ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်ဒိုနီးရှားမှာ ဆရာဝန် (၂၅) ယောက် သေဆုံးသွားခြင်း နှင့် ကမ္ဘာတဝန်း နောက်ဆုံးအခြေအနေ…

🇲🇲 မြန်မာနိုင်ငံမှာ ယနေ့အထိ COVID-19 တွေ့သူ (22) ယောက်ရှိပြီး သေဆုံးသူ 1 ယောက် ရှိပါပြီ။ မနေ့က ပိုးရှိသူအသစ် 1 ယောက်တွေ့ပါတယ်။

အခု Case 22 ဟာ Case 21 နဲ့ ဟော်တယ်မှာ တစ်ခန်းထဲ အတူနေခဲ့သူပါ။

🌎 ကမ္ဘာမှာ မနေ့က ပိုးတွေ့သူ 1.3 သန်းကျော်သွားပြီ ဖြစ်ပါတယ်။

အာစီယံဒေသအတွင်းအခြေအနေ…

🇸🇬 စင်ကာပူမှာ ရောဂါရှိသူအသစ် 66 ယောက် တွေ့ခဲ့ပါတယ်။ ပြည်တွင်းတွေ့သူ 65 ယောက်ရှိပါတယ်။ စုစုပေါင်း 1375 ရှိပါပြီ။ အသစ်တွေ့သူထဲက 24 ယောက်ဟာ လုပ်သားတွေ အဆောင်ကပါ။ အသစ်တွေ့တဲ့ ကူးစက်ရာ Cluster နှစ်နေရာက Little Gems Preschool နဲ့ Kranji Lodge တို့ဖြစ်ပါတယ်။

စင်ကာပူမှာ နေ့စဉ် Test 2000 လုပ်ပေးနေပြီး အခုချိန်အထိ Test ပေါင်း 65000 ပြုလုပ်ပြီးပါပြီတဲ့။
🇮🇩 အင်ဒိုနီးရှားမှာ တွေ့သူ 2491 ယောက်ရှိကာ သေသူ 209 ယောက်ရှိပါပြီ။ အင်ဒိုနီးရှားဟာ ရောဂါရှိသူ 95000 အထိ နောက်အပတ်မှာ ဖြစ်သွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ အဲ့ဒီခန့်မှန်းချက်ကို သမ္မတ ဝီဒိုဒိုရဲ့ ကက်ဘိနက်အစည်းအဝေးမှာ ဆွေးနွေးနေကြပါပြီ။ အခုအချိန်အထိ အနည်းဆုံး ဆရာဝန် 19 ယောက်နဲ့ သွားဆရာဝန် 6 ယောက် သေဆုံးခဲ့ပါပြီ။
မလေးရှားမှာ တွေ့ရှိသူ 3793 ယောက် အထိ ရှိလာပြီး သေဆုံးသူ 62 ယောက်ရှိပါပြီ။ ပထမဆုံး အကြီးဆုံးကူးစက်မှုက Sri Petaling ဗလီပါ။ အခုထိ 1624 ယောက် ရှိပါပြီ။ ဒုတိယ အများဆုံးကူးစက်မှုက church တစ်ခုကပါ။ တတိယက မင်္ဂလာဆောင်တစ်ခုကပါ။

မလေးရှားမှာ Heineken နဲ့ Carlsberg beer စက်ရုံတွေဖွင့်ခွင့်ပေးထားပြီးမှ စက်ရုံပါမစ်ပိတ်ထားပါတယ်။ ဘီယာဟာမရှိမဖြစ် လုပ်ငန်းဟုတ်မဟုတ် မေးခွန်းထုတ်လာကြလို့ပါ။

🇱🇦 လာအို တွေ့သူ 12 ယောက်ရှိသွားပါပြီ။ အသစ် 1 ယောက်တိုးပါတယ်။

ကျန်အာရှနိုင်ငံများ အခြေအနေ…

🇨🇳 တရုတ်မှာ Lockdown ကို ဖြေလျော့ပေးလိုက်တာနဲ့ လူတွေဟာ စုပြုံပြီး အပန်းဖြေစခန်းရှိရာကို သွားတိုးကြပါတယ်။ အခန်းအောင်းနေခဲ့ရတဲ့ မွမ်းကျပ်မှုကို ဖြေလျော့ဖို့ ကြိုးစားကြပုံ ရပါတယ်။

