Unicode

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုး ကူးစက်ခံရမှုပြသနာနှင့် ရင်ဆိုင်လာရပြီဖြစ်သည့် နိုင်ငံသူနိုင်ငံသားများအတွက် မြန်မာနိုင်ငံတွင်းရှိ ထိပ်တန်းသူဌေးကြီးများစွာထဲမှ အများဆုံးသော လှူဒါန်းမှုအဖြစ် ကမ္ဘောဇလုပ်ငန်းစု နာယက ဦးအောင်ကိုဝင်းက ကျပ်သိန်းပေါင်း ၂၀၀၀၀ နီးပါး လှူဒါန်းပေးအပ်ထားပြီဖြစ်ကြောင်း သတင်းရရှိသည်။


ဦးအောင်ကိုဝင်း ဗိုင်းရပ်စ်ကပ်ဆိုးကို ခုခံကာကွယ်ရေးအတွက် နိုင်ငံတော်အစိုးရကိုယ်တိုင်က ငွေကြေးအလှူများစွာလိုအပ်နေချိန်တွင် မြန်မာနိုင်ငံ၏ပရဟိတသူဌေးကြီးအဖြစ် နာမည်ကျော်ကြားလှသူ ဦးအောင်ကိုဝင်းက ကျပ်သိန်းထောင်ချီ စတင်လှူဒါန်းပြခဲ့ခြင်းလည်း ဖြစ်သည်။ အထူးသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဘက်က လိုအပ်လျှက်ရှိသော ဆေးဘက်ဆိုင်ရာသုံးဝတ်စုံများနှင့်ဆက်စပ်ပစ္စည်းများကို ၎င်းပိုင်ဆိုင်သည့် MAI လေယာဉ်ဖြင့် တရုတ်နိုင်ငံမှတစ်ဆင့် ကြိုတင်ဝယ်ယူသယ်ဆောင်လှူဒါန်းပေးခဲ့ခြင်းလည်း ရှိခဲ့ကြောင်း သိရသည်။


” တကယ်တမ်းပြောရင် ကမ္ဘာအရပ်ရပ်မှာ ကိုယ့်ထက်ချမ်းသာတဲ့သူတွေအများကြီးကလည်း လိုအပ်နေတာပဲ။ ကျွန်တော်က ကြိုတင်ပြီးတော့ မှာထားခဲ့လို့အချိန်မီ ရောက်လာတာ။ အကုန်လုံး အလုအယက်တွေ ဝယ်နေကြတာ ” ဟု ဦးအောင်ကိုဝင်းက အကုန်သိသတင်းဌာနကို ဧပြီလ(၈)ရက်ညပိုင်း၌ ပြောသည်။ အစိုးရဌာနဆိုင်ရာများတွင် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများ လိုအပ်ချက်ရှိလိမ့်ကို ကြိုတင်တွက်၍ ပြင်ဆင်ခဲ့ခြင်းအပြင် ပြည်ပနိုင်ငံအသီးသီးမှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများမှာ ကျေးလက်ဒေသများသို့ရောက်ရှိနေပြီးဖြစ်သည့်အတွက် ကျေးလက်အဆင့်ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာပစ္စည်းလိုအပ်ချက်ဖြစ်ပေါ်မည်ကိုလည်း စိုးရိမ်မိကြောင်း ဆိုသည်။ ” ကျေးလက်ဆေးပေးခန်းတွေနဲ့တိုက်နယ်ဆေးရုံတွေကျတော့ အထက်က ချပေးမယ့်ဆေးတွေ အချိန်မီမရောက်သေးမှာ ကျွန်တော် စိတ်ပူတယ်။ ဒါကြောင့် ကျပ်သိန်း ၃၀၀၀ ရံပုံငွေထုတ်ပြီး မနက်ဖြန်ကနေစပြီးတော့ ချက်ခြင်း ဒေသအရောက်ပို့ဆောင်လှူဒါန်းမယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးက ပြည်တော်ပြန်တွေ ရှိတဲ့နေရာတွေဆီကိုပေ့ါ ” ဟု ဦးအောင်ကိုဝင်း ဆက်လက်ပြောကြားသည်။


