အနောက်ပိုင်း‌ဆေးရုံမှာ အနီးကပ် ‌စောင့်ကြည့်ကုသမှု ‌ပေး‌နေတယ်လို့ သိရပါတယ်။ယခု သံသယလူနာ ၂ ဦးဟာ တစ်အိမ်တည်း အတူနေသူတွေ ဖြစ်ပြီး နှစ်ဦးစလုံးက အသက် ၆၀ကျော်အရွယ်တွေဖြစ်ကာ သွေးတိုး၊ဆီးချို ရောဂါအခံတွေ ရှိတယ်လို့ သိရပါတယ်။ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းတောင်(အနောက်)ရပ်ကွက်ရှိ ပန်းပင်ကြီးလမ်းမှာ COVID-19 ရောဂါ လက္ခာဏာနှင့်ဆင်တူသည့် လူနာ၂ဦး တွေ့ရှိရတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမင်း အတည်ပြုပြောပါတယ်။
အဆိုပါ လူနာနှစ်ဦးက ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊နှာစေးခြင်းစတဲ့ COVID-19 ရောဂါလက္ခဏာနှင့်ဆင်တူတဲ့ ဝေဒနာ ခံစားနေရလို့ အနောက်ပိုင်းဆေးရုံကြီးကို သွားရောက်ပြသရာမှာတော့ ဆေးရုံက COVID-19 ရောဂါ ကြောင့် ဖြစ်တာလား အခြားရောဂါကြောင့်လားဆိုတာ အနီးကပ်စောင့်ကြည့် ကုသပေးလျက်ရှိတယ်လို့လည်းသိရ ပါတယ်။“ဆေးရုံကတော့ မြို့နယ် ကျန်းမာရေးဌနကတဆင့် ကျွန်တော်ဆီကို ဒီနေ့ ညနေလောက်မှာ သံသယလူနာ ဟုတ် မဟုတ် အကြောင်းကြားပေးမယ်လို့ သိထားရပါတယ်။လောလောဆယ်တော့ သူတို့နှစ်ဦးကို အနောက်ပိုင်း ဆေးရုံ မှာ ထားရှိကုသပေးနေတယ်လို့ သိရပါတယ်။”လို့ ဦးအောင်စိုးမင်းက ပြောပါတယ်။
တစ်အိမ်တည်း အတူနေသူတွေ ဖြစ်ပြီး တစ်ဦးက အသက် ၆၀ကျော်အရွယ် အမျိုးသားဖြစ်ကာ ကျန်တစ်ဦး ကလည်း အသက် ၆၀ကျော်အရွယ် အမျိုးသမီး ဖြစ်ပါတယ်။ လူနာ ၂ဦးစလုံးမှာ သွေးတိုးနှင့်ဆီချို ရောဂါအခံ ရှိတယ်လို့လည်း သိရပါတယ်။“တစ်အိမ်တည်းအတူနေတဲ့မိသားစုဝင်တွေပါ၊ အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်၃ဦးမှာ ကလေးတစ်ဦးပါပါတယ်၊ကျန်ခဲ့တဲ့ မိသားစုဝင်‌တွေမှာလည်း ချောင်းဆိုနေသူ ရှိ တယ်လို့ သိရပါတယ်။ဆေးဖြန်းမှုတွေလည်း လုပ်ထားပါတယ်။”လို့ ဦးအောင်စိုးမင်းက ဆက်လက်ပြောပါတယ်။
အိမ်မှာ ကျန်ရှိခဲ့တဲ့ မိသားစုဝင် ၃ဦးကိုလည်း လက်ရှိမှာ နေအိမ်မှာပဲ နေဖို့ ညွှန်ကြားထားပြီး သံသယလူနာ ၂ ဦးမှာ ရောဂါပိုးတွေ့ရှိပါက မိသားစုဝင် ၃ဦးကိုလည်း Facility Quarantine ထားရှိသွားမယ်လို့သိရပါတယ်။ဗဟန်းမြို့နယ်က အသက် ၄၅နှစ်အရွယ် အမျိုးသမီးကိုလည်း ရန်ကုန်အနောက်ပိုင်းဆေးရုံးကြီးမှာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ရောဂါပိုးတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားတာရှိပါတယ်။

ဓူဝံ

Post a Comment

Previous Post Next Post