🇮🇳 အိန္ဒိယမှာ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဆရာဝန် 3 ယောက်နဲ့ သူနာပြု 26 ယောက်ကို ကူးစက်သွားအပြီးမှာ ကူးစက်မှု ကာကွယ်ဖို့ လူနာအသစ်လက်ခံမှု ရပ်လိုက်ရပါတယ်။ ဝန်ကြီးချုပ်မိုဒီရဲ့ 21 ရက် Lockdown ကိုမလိုက်နာပဲ လမ်းထွက်သူတွေကို ရဲတွေက နားရွက်ဆွဲထိုင်ထလုပ်ခိုင်းပြီး ဒဏ်ပေးနေပါတယ်။

ကျန်နိုင်ငံများ အခြေအနေ…

🇺🇸 အမေရိကန်နိုင်ငံမှာ တွေ့သူ 366979 ယောက် ရှိလာပါပြီ။ သေဆုံးသူ 10871 ယောက်ရှိပါပြီ။ မနေ့က အသစ် 30306 တွေ့ခဲ့ပါတယ်။ တကယ်တော့ သမ္မတ Trump ရဲ့ ကူးစက်ရောဂါကျွမ်းကျင်သူက 2017 ခုနှစ်ကတည်းက ဒီလိုကပ်ဆိုးမျိုးအတွက် ကြိုသတိပေးခဲ့တာပါ။

အမေရိကန်က အစိုးရဌာနတွေဟာ မတ်လလယ်အထိ စောင့်နေခဲ့ကြပြီးမှ အသည်းအသန် PPE တွေ၊ Mask တွေနဲ့ တခြားဆေးပစ္စည်းတွေကို ထမှာခဲ့ကြတာပါ။ ဒါကြောင့် ဒီကပ်ရောဂါရောက်ချိန်မှာ ဆေးရုံတွေမှာ ပြင်ဆင်မှု အားနည်းခဲ့ပါတယ်တဲ့။

အမေရိကန် လေယာဉ်တင်သင်္ဘောကြီး USS Theodore Roosvelt ရဲ့ ဖယ်ရှားခံရတဲ့ ကပ္ပတိန်မှာ Positive တွေ့ခဲ့ပါတယ်။

Jaws ငါးမန်းကားထဲက ရဲကို အစီအမံညံ့ပြီး အန္တရာယ်ကို ကြိုတင်မကာကွယ်နိုင်ခဲ့လို့ ပါးရိုက်ခဲ့တဲ့ သရုပ်ဆောင် Lee Fierro 91 နှစ်ဟာ COVID-19 နဲ့ သေဆုံးသွားခဲ့ပါတယ်။

ဒစ္စနေရုပ်ရှင်ဟာ Mulan ဇာတ်ကားကို ဂျုလိုင်လ နဲ့ Marvel’s Black Widow ကို နိုဝင်ဘာလကို ရွှေ့ဆိုင်းလိုက်ပါတယ်။ Indiana Jones အသစ်ကိုလည်း ဂျုလိုင် 2020 ကို ရွှေ့လိုက်ပါတယ်။ လာမယ့် ဂျုလိုင်လမှာ အားလုံးပုံမှန်ပြန်ဖြစ်မယ်လို့ ဒစ္စနေက ယုံကြည်ပါသတဲ့။

🇪🇨 အီကွေဒေါမှာ ခေါင်းများမလုံလောက်တော့တဲ့အတွက် ခေါင်းအရွယ် Cardboard စက္ကူပုံးကို ချိုးပြီး သုံးနေရပါတယ်။



ဥရောပအခြေအနေ…

🇬🇧 UK ဝန်ကြီးချုပ် ဘောရစ်ဂျွမ်ဆန်ဟာ အခြေအနေဆိုးလာလို့ ICU ထဲမှာထားကာ ကျပ်ကျပ်မတ်မတ် ကုသနေရပါတယ်။

