22.4.2020 ရက်နေ့ ည(10:00)ခန့်က မော်လမြိုင်မြို့ မြိုင်သာယာရပ် ဗိူလ်ချုပ်အောင်ဆန်းလမ်းနဲ့ ၂၉ လမ်းထောင့်မှာ
ကွမ်းယာဆိုင်သိမ်းပြီးပြန်လာတဲ့ လင်မယား(၂)ယောက်စီးလာသည့်
ဆိုင်ကယ်ကို ဆိုင်ကယ်ချင်းယှဉ်မောင်းပြီး နောက်ကထိုင်လိုက်လာတဲ့ အမျိုးသမီးကိုင်လာသည့် ပိုက်ဆံအိတ်ကိုဆွဲလုမှုဖြစ်ပွားခဲပါသည်။

ပိုက်ဆံအိတ်ဆွဲလုတဲ့အချိန်မှာ အိတ်ကပါမသွားပဲ လုတဲ့အရှိန်ကြောင့်
ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ခဲ့ပြီး အလုခံရတဲ့ဆိုင်ကယ်မှ လင်မယား
(၂)ယောက်လုံး ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဆိုင်ကယ်တိမ်းမှောက်ကြစဉ် တရားခံ(၂)ဦးအနက် တစ်ဦးက ဓါးကိုင်ပြီး ထပ်လုယက်ဖို့ကြိုးစားစဉ် တာဝန်သိ ရပ်ကွက်နေ ပြည်သူ များဝိုင်းဝန်း ဖမ်းဆီးကြလို့ တစ်ဦးဖမ်းမိပြီး တစ်ဦးကတော့ ထွက်ပြေး
လွတ်မြောက်သွားပါတယ်။ လုယက်ရာမှာ အသုံးပြုတဲ့ ၅၁ယ/၅၂၁၂၂ Wave 100 ဌက်ခါးရောင်ဆိုင်ကယ်ကိုလည်း သိမ်းဆည်းရမိခဲ့ပါ တယ်။


ဖမ်းဆီးရမိသူကတော့ ဇော်ထက်လင်း(၂၀)နှစ် (ဘ)ဦးစိုးနိုင် မွတ်ဆလင်/အစ္စလာမ် ကျဘမ်းလုပ် ရန်ပြေလမ်း ဇေယျာမြိုင်ရပ်
မော်လမြိုင်မြို့ဖြစ်ပြီး
ထွက်ပြေးလွတ်မြောက်သွားသူမှာ ကြွက်ပြေး(ခ)မူဆာလစ်(၂၂)နှစ်
(ဘ)ဦးစိုးလွင် မွတ်ဆလင်/အစ္စလာမ် ကျဘမ်းလုပ် ရန်ပြေလမ်း
ဇေယျာမြိုင်ရပ်ကွက် မော်လမြိုင်မြို့ဖြစ်ကြောင်း သိရပါသည်။

ဖမ်းဆီးရမိတဲ့ တရားခံကို စစ်ဆေးမြေးမြန်းရာ ဆေးမှုဖြင့် ထောင်ကျ နေရာမှ (17.4.2020)ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် တရားခံ
ကိုတော့ မြိုင်သာယာနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ကျော်မိုး နှင့်အဖွဲ့မှ ချက်ချင်းရောက်လာ၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထွက်ပြေး လွတ်မြောက်သွားသည့် တရားခံ ဖမ်းဆီးရမိရေးအတွက် ဆက်လက် ဆောင်ရွက်နေလျှက်ရှိပါသည်။

