ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့နယ် များ အားလုံးတွင် ည ၁ဝ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို ဧပြီ ၂၃ ရက်မှ စတင်၍ ၂လ တိုးမြင့်လိုက်ပြီး ယင်းအမိန့် မလိုက်နာသူ ၃၉ ဦး ကို ထောင်ဒါဏ်အသီးသီး အပြစ်ပေးလိုက်ကြောင်း သက်ဆိုင်ရာ ဌာနများထံကသိရသည်။

သက်ဆိုင်ရာမြို့နယ်များအတွင်း COVID – 19 ကူးစက်ခံရမှု မရှိ စေရေးအတွက် အများပြည်သူ အကျိုးငှါ ရည်ရွယ်ထုတ် ပြန် ခြင်းဖြစ်၍ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲ ဥပဒေ နှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း၊ဧပြီ ၁၈ ရက်နေ့က မြို့ နယ် အား လုံးတွင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရ ဒေသန္တရ အမိန့် ကို ယခု အမိန့်က လွှမ်းမိုး ပယ်ဖျက်လိုက်ကြောင်း တိုင်းအစိုးရ ၏ သ တင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

ညမထွက်ရ စည်းကမ်း မလိုက်နာလို့ တရားရုံးတွေကနေ ရာဇ သတ်ကြီး ပုဒ်မ ၁၈၈ နဲ့ ထောင်ဒါဏ် အပြစ်ပေး လိုက်တာ ဧပြီ လ ၂၁ ရက်နေ့ ကနေ ၂၃ ရက်နေ့ အတွင်း မှာ ၃၉ ဦး ရှိသွား ပြီ အားလုံး အမျိုးသားတွေပါ ဒေသအသီး သီး မှာလည်း ညတိုင်း လှည့်ကင်းတွေ စစ်ဆေး အဖွဲ့တွေနဲ့ လုံခြုံရေး ဆောင်ရွက်ပေး ထားပါတယ် ဟု တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ ပြောရေး ဆိုခွင့် ရှိသူ ဒုတိယ ရဲမှူးကြီး ထွန်းရွှေ က ပြော The Voice Daily ကိုပြောသည်။

ဧပြီလ ၂၁ ရက်နေ့ က ဟင်္သာတ မြို့နယ်အတွင်း ၂၂ ဦး နှင့် ဘိုကလေး မြို့နယ် မှ ၁ ဦးကို ထောင်ဒါဏ် ၁ လစီဖြင့်လည်း ကောင်း ဧပြီလ ၂၂ ရက်နေ့က ဟင်္သာတ မြို့နယ် မှ ၄ဦး နှင့် ညောင်တုန်းမြို့နယ် မှ ၁ ဦး ထောင်ဒါဏ် ၁လစီဖြင့် လည်း ကောင်း ၊ဧပြီလ ၂၂ ရက်နေ့ ု့သိမ်မြို့နယ် မှ ၁၁ ဦးကို ထောင် ဒါဏ် ၂ လစီဖြင့် လည်းကောင်း သက်ဆိုင်ရာ တရားရုံးများ မှ အမိန့်ချမှတ်ခဲ့ ကြောင်း ၎င်းက ဆက်ပြော သည်။

ညမထွက်ရ အမိန့်ချမှတ်လိုက် သဖြင့် နိုင်ငံတော် လွတ်ငြိမ်းခွင့် ဖြင့် လွတ်မြောက် လာသော ခိုးဆိုးလုနှိုက် များ၏ အန္တရယ် နည်းပါးနိုင်သည့် အပြင် covid 19 ကူးဆက်မှု မရှိစေရန် လည်း ကာကွယ်မှု ဖြစ် စေကြောင်း၊ ညမထွက်ရ အမိန့် မလိုက် နာ၍ ချမှတ်သည့် အပြစ်ဒါဏ်များ မတူညီခြင်းမှာ အမှုဖြစ်စဉ် အပေါ် ထားရှိသည့် တရားသူကြီး ဆင်ခြင်တုံ အရသာ ဖြစ် ကြောင်း တ ရားလွှတ်တော် ရှေ့နေ ဦးကျော်ကျော်က သုံးသပ် သည်။

ဧရာဝတီတိုင်း အတွင်း ထုတ်ပြန်ထားသည့် ညမထွက်ရ ဒေသန္တ ရ အမိန့်မှာ ဌာနဆိုင်ရာ တာဝန်ဖြင့် သွားလာသူများ၊ကျန်းမာရေး ကိစ္စ ဆောင်ရွက်သူများ နှင့် နာရေးကိစ္စ ဆောင်ရွက်သူများကို ကင်းလွတ်ခွင့် ပြုထားပြီး နာရေး ကိစ္စ ဖြစ်ပေါ်ပါက ရပ် ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာဖြင့် သွားလာခွင့်ရှိ ကြောင်း အမိန့်ထုတ်ပြန်ချက် တွင် ဖေါ်ပြပါရှိသည်။

Zawgyi

ဧရာဝတီတိုင္း ေဒသႀကီးရွိ ၿမိဳ႕နယ္ မ်ား အားလုံးတြင္ ည ၁ဝ နာရီမွ နံနက္ ၄ နာရီအထိ ညမထြက္ရ အမိန္႔ကို ဧၿပီ ၂၃ ရက္မွ စတင္၍ ၂လ တိုးျမင့္လိုက္ၿပီး ယင္းအမိန္႔ မလိုက္နာသူ ၃၉ ဦး ကို ေထာင္ဒါဏ္အသီးသီး အျပစ္ေပးလိုက္ေၾကာင္း သက္ဆိုင္ရာ ဌာနမ်ားထံကသိရသည္။