🇫🇷 ပြင်သစ်ပြည်မှာ ဒီ COVID ရောဂါကူးစက်မှုဟာ Notre Dame ဘုရားကျောင်းကြီးမီးလောင်သလို မြန်မြန် ရောဂါပြန့်သွားတယ်လို့ တင်စားကြပါတယ်။ ပဲရစ်မြို့ တောင်ဘက်က ဥရောပရဲ့ အကြီးဆုံး Rungis food market ကို ရင်ခွဲရုံအဖြစ် ပြောင်းခဲ့ရပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန် ရှေ့တန်းဆေးရုံကို သွားအလည်မှာ ဒေါသထွက်နေတဲ့ အာရုံကြောအထူးကုတစ်ယောက်က ချဲ့လင့်လုပ်ခဲ့ပါတယ်။

🇩🇪 ဂျာမနီနိုင်ငံ ဘာလင်မြို့တော် အာဏာပိုင်တွေဟာ တရုတ်ကမှာယူထားတဲ့ Mask တွေ လုံခြုံရေးအတွက် ဂျာမန်စစ်တပ်ကို အကူအညီတောင်းခဲ့ပါတယ်။

3M Company က ထုတ်တဲ့ FFP2 Mask ၂ သိန်းဟာ ထိုင်းကနေသိမ်းပြီး အမေရိကန်ကို အပို့ခံခဲ့ရတာကြောင့် နောက်မဖြစ်အောင် ဂျာမန်စစ်ဘက်လေကြောင်းနဲ့ သယ်မယ်လို့ ဆိုပါတယ်။

🇫🇷 ပြင်သစ်ကလည်း သူတို့အတွက် မှာယူထားတဲ့ Mask တွေကို အမေရိကန်က ဈေးပိုပေးကာ ဖြတ်ခုတ်ယူသွားတဲ့ ကိစ္စအတွက် မကျေနပ်ကြောင်း ပြောပါတယ်။

🇨🇦 ကနေဒါဝန်ကြီးချုပ်ကလည်း သမ္မတ Trump ရဲ့ 3M Company အပေါ် ကနေဒါကို 95 mask တွေ မပို့ဖို့ပိတ်ပင်တာကို ရှုံ့ချလိုက်ပါတယ်။



🇺🇦 ယူကရိန်းမှာ ရောဂါရှိသူမြင့်တက်လာချိန်မှာ ချာနိုဘိုင်းနယူးကလီးယားစက်ရုံအနီးက တောမီးကို အရေးပေါ်ငြိမ်းသက်နေရပါတယ်။ အသက် 27 နှစ်အရွယ် လူတစ်ယောက်ရဲ့ အပျော်အနေနဲ့ မြက်ပင်မီးရှို့မှု ကြောင့် မီးသတ်သမား 140 ဟာ ပုံမှန်ထက် 16 ဆ ရေဒီယိုသတ္တိကြွနေတဲ့ နေရာမှာ အသည်းအသန် မီးငြိမ်းသတ်နေရပါတယ်။

April 7 ရက်နေ့ ယနေ့မနက်သိရသမျှ COVID-19 အခြေအနေ ကိုဆက်ပါမယ်။

🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 1345751 ယောက်၊ သေသူ 74647 ယောက်။ ပြန်ကောင်းသူ 278428 ယောက်။ အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 5% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။ ပိတ်လိုက်တဲ့ case 353075 မှာ 278428 ပြန်ကောင်းပြီး 74647 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 21% အထိတက်လာပါတယ်။