Zawgyi

22.4.2020 ရက္ေန႔ ည(10:00)ခန္႔က ေမာ္လၿမိဳင္ၿမိဳ႕ ၿမိဳင္သာယာရပ္ ဗိူလ္ခ်ဳပ္ေအာင္ဆန္းလမ္းနဲ႔ ၂၉ လမ္းေထာင့္မွာ
ကြမ္းယာဆိုင္သိမ္းၿပီးျပန္လာတဲ့ လင္မယား(၂)ေယာက္စီးလာသည့္
ဆိုင္ကယ္ကို ဆိုင္ကယ္ခ်င္းယွဥ္ေမာင္းၿပီး ေနာက္ကထိုင္လိုက္လာတဲ့ အမ်ိဳးသမီးကိုင္လာသည့္ ပိုက္ဆံအိတ္ကိုဆြဲလုမႈျဖစ္ပြားခဲပါသည္။

ပိုက္ဆံအိတ္ဆြဲလုတဲ့အခ်ိန္မွာ အိတ္ကပါမသြားပဲ လုတဲ့အရွိန္ေၾကာင့္
ဆိုင္ကယ္တိမ္းေမွာက္မႈ ျဖစ္ခဲ့ၿပီး အလုခံရတဲ့ဆိုင္ကယ္မွ လင္မယား
(၂)ေယာက္လုံး ထိခိုက္ဒဏ္ရာေတြ ရခဲ့ပါတယ္။

ဆိုင္ကယ္တိမ္းေမွာက္ၾကစဥ္ တရားခံ(၂)ဦးအနက္ တစ္ဦးက ဓါးကိုင္ၿပီး ထပ္လုယက္ဖို႔ႀကိဳးစားစဥ္ တာဝန္သိ ရပ္ကြက္ေန ျပည္သူ မ်ားဝိုင္းဝန္း ဖမ္းဆီးၾကလို႔ တစ္ဦးဖမ္းမိၿပီး တစ္ဦးကေတာ့ ထြက္ေျပး
လြတ္ေျမာက္သြားပါတယ္။ လုယက္ရာမွာ အသုံးျပဳတဲ့ ၅၁ယ/၅၂၁၂၂ Wave 100 ဌက္ခါးေရာင္ဆိုင္ကယ္ကိုလည္း သိမ္းဆည္းရမိခဲ့ပါ တယ္။

ဖမ္းဆီးရမိသူကေတာ့ ေဇာ္ထက္လင္း(၂၀)ႏွစ္ (ဘ)ဦးစိုးႏိုင္ မြတ္ဆလင္/အစၥလာမ္ က်ဘမ္းလုပ္ ရန္ေျပလမ္း ေဇယ်ာၿမိဳင္ရပ္
ေမာ္လၿမိဳင္ၿမိဳ႕ျဖစ္ၿပီး
ထြက္ေျပးလြတ္ေျမာက္သြားသူမွာ ႂကြက္ေျပး(ခ)မူဆာလစ္(၂၂)ႏွစ္
(ဘ)ဦးစိုးလြင္ မြတ္ဆလင္/အစၥလာမ္ က်ဘမ္းလုပ္ ရန္ေျပလမ္း
ေဇယ်ာၿမိဳင္ရပ္ကြက္ ေမာ္လၿမိဳင္ၿမိဳ႕ျဖစ္ေၾကာင္း သိရပါသည္။

ဖမ္းဆီးရမိတဲ့ တရားခံကို စစ္ေဆးေျမးျမန္းရာ ေဆးမႈျဖင့္ ေထာင္က် ေနရာမွ (17.4.2020)ရက္ေန႔က လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္
လြတ္ေျမာက္လာသူျဖစ္ေၾကာင္း သိရသည္။ ဖမ္းဆီးရမိသည့္ တရားခံ
ကိုေတာ့ ၿမိဳင္သာယာနယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေအာင္ေက်ာ္မိုး ႏွင့္အဖြဲ႕မွ ခ်က္ခ်င္းေရာက္လာ၍ ဖမ္းဆီးေခၚေဆာင္သြားၿပီး ထြက္ေျပး လြတ္ေျမာက္သြားသည့္ တရားခံ ဖမ္းဆီးရမိေရးအတြက္ ဆက္လက္ ေဆာင္႐ြက္ေနလွ်က္ရွိပါသည္။

Zin Moe


Post a Comment

Previous Post Next Post