၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်

အိန္ဒယနိုင်ငံ Uttar Pradesh ပြည်နယ်မှ ဘာရေလီမြို့ကို နေရပ်ပြန်လာကြသည့် အလုပ်သမား ၅၀၀၀ ခန့်နှင့်ဘတ်စ်ကားများကိုအလှည့်ကျ ကျောခိုင်းငုတ်တုတ်ထိုင်စေပြီး ပိုးသတ်ဆေးများပြင်းထန်စွာ ဖြန်းပက်ခြင်းကြောင့် ဝေဖန်မှုပြစ်တင်မှုများနှင့်ရင်ဆိုင်နေရ ။

Uttar ပြည်နယ်မှ Covid-19 ရောဂါထိန်းချုပ်ကာကွယ်တားဆီးရေးအဖွဲ့ဥက္က မစ္စတာ အစို့  ကိုဒမ် ၏ပြောကြားချက်အရ အလုပ်သမား ၅၀၀၀ ခန့်ကိုပိုးသတ်ဆေးဖြန်းပက်ပြီးမှ နေရပ်ကိုပြန်ခွင့်ပြုလိုက်ပတယ် ၊

" ကျွန်တော်တို့ သူတို့ခန္ဓာကိုယ်မှာရှိနေတဲ့ ရောဂါပိုးတွေကိုဆေးဖြန်းပြီးသတ်တာပါ ၊ ဒီဗိုင်းရပ်စ်ပိုးတွေသယ်သွားပြီး နောက်ထပ် ဟိုဟို ဒီဒီတွေမှာမကူးစက်စေချင်လို့ပါ ၊ အခုဆိုရင် နယ်စပ်ဂိတ်တွေပါအပါ ပြည်နယ်အသီးသီး Lock Down ချထားလိုက်ပါပြီ "


ဆက်လက်ပြီး ဒီပိုးသတ်ဆေးရောစပ်ထားတဲ့ဆေးရည်တွေဟာ လူတွေကိုအန္တရာယ်မဖြစ်စေပါဘူးလို့ပြောကြားသွားပါတယ် ။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့ကျမ္မာရေးဌာန WHO ရဲ့သတ်မှတ်ညွှန်ကြားချက်အရ ပယဒီပိုးသတ် ဆေးရည်တွေဟာကြမ်းပြင်ပေါ်မှာရှိနေတဲ့ ဗိုင်းရပ်စ်ပိုးတွေကိုသာသေစေနိုင်တဲ့ ဓါတုဆေးရည်များရောစပ်ထားသည့်အတွက် လူသားတို့ရဲ့ခန္ဓာကိုယ်ပေါ်က ဗိုင်းရပ်စ်ပိုးတွေကိုတော့မသေစေနိုင်တဲ့အပြင် အန္တရာယ်ရှိနိုင်တယ်လို့ဆိုပါတယ် ။

ဗဟိုကျမ္မာရေးဦးစီးဌာနမှ တာဝန်ရှိသူ မစ္စတာ လာဘ် အတ်ခလာဝမ်း ကတော့ ဒါဟာ Uttar ပြည်နယ်ရဲ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ သမိုင်းမှာ အမဲစက်ထင်ကျန်စေတဲ့လုပ်ရပ်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်ကအလုပ်သမားတွေကို ဓါတုပိုးသတ်ဆေးရည်နဲ့ဖြန်းပက်ခြင်းဟာ လိုတာထက်ပိုပြီးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ် ၊ အစိုးရဲ့တရားဝင်ညွှန်ကြားချက်မှာ ဘတ်စ်ကားတွေကိုသာဖြန်းပက်ရန်သာဖြစ်တယ်လို့ ပြစ်တင်ဝေဖန်သွားပါတယ် ။

လတ်တလောအိန္ဒိယနိုင်ငံရဲ့အခြေအနေမှာ နိုင်ငံပိတ် မြို့ပိတ်  ( Lock Down ) ပြုလုပ်ပြီး မြို့တော်ကြီးများတွင်အလုပ်ရုံများ ၊ လုပ်ငန်းခွင်များယာယီရပ်ဆိုင်းထားခြင်းကြောင့်အခြေခံအလုပ်သမားများနှင့်ပြည်သူ ၄၅ သန်းခန့်ဟာ အလုပ်လက်မဲ့ဖြစ်ကာ မိမိအစီအစဉ်ဖြင့်ကျေးလက်ဒေသအသီးသီးများကိုပြန်ကြရသဖြင့်လမ်းခရီးများတွင်များစွားအခက်အခဲများကိုရင်ဆိုင်ကြုံတွေ့နေရသည်ဟုသိရ ။

အိန္ဒိယနိုင်ငံတွင် Covid-19 ကူးစက်ခံထားရသူလူပေါင်း ၁၀၇၁ ယောက်ရှိပြီးသေဆုံးသူ ၂၉ ဦးအထိရှိထားကြောင်းသတင်းရရှိသည် ။

Photo Crd CNN

Post a Comment

Previous Post Next Post