🇺🇸 အမေရိကန် တွေ့သူ 367004, သေသူ 10871,

🇪🇸 စပိန် တွေ့သူ 136675, သေသူ 13341,

🇮🇹 အီတလီ တွေ့သူ 132547, သေသူ 16523,

🇩🇪 ဂျာမနီ တွေ့သူ 103374, သေသူ 1810,

🇫🇷 ပြင်သစ် တွေ့သူ 98010, သေသူ 8911,

🇨🇳 တရုတ်မှာ တွေ့သူ 81708, သေသူ 3331 ယောက်၊

🇮🇷 အီရန် တွေ့သူ 60500, သေသူ 3739,

🇬🇧 အင်္ဂလန် တွေ့သူ 51608, သေသူ 5373,

🇹🇷 တူရကီ တွေ့သူ 30217, သေသူ 649,

🇨🇭 ဆွစ်စလန် တွေ့သူ 21657, သေသူ 765,

🇧🇪 ဘယ်ဂျီယံ တွေ့သူ 20814, သေသူ 1632,

🇳🇱 နယ်သာလန် တွေ့သူ 18803, သေသူ 1867,

🇨🇦 ကနေဒါ တွေ့သူ 16667, သေသူ 323,

🇦🇹 အော်စတြီးယား တွေ့ 12297, သေသူ 220,

🇧🇷 ဘရာဇီး တွေ့သူ 12183, သေသူ 564,

🇵🇹 ပေါ်တူကီ တွေ့သူ 11730, သေသူ 311,

🇰🇷 တောင်ကိုရီးယား တွေ့သူ 10331, သေသူ 192,

🇮🇱 အစ္စရေး တွေ့သူ 8904, သေသူ 57,

🇸🇪 ဆွီဒင် တွေ့သူ 7206, သေသူ 477,

🇷🇺 ရုရှား တွေ့သူ 6343, သေသူ 47,

🇦🇺 ဩစတေးလျ တွေ့သူ 5895, သေသူ 46,

🇳🇴 နော်ဝေ တွေ့သူ 5865, သေသူ 76,

🇮🇪 အိုင်ယာလန် တွေ့သူ 5364, သေသူ 174,

🇨🇿 ချက် တွေ့သူ 4822, သေသူ 78,

🇨🇱 ချီလီ တွေ့သူ 4815, သေသူ 37,

🇮🇳 အိန္ဒိယ တွေ့သူ 4778, သေသူ 136,

🇩🇰 ဒန်းမတ် တွေ့သူ 4681, သေသူ 187,

🇵🇱 ပိုလန် တွေ့သူ 4413, သေသူ 107,

🇷🇴 ရိုမေးနီးယား တွေ့သူ 4057, သေသူ 176,

🇲🇾 မလေးရှား တွေ့သူ 3793, သေသူ 62,

🇵🇰 ပါကစ္စတန် တွေ့သူ 3766, သေသူ 53,

🇪🇨 အီကွေဒေါ တွေ့သူ 3747, သေသူ 191,

🇵🇭 ဖိလစ်ပိုင် တွေ့သူ 3660, သေသူ 163,

🇯🇵 ဂျပန် တွေ့သူ 3654, သေသူ 85,

🇱🇺 လူဇင်ဘတ် တွေ့သူ 2843, သေသူ 41,

🇸🇦 ဆော်ဒီ တွေ့သူ 2605, သေသူ 38,

🇵🇪 ပီရူး တွေ့သူ 2561, သေသူ 92,

🇮🇩 အင်ဒိုနီးရှား တွေ့သူ 2491, သေသူ 209,

🇹🇭 ထိုင်း တွေ့သူ 2220, သေသူ 26,

🇷🇸 ဆားဗီးယား တွေ့သူ 2200, သေသူ 58,

🇫🇮 ဖင်လန် တွေ့သူ 2176, သေသူ 27,

🇲🇽 မက္ကဆီကို တွေ့သူ 2143, သေသူ 94,

