့ ဇနီးဖြစ်သူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေသိရှိအောင်မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူတို့မျှော်လင့်ထားသလို ဖြစ်လာခဲ့တဲ့ ဦးညီထွဋ်ရဲ့ ဆေးစစ်ချက်အဖြေကြောင့် ဝမ်းသာနေခဲ့ကြရပါသေးတယ်။

ဦးညီထွဋ်နဲ့ Quarantine အတူဝင်ကြတဲ့ (၉၈) ယောက်လုံးကလည်း ဆေးစစ်ချက်အဖြေမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့လည်း သိရှိရပါတယ်။ပရိသတ်ကြီးတို့ရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဇော်ဝင်းထွဋ်ကတော့ Covid -19 ရောဂါပိုးကူးစက်ခံရခြင်းမရှိပါဘူးတဲ့ ပရိသတ်တွေဝမ်းသာလို့ရအောင် ဒီသတင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Credit burmeseonlinenews



Post a Comment

Previous Post Next Post