ရှမ်းပြည်နယ်အတွင်း၌လည်း တစ်ဦးလျှင် ဆန် (၃) ပြည်၊ ကုလားပဲ (၁) ပိသာ၊ ဆီ (၁၈) ကျပ်သား ပါဝင်သော ရိက္ခာထုပ်ပေါင်း တစ်သိန်းကို ပြည်နယ်အစိုးရနှင့်ပူးပေါင်းလှူဒါန်းသွားရန် ပြင်ဆင်ထားကြောင်း သိရသည်။ ကမ္ဘောဇဘဏ်၏ထုတ်ပြန်ချက်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ကုသရေးအတွက် နိုင်ငံတော်မှတစ်ဆင့် ပြည်သူများထံသို့လှူဒါန်းမှု ကျပ်သိန်းပေါင်း ၁၉၆၂၄ ကျော်ရှိလာပြီဟု သိရသည်။ ယင်းကဲ့သို့လှူဒါန်းမှုများအပြင် နောက်ထပ်လိုအပ်မှုများ ဖြစ်ပေါ်လာပါကလည်း ဆက်လက်လှူဒါန်းသွားရန် စီစဉ်ထားကြောင်း သိရသည်။


လက်ရှိကာလအတွင်း နိုင်ငံသူနိုင်ငံသားအားလုံးနီးပါး ဆေးဘက်ဆိုင်ရာပစ္စည်းမှအစ စားသောက်ဖွယ်ရာများအထိ လိုအပ်ချက်များစွာ ဖြစ်ပေါ်နေချိန်၌ နာမည်ကျော်လုပ်ငန်းရှင်များစွာက ပရဟိတစိတ်ပြည့်ဝစွာဖြင့် လှူဒါန်းမှုမျိုးစုံလုပ်ဆောင်နေကြကြောင်း သိရသည်။

Zawgyi

ကုိရုိနာဗုိင္းရပ္စ္ကပ္ေရာဂါပုိး ကူးစက္ခံရမႈျပသနာႏွင့္ ရင္ဆုိင္လာရျပီျဖစ္သည့္ ႏုိင္ငံသူႏုိင္ငံသားမ်ားအတြက္ ျမန္မာႏုိင္ငံတြင္းရွိ ထိပ္တန္းသူေဌးၾကီးမ်ားစြာထဲမွ အမ်ားဆုံးေသာ လွဴဒါန္းမႈအျဖစ္ ကေမၻာဇလုပ္ငန္းစု နာယက ဦးေအာင္ကုိ၀င္းက က်ပ္သိန္းေပါင္း ၂၀၀၀၀ နီးပါး လွဴဒါန္းေပးအပ္ထားျပီျဖစ္ေၾကာင္း သတင္းရရွိသည္။


ဦးေအာင္ကုိ၀င္း ဗုိင္းရပ္စ္ကပ္ဆုိးကုိ ခုခံကာကြယ္ေရးအတြက္ ႏုိင္ငံေတာ္အစုိးရကုိယ္တုိင္က ေငြေၾကးအလွဴမ်ားစြာလုိအပ္ေနခ်ိန္တြင္ ျမန္မာႏုိင္ငံ၏ပရဟိတသူေဌးၾကီးအျဖစ္ နာမည္ေက်ာ္ၾကားလွသူ ဦးေအာင္ကုိ၀င္းက က်ပ္သိန္းေထာင္ခ်ီ စတင္လွဴဒါန္းျပခဲ့ျခင္းလည္း ျဖစ္သည္။ အထူးသျဖင့္ က်န္းမာေရးႏွင့္အားကစား၀န္ၾကီးဌာနဘက္က လုိအပ္လွ်က္ရွိေသာ ေဆးဘက္ဆုိင္ရာသုံး၀တ္စုံမ်ားႏွင့္ဆက္စပ္ပစၥည္းမ်ားကုိ ၄င္းပုိင္ဆုိင္သည့္ MAI ေလယာဥ္ျဖင့္ တရုတ္ႏုိင္ငံမွတစ္ဆင့္ ၾကိဳတင္၀ယ္ယူသယ္ေဆာင္လွဴဒါန္းေပးခဲ့ျခင္းလည္း ရွိခဲ့ေၾကာင္း သိရသည္။