🇵🇦 ပနားမား တွေ့သူ 2100, သေသူ 55,

🇦🇪 ယူအေအီး တွေ့သူ 2076, သေသူ 11,

🇶🇦 ကာတာ တွေ့သူ 1832, သေသူ 4,

🇩🇴 ဒိုမေနီကန်ရီပတ်ဘလစ် တွေ့သူ 1828, သေသူ 86,

🇬🇷 ဂရိ တွေ့သူ 1755, သေသူ 79,

🇿🇦 တောင်အာဖရိက တွေ့သူ 1686, သေသူ 12,

🇦🇷 အာဂျင်တီးနား တွေ့သူ 1628, သေသူ 53,

🇨🇴 ကိုလံဘီယာ တွေ့သူ 1579, သေသူ 46,

🇮🇸 အိုက်စလန် တွေ့သူ 1562, သေသူ 6,

🇩🇿 အယ်ဂျီးရီးယား တွေ့သူ 1423, သေသူ 173,

🇸🇬 စင်ကာပူ တွေ့သူ 1375, သေသူ 6,

🇪🇬 အီဂျစ် တွေ့သူ 1322, သေသူ 85,

🇺🇦 ယူကရိန်း တွေ့သူ 1319, သေသူ 38,

🇭🇷 ခရိုအေးရှား တွေ့သူ 1222, သေသူ 16,

🇲🇦 မော်ရိုကို တွေ့သူ 1120, သေသူ 80,

🇪🇪 အက်စတိုးနီးယား တွေ့သူ 1108, သေသူ 19,

🇳🇿 နယူးဇီလန် တွေ့သူ 1106, သေသူ 1,

🇮🇶 အီရတ် တွေ့သူ 1031, သေသူ 64,

🇸🇮 စလိုဗန်းနီးယား တွေ့သူ 1021, သေသူ 30,

🇲🇩 မော်ဒိုဗာ တွေ့သူ 965, သေသူ 19,

🇭🇰 ဟောင်ကောင် တွေ့သူ 915, သေသူ 4,

🇱🇹 လစ်သူရေးနီးယား တွေ့သူ 843,သေသူ 15,

🇦🇲 အာမေးနီးယား တွေ့သူ 833, သေသူ 8,

🇧🇭 ဘာရိန်း တွေ့သူ 756, သေသူ 4,

🇭🇺 ဟန်ဂေရီ တွေ့သူ 744, သေသူ 38,

⛴️ Diamon Princess သင်္ဘော တွေ့သူ 712, သေသူ 11,

🇧🇾 ဘောလားရပ်စ် တွေ့သူ 700, သေသူ 13,

🇧🇦 ဘောစနီးယား တွေ့သူ 674, သေသူ 29,

🇰🇼 ကူဝိတ် တွေ့သူ 665, သေသူ 1,

🇰🇿 ကာဇက်စ္စတန် တွေ့သူ 662, သေသူ 6,

🇨🇲 ကင်မရွန်း တွေ့သူ 658, သေသူ 9,

🇦🇿 အဇာဘိုင်ဂျန် တွေ့သူ 641, သေသူ 7,

🇹🇳 တူနီးရှား တွေ့သူ 596, သေသူ 22,

🇲🇰 မြောက်မက်ဆီဒိုးနီးယား တွေ့သူ 570, သေသူ 23,

🇧🇬 ဘူဂေးရီးယား တွေ့သူ 549, သေသူ 22,

🇱🇻 လတ်ဗီးယား တွေ့သူ 542, သေသူ 1,

🇱🇧 လက်ဘနွန် တွေ့သူ 541, သေသူ 19,

🇸🇰 စလိုဗက် တွေ့သူ 534, သေသူ 2,

🇦🇩 အန်ဒိုရာ တွေ့သူ 525, သေသူ 21,

🇨🇷 ကော်စတရီကာ တွေ့သူ 467, သေသူ 2,

🇨🇾 ဆိုက်ပရပ်စ် တွေ့သူ 465, သေသူ 9,

🇺🇿 အူဘက်ကစ္စတန် တွေ့သူ 457, သေသူ 2,

🇺🇾 ယူရဂွေး တွေ့သူ 415, သေသူ 6,

