


ရုပ်သံအောက်တွင်ဖော်ပြပေးထားပါတယ်


အသက်(၆၈)နှစ် အမေကြီး ငွေ ၅ သောင်းကို တစ်ခါမှ မကိုင်ဖူးခဲ့ဘူးတဲ့

မန္တလေးမြို့က အသက်(၆၈)နှစ် အရွယ် အမေကြီး၊ မြေးမလေးနဲ့ အတူနေထိုင်တယ်။ ပြောင်းဖူးပြုတ် ရောင်းစားနေရတယ်။ လမ်းကို ကောင်းကောင်းမလျှောက်နိုင်လို့ စက်ဘီးကို အမှီပြုပြီး နေပူကျဲကျဲမှာ သွားနေရတယ်။ ဆန်ဖိုးရအောင်ရှာပြီး ဟင်းအတွက်ကတော့ ချဉ်ရည် တစ်ရာဖိုးလောက်နဲ့ စားသောက်နေရတယ်လို့ ပြောပါတယ်။

မန္တလေးမြို့(One To One ကလေးလူနာကူညီရေး) ကိုဝမ်း တို့အဖွဲ့မှ လမ်းမမှာတွေ့လို့ ငွေ (၅၀၀၀၀)၊ ဆန်(၃)ပြည်၊ ဆီ (၁)ဘူး၊ လက်ဆေးဂျယ်နဲ့ Mask များကို ပေးလှူခဲ့ပါတယ်။ အမေကြီးဝမ်းသာလားမေးတော့ ဝမ်းသာတာပေါ့သားရယ် အမေတို့ဘဝမှာ တစ်ခါမှ ဒီလိုမျိုး ငွေ မကိုင်ဖူးဘူးတဲ့။ ကားနဲ့ လိုက်ပို့ရမလားမေးတော့ မဖြစ်ပါဘူး သားတို့ကား စက်ဘီးနဲ့ ထိလို့ ပွန်းသွားမှာဆိုးလို့ ဒီအတိုင်းလေးပဲ အမေဖာသာ ဖြေးဖြေး လျှောက်သွားပါ့မယ်တဲ့။

အခုလို အလှူဒါန်းမှုပြုခဲ့တဲ့ (One To One ကလေးလူနာကူညီရေး) ကိုဝမ်း တို့အဖွဲ့ကိုလည်း အရမ်းလေးစားမိပါတယ်။ မန္တလေးမြို့(One To One ကလေးလူနာကူညီရေး) ကိုဝမ်း တို့အဖွဲ့သည် နေ့စဉ်နေ့တိုင်း လှည်လည်ပြီးတော့ အခုလို အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူများ၊ သက်ကြီးရွယ်အိုများကို ရှာဖွေပြီး ကိုယ်တိုင်ကိုယ်ကျ မေးမြန်းပြီး လှူဒါန်းနေတဲ့ မန္တလေးမြို့ အခြေစိုက် လူမှုကူညီရေး အဖွဲ့တစ်ခု ဖြစ်ပါတယ်။



(ONE TO ONE ကလေးလူနာကူညီရေး) ကိုဝမ်း (စိုင်းနေမျိုးမောင်မောင်) 09765765179 ၊ မန္တလေးမြို့။
Video -One To One ကလေးလူနာကူညီရေး #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Post a Comment

Previous Post Next Post