မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ ရောဂါဘေးကို ဖြေရှင်းနိုင်ဖို့ အလှူရှင်တွေ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။ တတ်နိုင်သူတွေက သဒ္ဓါဖွေးဖြူစွာ လှူဒါန်းပေးကြသလို သင်္ကြန်တွင်းမှာ လက်လုပ်လက်စားတွေ အခက်မတွေ့စေဖို့ ဆန်၊ ဆီ၊ ဆား ၊ ပဲ ၊ ကြက်သွန် ကို ဧပြီလ (၁၀) ရက်နေ့မှ စတင်ပြီး ဖြန့်ဖြူးဝေငှပေးသွားမှာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပြီးသားပါ။

ပြည်သူတွေအားလုံး ဝိုင်းဝန်းဆောင်ရွက်ရမယ့် အရေးမှာ အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍကလည်း သက်ရောက်မှု ကြီးမားပါတယ်။ အနုပညာရှင်တွေရဲ့ လှူဒါန်းမှုမှာ ပရိသတ်တွေလည်း ထည့်ဝင်ကြတာမို့ ပိုပြီး ထိရောက်မှု ရှိနိုင်တာပါ။ ပြည်သူတွေရဲ့ အချစ်တော် မင်းသားချော နေတိုးကတော့ လိုအပ်နေချိန်တိုင်းမှာ အသင့်ရှိနေသူပီပီ ယခုတစ်ခါမှာလည်း ကျပ်သိန်း (၁၀၀) ကို ထည့်ဝင်လှူဒါန်းလိုက်ပြန်ပါပြီ။ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး နေတိုးက ကိုယ်ပိုင်အကောင့်ကနေ ခုလို ရေးတင်ထားပါတယ်။


အေျခခံလူတန္းစားမ်ားအတြက္ လႉဒါန္းမႈအစီအစဥ္မွာ သိန္း (၁၀၀) ထည့္ဝင္လိုက္တဲ့ ေနတိုး
“ပရိသတ်များအားလုံးမဂ်လာပါခင်ဗျာ..COVID-19 ကာကွယ်ထိန်ချုပ်ရေးနဲ့ ဆက်စပ်၍ အရေးကြီးကာလအတွင်းပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအတွက်အိမ်ထောင်စု(၁)စုလျှင်ဆန်(၈)ပြည် ဆီ(၅၀)ကျပ်သား ဆား(၅၀)ကျပ်သား ပဲ(၁) ပိဿာကြက်သွန်(၁) ပိဿာစုစုပေါင်းထောက်ပံ့ကူညီမှု(၅)မျိုးစီကို ၂၀၂၀ပြည့်နှစ် ဧပြီလ ၁၀ရက်နေ့မှစတင်၍အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးမည်ဆိုတာသိရလို့ အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်
အေျခခံလူတန္းစားမ်ားအတြက္ လႉဒါန္းမႈအစီအစဥ္မွာ သိန္း (၁၀၀) ထည့္ဝင္လိုက္တဲ့ ေနတိုး
အခုလို ပြည်သူများအားထောက်ပံ့ကူညီမှုများပြုလုပ်နိုင်ရန်အတွက် အထက်ပါအစီအစဉ်တွင်အလှူငွေ သိန်း(၁၀၀)ကိုထပ်မံလှူဒါန်းဖြစ်ပါတယ်ခင်ဗျာအားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ရောဂါဘယ ကင်းဝေးကြပါစေကြောင်းဆုတောင်းမေတ္တာပို့သရင်း.. နေတိုး” ဆိုပြီး ပရိသတ်တွေ သာဓုခေါ်နိုင်အောင် ပြောပြပေးတာ ဖြစ်ပါတယ်။နေတိုးရဲ့ လှူဒါန်းမှုအပေါ် စိုင်းစိုင်းခမ်းလှိုင်ကလည်း သာဓုခေါ်သလို ပရိသတ်တွေကလည်း နှစ်ထောင်းအားရ ချီးကျူးကြတာ ဖြစ်ပါတယ်။