🇦🇱 အယ်ဘေးနီးယား တွေ့သူ 377, သေသူ 21,

🇹🇼 ထိုင်ဝမ် တွေ့သူ 373, သေသူ 5,

🇦🇫 အာဖကန်နစ္စတန် တွေ့သူ 367, သေသူ 11,

🇧🇫 ဘာကီနာဖက်စကို တွေ့သူ 364, သေသူ 18,

🇨🇺 ကျုးဘား တွေ့သူ 350, သေသူ 9,

🇯🇴 ဂျော်ဒန် တွေ့သူ 349, သေသူ 6,

🏝️ လာရီယူနီယံ တွေ့သူ 349, သေသူ 0,

🇴🇲 အိုမန် တွေ့သူ 331, သေသူ 2,

🇯🇪 ချနယ်ကျွန်းစု တွေ့သူ 323, သေသူ 7,

🇨🇮 အိုင်ဗရီကို့စ် တွေ့သူ 323, သေသူ 3,

🇭🇳 ဟွန်းဒူးရပ်စ် တွေ့သူ 298, သေသူ 22,

🇸🇲 စန်မာရီနို တွေ့သူ 277, သေသူ 32,

🇵🇸 ပါလက်စတိုင်း တွေ့သူ 254, သေသူ 1,

🇳🇪 နိုင်ဂျာ တွေ့သူ 253, သေသူ 10,

🇻🇳 ဗီယက်နမ် တွေ့သူ 245, သေသူ 0,

🇲🇺 မော်ရစ်ရှပ် တွေ့သူ 244, သေသူ 7,

🇲🇹 မော်တာ တွေ့သူ 241, သေသူ 0,

🇳🇬 နိုင်ဂျီးရီးယား တွေ့သူ 238, သေသူ 5,

🇲🇪 မွန်တီနီဂရိုး တွေ့သူ 233, သေသူ 2,

🇸🇳 ဆီနီဂေါ တွေ့သူ 226, သေသူ 2,

🇰🇬 ကာဂါစတန် တွေ့သူ 216, သေသူ 4,

🇬🇭 ဂါနာ တွေ့သူ 214, သေသူ 5,

🇬🇪 ဂျော်ဂျီယာ တွေ့သူ 188, သေသူ 2,

🇧🇴 ဘူလီးဗီးယား တွေ့သူ 183, သေသူ 11,

🇫🇴 ဖရိုးကျွန်းစု တွေ့သူ 183, သေသူ 0,

🇱🇰 သီရိလင်္ကာ တွေ့သူ 178, သေသူ 5,

🇻🇪 ဗနီဇွဲလား တွေ့သူ 165, သေသူ 7,

🇾🇹 မယိုးတီး တွေ့သူ 164, သေသူ 2,

🇨🇩 ဒီအာစီ တွေ့သူ 161, သေသူ 18,

🇰🇪 ကင်ညာ တွေ့သူ 158, သေသူ 6,

🇲🇶 မာတင်နစ် တွေ့သူ 151, သေသူ 4,

🇬🇵 ဂွာဒီလုပ် တွေ့သူ 139, သေသူ 7,

🇮🇲 အိုင်အော့မန်း တွေ့သူ 139, သေသူ 1,

🇧🇳 ဘရူနိုင်း တွေ့သူ 135, သေသူ 1,

🇬🇳 ဂီနီယာ တွေ့သူ 128, သေသူ 0,

🇧🇩 ဘင်္ဂလားဒေ့ရှ် တွေ့သူ 123, သေသူ 12,

🇰🇭 ကမ်ဘောဒီးယား တွေ့သူ 114, သေသူ 0,

🇵🇾 ပါရာဂွေး တွေ့သူ 113, သေသူ 5,

🇬🇮 ဂျီဘရာတာ တွေ့သူ 109, သေသူ 0,

🇹🇹 ထရီနီဒတ် တွေ့သူ 105, သေသူ 8,

🇷🇼 ရဝမ်ဒါ တွေ့သူ 105, သေသူ 0,

🇩🇯 ဒဂျီဘိုတီ တွေ့သူ 90, သေသူ 0,

🇲🇬 မဒါဂက်စကာ တွေ့သူ 82, သေသူ 0,

🇱🇮 လစ်ချ်တန်စတိန်း တွေ့သူ 77, သေသူ 1,

