ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ တောမှော်ကျေးရွာနှင့် ၆ မိုင်ခန့်အကွာ တောအတွင်း၌ ညအိပ်ထင်းရှာသူ လေးဦးနေထိုင်ရာတဲအတွင်းသို့ ဧပြီ ၂၄ ရက်နေ့ နံနက် ၁ နာရီခန့်က တောဆင်ရိုင်း ၃ ကောင် ဝင်နင်းမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နေအိမ်တဲအတွင်း အိပ်စက်နေသော အမျိုးသားလေးဦးအား တောဆင်ရိုင်း ၃ ကောင်မှ ဝင်နင်းမှုကြောင့် တောမှော်ကျေးရွာတွင် နေထိုင်ကြသည့် ဦးမောင်အိုက်၊ (၄၅)နှစ်နှင့် ဦးမင်းရွှေ၊ (၄၀)နှစ်တို့ နေရာတွင် သေဆုံးခဲ့ပြီး ဦးလောပေါနှင့်ဦးမောင်တူးတို့ ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း သိရသည်။
တောမှော်ကျေးရွာသည် ထင်းရောင်းချခြင်းနှင့် မီးသွေးဖုတ်လုပ်ငန်းတို့ဖြင့် အသက်မွေးကြ သူ အများစု နေထိုင်ကြပြီး တောဆင်ရိုင်း အန္တရာယ်ကို ရံဖန်ရံခါ ကြုံတွေ့ကြရကြောင်း သိရသည်။

Zawgyi

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စု၊ ေတာေမွာ္ေက်း႐ြာႏွင့္ ၆ မိုင္ခန႔္အကြာ ေတာအတြင္း၌ ညအိပ္ထင္းရွာသူ ေလးဦးေနထိုင္ရာတဲအတြင္းသို႔ ဧၿပီ ၂၄ ရက္ေန႔ နံနက္ ၁ နာရီခန႔္က ေတာဆင္႐ိုင္း ၃ ေကာင္ ဝင္နင္းမႈေၾကာင့္ လူႏွစ္ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

ေနအိမ္တဲအတြင္း အိပ္စက္ေနေသာ အမ်ိဳးသားေလးဦးအား ေတာဆင္႐ိုင္း ၃ ေကာင္မွ ဝင္နင္းမႈေၾကာင့္ ေတာေမွာ္ေက်း႐ြာတြင္ ေနထိုင္ၾကသည့္ ဦးေမာင္အိုက္၊ (၄၅)ႏွစ္ႏွင့္ ဦးမင္းေ႐ႊ၊ (၄၀)ႏွစ္တို႔ ေနရာတြင္ ေသဆုံးခဲ့ၿပီး ဦးေလာေပါႏွင့္ဦးေမာင္တူးတို႔ ထြက္ေျပးလြတ္ေျမာက္ ခဲ့ေၾကာင္း သိရသည္။

ေတာေမွာ္ေက်း႐ြာသည္ ထင္းေရာင္းခ်ျခင္းႏွင့္ မီးေသြးဖုတ္လုပ္ငန္းတို႔ျဖင့္ အသက္ေမြးၾက သူ အမ်ားစု ေနထိုင္ၾကၿပီး ေတာဆင္႐ိုင္း အႏၲရာယ္ကို ရံဖန္ရံခါ ႀကဳံေတြ႕ၾကရေၾကာင္း သိရသည္။

Credit တာလင္းေမာင္(ျပန္/ဆက္)

Post a Comment

Previous Post Next Post