” တကယ္တမ္းေျပာရင္ ကမၻာအရပ္ရပ္မွာ ကုိယ့္ထက္ခ်မ္းသာတဲ့သူေတြအမ်ားၾကီးကလည္း လုိအပ္ေနတာပဲ။ ကၽြန္ေတာ္က ၾကိဳတင္ျပီးေတာ့ မွာထားခဲ့လုိ ့အခ်ိန္မီ ေရာက္လာတာ။ အကုန္လုံး အလုအယက္ေတြ ၀ယ္ေနၾကတာ ” ဟု ဦးေအာင္ကုိ၀င္းက အကုန္သိသတင္းဌာနကုိ ဧျပီလ(၈)ရက္ညပုိင္း၌ ေျပာသည္။ အစုိးရဌာနဆုိင္ရာမ်ားတြင္ ေဆးဘက္ဆုိင္ရာသုံးပစၥည္းမ်ား လုိအပ္ခ်က္ရွိလိမ့္ကုိ ၾကိဳတင္တြက္၍ ျပင္ဆင္ခဲ့ျခင္းအျပင္ ျပည္ပႏုိင္ငံအသီးသီးမွ ေနရပ္ျပန္လာသည့္ ျမန္မာႏုိင္ငံသားမ်ားမွာ ေက်းလက္ေဒသမ်ားသုိ ့ေရာက္ရွိေနျပီးျဖစ္သည့္အတြက္ ေက်းလက္အဆင့္ေဆးရုံမ်ားတြင္ ေဆးဘက္ဆုိင္ရာပစၥည္းလုိအပ္ခ်က္ျဖစ္ေပၚမည္ကုိလည္း စုိးရိမ္မိေၾကာင္း ဆုိသည္။ ” ေက်းလက္ေဆးေပးခန္းေတြနဲ ့တုိက္နယ္ေဆးရုံေတြက်ေတာ့ အထက္က ခ်ေပးမယ့္ေဆးေတြ အခ်ိန္မီမေရာက္ေသးမွာ ကၽြန္ေတာ္ စိတ္ပူတယ္။ ဒါေၾကာင့္ က်ပ္သိန္း ၃၀၀၀ ရံပုံေငြထုတ္ျပီး မနက္ျဖန္ကေနစျပီးေတာ့ ခ်က္ျခင္း ေဒသအေရာက္ပုိ ့ေဆာင္လွဴဒါန္းမယ္။ တုိင္းနဲ ့ျပည္နယ္အသီးသီးက ျပည္ေတာ္ျပန္ေတြ ရွိတဲ့ေနရာေတြဆီကုိေပ့ါ ” ဟု ဦးေအာင္ကို၀င္း ဆက္လက္ေျပာၾကားသည္။


ရွမ္းျပည္နယ္အတြင္း၌လည္း တစ္ဦးလွ်င္ ဆန္ (၃) ျပည္၊ ကုလားပဲ (၁) ပိသာ၊ ဆီ (၁၈) က်ပ္သား ပါဝင္ေသာ ရိကၡာထုပ္ေပါင္း တစ္သိန္းကို ျပည္နယ္အစုိးရႏွင့္ပူးေပါင္းလွဴဒါန္းသြားရန္ ျပင္ဆင္ထားေၾကာင္း သိရသည္။ ကေမၻာဇဘဏ္၏ထုတ္ျပန္ခ်က္တြင္ ကုိရုိနာဗုိင္းရပ္စ္ကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္ ႏုိင္ငံေတာ္မွတစ္ဆင့္ ျပည္သူမ်ားထံသုိ ့လွဴဒါန္းမႈ က်ပ္သိန္းေပါင္း ၁၉၆၂၄ ေက်ာ္ရွိလာျပီဟု သိရသည္။ ယင္းကဲ့သုိ ့လွဴဒါန္းမႈမ်ားအျပင္ ေနာက္ထပ္လုိအပ္မႈမ်ား ျဖစ္ေပၚလာပါကလည္း ဆက္လက္လွဴဒါန္းသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။


လက္ရွိကာလအတြင္း ႏုိင္ငံသူႏုိင္ငံသားအားလုံးနီးပါး ေဆးဘက္ဆုိင္ရာပစၥည္းမွအစ စားေသာက္ဖြယ္ရာမ်ားအထိ လုိအပ္ခ်က္မ်ားစြာ ျဖစ္ေပၚေနခ်ိန္၌ နာမည္ေက်ာ္လုပ္ငန္းရွင္မ်ားစြာက ပရဟိတစိတ္ျပည့္၀စြာျဖင့္ လွဴဒါန္းမႈမ်ဳိးစုံလုပ္ေဆာင္ေနၾကေၾကာင္း သိရသည္။

အကုန္သိ

Post a Comment

Previous Post Next Post