🇲🇨 မော်နာကို တွေ့သူ 77, သေသူ 1,

🇬🇫 ပြင်သစ်ဂွေ့အာနာ တွေ့သူ 72, သေသူ 0,

🇦🇼 အာရူဘာ တွေ့သူ 71, သေသူ 0,

🇬🇹 ဂွာတီမာလာ တွေ့သူ 70, သေသူ 3,

🇸🇻 အယ်ဆဗဒေါ တွေ့သူ 69, သေသူ 4,

🇧🇧 ဘာဘဒို့စ် တွေ့သူ 60, သေသူ 2,

🇯🇲 ဂျမေးကား တွေ့သူ 59, သေသူ 3,

🇹🇬 တိုဂို တွေ့သူ 58, သေသူ 3,

🇺🇬 ယူဂန်ဒါ တွေ့သူ 52, သေသူ 0,

🇲🇱 မာလီ တွေ့သူ 47, သေသူ 5,

🇨🇬 ကွန်ဂို တွေ့သူ 45, သေသူ 5,

🇪🇹 အီသီယိုးပီးယား တွေ့သူ 44, သေသူ 2,

🇲🇴 မကာအို တွေ့သူ 44, သေသူ 0,

🇵🇫 ပြင်သစ်ပိုလီနီးရှား တွေ့သူ 42, သေသူ 0,

🇧🇲 ဘာမြူဒါ တွေ့သူ 39, သေသူ 2,

🇰🇾 ကေးမန်းကျွန်း တွေ့သူ 39, သေသူ 1,

🇿🇲 ဇန်ဘီယာ တွေ့သူ 39, သေသူ 1,

🇸🇽 ဆင့်မာတန် တွေ့သူ 37, သေသူ 6,

🇧🇸 ဘဟားမား တွေ့သူ 33, သေသူ 5,

🇸🇽 စိန့်မာတင်ကျွန်း တွေ့သူ 32, သေသူ 2,

🇬🇾 ဂူရာနာ တွေ့သူ 31, သေသူ 4,

🇪🇷 အရီထရီရာ တွေ့သူ 31, သေသူ 0,

🇧🇯 ဘီနင်း တွေ့သူ 26, သေသူ 1,

🇬🇦 ဂဘွန် တွေ့သူ 24, သေသူ 1,

🇭🇹 ဟေတီ တွေ့သူ 24, သေသူ 1,

🇹🇿 တန်ဇန်နီးယား တွေ့သူ 24, သေသူ 1,

♦️🇲🇲 မြန်မာ တွေ့သူ 22, သေသူ 1,♦️

🇸🇾 ဆီးရီးယား တွေ့သူ 19, သေသူ 2,

🇱🇾 လစ်ဗျား တွေ့သူ 19, သေသူ 1,

🇲🇻 မော်ဒစ်ကျွန်းစု တွေ့သူ 19, သေသူ 0,

🇬🇼 ဂီနီယာဘစ်ဆော တွေ့သူ 18, သေသူ 0,

🇳🇨 နယူးကလီဒိုးနီးယား တွေ့သူ 18, သေသူ 0,

🇦🇴 အန်ဂိုလာ တွေ့သူ 16, သေသူ 2,

🇬🇶 အီကွေတိုးရဲဂီနာ တွေ့သူ 16, သေသူ 0,

🇳🇦 နမီးဘီးယား တွေ့သူ 16,သေသူ 0,

🇦🇬 အန်တီဂွာဘာဘူဒါ တွေ့သူ 15, သေသူ 0,

🇩🇲 ဒိုမီနီကာ တွေ့သူ 15, သေသူ 0,

🇲🇳 မွန်ဂိုလီးယား တွေ့သူ 15, သေသူ 0,

🇱🇷 လိုင်ဘေးရီးယား တွေ့သူ 14, သေသူ 3,

🇫🇯 ဖီဂျီကျွန်း တွေ့သူ 14, သေသူ 0,

🇱🇨 စိန့်လူစီယာ တွေ့သူ 14, သေသူ 0,

🇨🇼 ကူရာကောင် တွေ့သူ 13, သေသူ 1,

🇸🇩 ဆူဒန် တွေ့သူ 12, သေသူ 2,

🇬🇩 ဂရီနာဒါ တွေ့သူ 12, သေသူ 0,

🇱🇦 လာအို တွေ့သူ 12, သေသူ 0,