သက္ဆိုင္ရာၿမိဳ႕နယ္မ်ားအတြင္း COVID – 19 ကူးစက္ခံရမႈ မရွိ ေစေရးအတြက္ အမ်ားျပည္သူ အက်ိဳးငွါ ရည္႐ြယ္ထုတ္ ျပန္ ျခင္းျဖစ္၍ လိုက္နာရန္ ပ်က္ကြက္ပါက တည္ဆဲ ဥပေဒ ႏွင့္အညီ အေရးယူခံရမည္ျဖစ္ေၾကာင္း၊ဧၿပီ ၁၈ ရက္ေန႔က ၿမိဳ႕ နယ္ အား လုံးတြင္ ထုတ္ျပန္ခဲ့သည့္ ညမထြက္ရ ေဒသႏၲရ အမိန္႔ ကို ယခု အမိန္႔က လႊမ္းမိုး ပယ္ဖ်က္လိုက္ေၾကာင္း တိုင္းအစိုးရ ၏ သ တင္း ထုတ္ျပန္ခ်က္တြင္ ေဖၚျပပါရွိသည္။


ညမထြက္ရ စည္းကမ္း မလိုက္နာလို႔ တရား႐ုံးေတြကေန ရာဇ သတ္ႀကီး ပုဒ္မ ၁၈၈ နဲ႔ ေထာင္ဒါဏ္ အျပစ္ေပး လိုက္တာ ဧၿပီ လ ၂၁ ရက္ေန႔ ကေန ၂၃ ရက္ေန႔ အတြင္း မွာ ၃၉ ဦး ရွိသြား ၿပီ အားလုံး အမ်ိဳးသားေတြပါ ေဒသအသီး သီး မွာလည္း ညတိုင္း လွည့္ကင္းေတြ စစ္ေဆး အဖြဲ႕ေတြနဲ႔ လုံၿခဳံေရး ေဆာင္႐ြက္ေပး ထားပါတယ္ ဟု တိုင္း ေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံး မွ ေျပာေရး ဆိုခြင့္ ရွိသူ ဒုတိယ ရဲမႉးႀကီး ထြန္းေ႐ႊ က ေျပာ The Voice Daily ကိုေျပာသည္။

ဧၿပီလ ၂၁ ရက္ေန႔ က ဟသၤာတ ၿမိဳ႕နယ္အတြင္း ၂၂ ဦး ႏွင့္ ဘိုကေလး ၿမိဳ႕နယ္ မွ ၁ ဦးကို ေထာင္ဒါဏ္ ၁ လစီျဖင့္လည္း ေကာင္း ဧၿပီလ ၂၂ ရက္ေန႔က ဟသၤာတ ၿမိဳ႕နယ္ မွ ၄ဦး ႏွင့္ ေညာင္တုန္းၿမိဳ႕နယ္ မွ ၁ ဦး ေထာင္ဒါဏ္ ၁လစီျဖင့္ လည္း ေကာင္း ၊ဧၿပီလ ၂၂ ရက္ေန႔ ု႔သိမ္ၿမိဳ႕နယ္ မွ ၁၁ ဦးကို ေထာင္ ဒါဏ္ ၂ လစီျဖင့္ လည္းေကာင္း သက္ဆိုင္ရာ တရား႐ုံးမ်ား မွ အမိန္႔ခ်မွတ္ခဲ့ ေၾကာင္း ၄င္းက ဆက္ေျပာ သည္။


ညမထြက္ရ အမိန္႔ခ်မွတ္လိုက္ သျဖင့္ ႏိုင္ငံေတာ္ လြတ္ၿငိမ္းခြင့္ ျဖင့္ လြတ္ေျမာက္ လာေသာ ခိုးဆိုးလုႏႈိက္ မ်ား၏ အႏၲရယ္ နည္းပါးႏိုင္သည့္ အျပင္ covid 19 ကူးဆက္မႈ မရွိေစရန္ လည္း ကာကြယ္မႈ ျဖစ္ ေစေၾကာင္း၊ ညမထြက္ရ အမိန္႔ မလိုက္ နာ၍ ခ်မွတ္သည့္ အျပစ္ဒါဏ္မ်ား မတူညီျခင္းမွာ အမႈျဖစ္စဥ္ အေပၚ ထားရွိသည့္ တရားသူႀကီး ဆင္ျခင္တုံ အရသာ ျဖစ္ ေၾကာင္း တ ရားလႊတ္ေတာ္ ေရွ႕ေန ဦးေက်ာ္ေက်ာ္က သုံးသပ္ သည္။

ဧရာဝတီတိုင္း အတြင္း ထုတ္ျပန္ထားသည့္ ညမထြက္ရ ေဒသႏၲ ရ အမိန႔္မွာ ဌာနဆိုင္ရာ တာဝန္ျဖင့္ သြားလာသူမ်ား၊က်န္းမာေရး ကိစၥ ေဆာင္႐ြက္သူမ်ား ႏွင့္ နာေရးကိစၥ ေဆာင္႐ြက္သူမ်ားကို ကင္းလြတ္ခြင့္ ျပဳထားၿပီး နာေရး ကိစၥ ျဖစ္ေပၚပါက ရပ္ ကြက္၊ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံစာျဖင့္ သြားလာခြင့္ရွိ ေၾကာင္း အမိန္႔ထုတ္ျပန္ခ်က္ တြင္ ေဖၚျပပါရွိသည္။

ဒဗြိဳက္စ္

Post a Comment

Previous Post Next Post