မီးပျက်မယ့် အချိန်တွေက ပြည်သူတွေ အိပ်ပျော်နေချိန် ညသန်းခေါင်ယံမှာ ၂နာရီခွဲလောက်သာ မီးပြတ်မှာ ဖြစ်ပါတယ်။
ဓာတ်အားပေးစနစ် တိုးမြှင့်နိုင်ဖို့ မဂ္ဂါဝပ် ၁၅၀ရှိတဲ့ အလုံဓာတ်အားပေးစက်ရုံကို တည်ဆောက်လျက်ရှိပြီး အခုအခါ ပြီးစီးတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံတော် ဓာတ်အားပေးစနစ်နဲ့ ချိတ်ဆက်နိုင်ရေး ဆောင်ရွက်ဖို့ ရှိနေပါတယ်။ ချိတ်ဆက်နေချိန်မှာ မီးခဏ ပြတ်တောက်မှု ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါ မီးပျက်မှုကြောင့်လည်း ပြည်သူတွေ အခက်မတွေ့အောင် ညသန်းခေါင် ၁၂နာရီခွဲကနေ ၃နာရီအထိသာ မီးဖြတ်တောက်မယ်လို့လည်း သိရပါတယ်။ “ည၁၂ခွဲကနေမနက်၃နာရီထိပဲ မီးဖြတ်မှာပါ၊အဲ့အချိန်မှာ အလုံမှာရှိတဲ့ ဓာတ်အားပေးစက်ရုံဝင်မှာဆိုတော့ ဧရိယာ အတွင်းမီးပေးထားတဲ့မြို့နယ်အလိုက် ရပ်ကွက်တွေမှာတော့ အချိန်အနည်းငယ်လောက် မှောင်သွားမှာပါ။အများ ကြီးမသိသာပါဘူး။”လို့ YESCရဲ့ CEO ဦးအောင်ကျော်ဦးက Duwunကိုပြောပါတယ်။

နက်ဖြန် သင်္ကြန် ဒုတိယအကြတ်နေ့(ဧပြီ ၁၅)မှာတော့ နံနက် ၁၂ နာရီ ၃၀ မိနစ် ကနေ နံနက် ၃ နာရီအထိ မီးပျက်မယ့် မြို့နယ်တွေကတော့ကမာရွတ်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့ ဖြစ်ပြီး မြို့နယ်ရှိ ရပ်ကွက်တိုင်းမဟုတ်ပဲ အချို့သာ မီးပျက် နိုင်တယ်လို့ သိရပါတယ်။ဧပြီ ၂၀ ရက်နေ့မှာလည်း နံနက် ၁၂ နာရီ ၃၀ မိနစ် ကနေ နံနက် ၃ နာရီအထိ မီးပျက်မယ့် မြို့နယ်တွေကတော့ ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်တို့ဖြစ်ပြီး ရပ်ကွက် အချို့သာ မီးပျက်မှာလည်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ဧပြီလအတွင်း မဂ္ဂါဝပ် ၃၂၅၀ခန့် ထုတ်လုပ်ပေးလျက်ရှိတယ်လို့လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Zawgyi

မီးပ်က္မယ့္ အခ်ိန္ေတြက ျပည္သူေတြ အိပ္ေပ်ာ္ေနခ်ိန္ ညသန္းေခါင္ယံမွာ ၂နာရီခြဲေလာက္သာ မီးျပတ္မွာ ျဖစ္ပါတယ္။

ဓာတ္အားေပးစနစ္ တိုးျမႇင့္ႏိုင္ဖို႔ မဂၢါဝပ္ ၁၅၀ရွိတဲ့ အလုံဓာတ္အားေပးစက္႐ုံကို တည္ေဆာက္လ်က္ရွိၿပီး အခုအခါ ၿပီးစီးေတာ့မွာ ျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္ ဓာတ္အားေပးစနစ္နဲ႔ ခ်ိတ္ဆက္ႏိုင္ေရး ေဆာင္႐ြက္ဖို႔ ရွိေနပါတယ္။ ခ်ိတ္ဆက္ေနခ်ိန္မွာ မီးခဏ ျပတ္ေတာက္မႈ ျဖစ္ေပၚလာႏိုင္ၿပီး အဆိုပါ မီးပ်က္မႈေၾကာင့္လည္း ျပည္သူေတြ အခက္မေတြ႕ေအာင္ ညသန္းေခါင္ ၁၂နာရီခြဲကေန ၃နာရီအထိသာ မီးျဖတ္ေတာက္မယ္လို႔လည္း သိရပါတယ္။ “ည၁၂ခြဲကေနမနက္၃နာရီထိပဲ မီးျဖတ္မွာပါ၊အဲ့အခ်ိန္မွာ အလုံမွာရွိတဲ့ ဓာတ္အားေပးစက္႐ုံဝင္မွာဆိုေတာ့ ဧရိယာ အတြင္းမီးေပးထားတဲ့ၿမိဳ႕နယ္အလိုက္ ရပ္ကြက္ေတြမွာေတာ့ အခ်ိန္အနည္းငယ္ေလာက္ ေမွာင္သြားမွာပါ။အမ်ား ႀကီးမသိသာပါဘူး။”လို႔ YESCရဲ႕ CEO ဦးေအာင္ေက်ာ္ဦးက Duwunကိုေျပာပါတယ္။

နက္ျဖန္ သၾကၤန္ ဒုတိယအၾကတ္ေန႔(ဧၿပီ ၁၅)မွာေတာ့ နံနက္ ၁၂ နာရီ ၃၀ မိနစ္ ကေန နံနက္ ၃ နာရီအထိ မီးပ်က္မယ့္ ၿမိဳ႕နယ္ေတြကေတာ့ကမာ႐ြတ္ၿမိဳ႕နယ္၊ ရန္ကင္းၿမိဳ႕နယ္၊ တာေမြၿမိဳ႕နယ္၊ ဗဟန္းၿမိဳ႕နယ္၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္၊ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ပန္းပဲတန္းၿမိဳ႕နယ္ႏွင့္ ေက်ာက္တံတားၿမိဳ႕နယ္တို႔ ျဖစ္ၿပီး ၿမိဳ႕နယ္ရွိ ရပ္ကြက္တိုင္းမဟုတ္ပဲ အခ်ိဳ႕သာ မီးပ်က္ ႏိုင္တယ္လို႔ သိရပါတယ္။ဧၿပီ ၂၀ ရက္ေန႔မွာလည္း နံနက္ ၁၂ နာရီ ၃၀ မိနစ္ ကေန နံနက္ ၃ နာရီအထိ မီးပ်က္မယ့္ ၿမိဳ႕နယ္ေတြကေတာ့ ဒဂုံၿမိဳ႕နယ္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗဟန္းၿမိဳ႕နယ္၊ လမ္းမေတာ္ ၿမိဳ႕နယ္၊ လသာၿမိဳ႕နယ္၊ ပန္းပဲတန္းၿမိဳ႕နယ္၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ကမာ႐ြတ္ၿမိဳ႕နယ္ႏွင့္ လႈိင္ၿမိဳ႕နယ္တို႔ျဖစ္ၿပီး ရပ္ကြက္ အခ်ိဳ႕သာ မီးပ်က္မွာလည္းျဖစ္ပါတယ္။ ရန္ကုန္တိုင္းအတြင္းမွာ ဧၿပီလအတြင္း မဂၢါဝပ္ ၃၂၅၀ခန္႔ ထုတ္လုပ္ေပးလ်က္ရွိတယ္လို႔လည္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

Credit Duwun

Post a Comment

Previous Post Next Post