Zawgyi

ျမန္မာႏိုင္ငံမွာ လက္ရွိ ရင္ဆိုင္ေနရတဲ့ ေရာဂါေဘးကို ေျဖရွင္းႏိုင္ဖို႔ အလႉရွင္ေတြ အေရးတႀကီး လိုအပ္ေနတာ ျဖစ္ပါတယ္။ တတ္ႏိုင္သူေတြက သဒၶါေဖြးျဖဴစြာ လႉဒါန္းေပးၾကသလို သၾကၤန္တြင္းမွာ လက္လုပ္လက္စားေတြ အခက္မေတြ႕ေစဖို႔ ဆန္၊ ဆီ၊ ဆား ၊ ပဲ ၊ ၾကက္သြန္ ကို ဧၿပီလ (၁၀) ရက္ေန႔မွ စတင္ၿပီး ျဖန႔္ျဖဴးေဝငွေပးသြားမွာျဖစ္ေၾကာင္း ႏိုင္ငံေတာ္ သမၼတ႐ုံးက ေၾကညာခ်က္ ထုတ္ျပန္ၿပီးသားပါ။

ျပည္သူေတြအားလုံး ဝိုင္းဝန္းေဆာင္႐ြက္ရမယ့္ အေရးမွာ အႏုပညာရွင္ေတြရဲ႕ အခန္းက႑ကလည္း သက္ေရာက္မႈ ႀကီးမားပါတယ္။ အႏုပညာရွင္ေတြရဲ႕ လႉဒါန္းမႈမွာ ပရိသတ္ေတြလည္း ထည့္ဝင္ၾကတာမို႔ ပိုၿပီး ထိေရာက္မႈ ရွိႏိုင္တာပါ။ ျပည္သူေတြရဲ႕ အခ်စ္ေတာ္ မင္းသားေခ်ာ ေနတိုးကေတာ့ လိုအပ္ေနခ်ိန္တိုင္းမွာ အသင့္ရွိေနသူပီပီ ယခုတစ္ခါမွာလည္း က်ပ္သိန္း (၁၀၀) ကို ထည့္ဝင္လႉဒါန္းလိုက္ျပန္ပါၿပီ။ လႉဒါန္းမႈနဲ႔ ပတ္သက္ၿပီး ေနတိုးက ကိုယ္ပိုင္အေကာင့္ကေန ခုလို ေရးတင္ထားပါတယ္။

“ပရိသတ္မ်ားအားလုံးမဂ္လာပါခင္ဗ်ာ..COVID-19 ကာကြယ္ထိန္ခ်ဳပ္ေရးနဲ႔ ဆက္စပ္၍ အေရးႀကီးကာလအတြင္းပုံမွန္ဝင္ေငြမရွိေသာအေျခခံလူတန္းစားမ်ားအတြက္အိမ္ေထာင္စု(၁)စုလွ်င္ဆန္(၈)ျပည္ ဆီ(၅၀)က်ပ္သား ဆား(၅၀)က်ပ္သား ပဲ(၁) ပိႆာၾကက္သြန္(၁) ပိႆာစုစုေပါင္းေထာက္ပံ့ကူညီမႈ(၅)မ်ိဳးစီကို ၂၀၂၀ျပည့္ႏွစ္ ဧၿပီလ ၁၀ရက္ေန႔မွစတင္၍အခမဲ့ ျဖန႔္ျဖဴးေထာက္ပံ့ေပးမည္ဆိုတာသိရလို႔ အရမ္းဝမ္းသာပီတိျဖစ္မိပါတယ္

အခုလို ျပည္သူမ်ားအားေထာက္ပံ့ကူညီမႈမ်ားျပဳလုပ္ႏိုင္ရန္အတြက္ အထက္ပါအစီအစဥ္တြင္အလႉေငြ သိန္း(၁၀၀)ကိုထပ္မံလႉဒါန္းျဖစ္ပါတယ္ခင္ဗ်ာအားလုံးပဲ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး ေရာဂါဘယ ကင္းေဝးၾကပါေစေၾကာင္းဆုေတာင္းေမတၱာပို႔သရင္း.. ေနတိုး” ဆိုၿပီး ပရိသတ္ေတြ သာဓုေခၚႏိုင္ေအာင္ ေျပာျပေပးတာ ျဖစ္ပါတယ္။ေနတိုးရဲ႕ လႉဒါန္းမႈအေပၚ စိုင္းစိုင္းခမ္းလႈိင္ကလည္း သာဓုေခၚသလို ပရိသတ္ေတြကလည္း ႏွစ္ေထာင္းအားရ ခ်ီးက်ဴးၾကတာ ျဖစ္ပါတယ္။

Post a Comment

Previous Post Next Post