🇬🇱 ဂရင်းလန် တွေ့သူ 11, သေသူ 0,

🇸🇨 ဆီချီလီးစ် တွေ့သူ 11, သေသူ 0,

🇸🇷 ဆူရီနာမီ တွေ့သူ 10, သေသူ 1,

🇿🇼 ဇင်ဘာဘွေ တွေ့သူ 10, သေသူ 1,

🇲🇿 မိုဇမ်ဘစ် တွေ့သူ 10, သေသူ 0,

🇰🇳 စိန့်ကစ်အန်နဲဗစ် တွေ့သူ 10, သေသူ 0,

🇸🇿 အက်စ်ဆွာတီနီ တွေ့သူ 10, သေသူ 0,

⛴️ MS Zanndam တွေ့သူ 9, သေသူ 2,

🇳🇵 နီပေါ တွေ့သူ 9, သေသူ 0,

🇹🇩 ချက်ဒ် တွေ့သူ 9, သေသူ 0,

🇹🇨 တာ့အန်ကိုင်ကို့စ် တွေ့သူ 8, သေသူ 1,

🇨🇫 စီအေအာ တွေ့သူ 8, သေသူ 0,

🇧🇿 ဘလီဇီ တွေ့သူ 7, သေသူ 1,

🇨🇻 ကိပ်ဗာဒဲ တွေ့သူ 7, သေသူ 1,

🇻🇦 ဗာတီကန် တွေ့သူ 7, သေသူ 0,

🇻🇨 စိန့်ဗင်းဆင့်ကျွန်း တွေ့သူ 7, သေသူ 0,

🇸🇴 ဆိုမာလီယာ တွေ့သူ 7, သေသူ 0,

🇧🇼 ဘော့ဆွာနာ တွေ့သူ 6, သေသူ 1,

🇲🇷 မော်ရီတန်းနီးရား တွေ့သူ 6, သေသူ 1,

🇳🇮 နီကာရာဂွာ တွေ့သူ 6, သေသူ 1,

🇲🇸 မွန့်စာရက် တွေ့သူ 6, သေသူ 0,

🇧🇱 စိန့်ဘာ့ကျွန်း တွေ့သူ 6, သေသူ 0,

🇸🇱 ဆီရာလီယွန်း တွေ့သူ 6, သေသူ 0,

🇧🇹 ဘူတန် တွေ့သူ 5, သေသူ 0,

🇲🇼 မာလာဝီ တွေ့သူ 5, သေသူ 0,

🇬🇲 ဂမ်ဘီယား တွေ့သူ 4, သေသူ 1,

🏝️ စောင်တိုမီအန်ပရင့်စီပီကျွန်း တွေ့သူ 4, သေသူ 0, အသစ်တွေ့နေရာ

🇪🇭 အနောက်ဆာဟာရ တွေ့သူ 4, သေသူ 0,

🇦🇮 အန်ဂွေလာ တွေ့သူ 3, သေသူ 0,

🇻🇬UK ဗာဂျင်အိုက်လန် တွေ့သူ 3, သေသူ 0,

🇧🇮 ဘူရန်ဒီ တွေ့သူ 3, သေသူ 0,

🇳🇱 ကာရစ်ဘီယံနယ်သာလန် တွေ့သူ 2, သေသူ 0,

🇬🇧 ဖောက်ကလန်ကျွန်း တွေ့သူ 2, သေသူ 0,

🇵🇬 ပါပူအာနယူးဂီနီ တွေ့သူ 2, သေသူ 0,

🇫🇷 စိန့်ပီရားမီကွေလွန် တွေ့သူ 1, သေသူ 0,

🇸🇸 တောင်ဆူဒန် တွေ့သူ 1, သေသူ 0,

🇹🇱 အရှေ့တီမော တွေ့သူ 1, သေသူ 0,

🇵🇷 ပေါ်တိုရီကို တွေ့သူ 513, သေသူ 21,

🇬🇺 ဂူအမ် တွေ့သူ 112, သေသူ 4,

🇻🇮 US ဗာဂျင်အိုက်လန် တွေ့သူ 40, သေသူ 0,

စာရင်းထဲမပါရင် အဲ့နိုင်ငံမှာ မတွေ့သေးပါ။

ယနေ့ မနက် အထိသိသမျှပါ။

Richard Myo Thant
ရက်စွဲ 7-April-2020

Post a Comment

Previous Post Next Post