Unicode

အဆောင်နေတိုင်းရင်းသူတစ်ဦး ဗဟန်းမြို့နယ်ရှိ တိုက်ခန်း၌အသတ်ခံရမှုဖြစ်စဉ်တစ်ခုဖြစ်ပွားကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တိုက်ခန်း၌အဆောင်နေ မမိုင်အေးအေးသိန်း(၃၂)နှစ်ဆိုသူမှာ ဧပြီလ ၂၃ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးရာ သတ်ဖြတ်ခံရသည့်လက္ခဏာများတွေ့ရှိသဖြင့် လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။



သေဆုံးသူ မမိုင်အေးအေးသိန်း(၃၂)နှစ်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရှုးကျေးရွာ၌ နေထိုင်ပြီး ဂျပန်နိုင်ငံသို့သွားရောက်ရန်အတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိအခင်းဖြစ်အဆောင်၌ အဖော်တစ်ဦးနှင့်အတူငှားရန်းနေထိုင်ကာ သင်တန်းတက်ရောက်ရင်း ယခုလိုရုတ်တရက်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။



“အခင်းဖြစ်တိုက်ခန်းမှာ အဖော်အမျိုးသမီးတစ်ဦးနဲ့အတူ အဆောင်ငှားနေကြတာပါ။ သူ့ကိုယ်သူသတ်သေတာတော့မဟုတ်ဘူး။ညီအစ်ကိုမောင်နှမ ၄ ဦးရှိတယ်။ရန်ကုန်မှာ အလုပ်လုပ်နေတာတော့ ၆ နှစ်လောက်ရှိပြီတဲ့။ ရုတ်တရက်ကြီးအခုလိုအသတ်ခံလိုက်ရတဲ့အတွက် သူမရဲ့မိသားစုဝင်တွေရဲ့ ဆန္ဒနဲ့ ဇာတိဖြစ်တဲ့ အမ်းမြို့၊ ရှုးကျေးရွာကိုမနေ့ကပဲအလောင်းကို ပို့ပေးခဲ့ပြီးပါပြီ။ သူမက ဆုမ်းချင်း တိုင်းရင်းသူပါ” ဟု Chin Humanitarian Assistant Team (CHAT)အဖွဲ့ဝင်တစ်ဦးက အကုန်သိသတင်းဌာနသို့ ဧပြီလ ၂၆ ရက်တွင် ပြောသည်။



အဆိုပါ မမိုင်အေးအေးသိန်း(၃၂)နှစ် အသတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဗဟန်းမြို့မရဲစခန်း၌ လူသတ်မှုဖြင့်အမှုဖွင့်လှစ်ထားပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Zawgyi

အေဆာင္ေနတိုင္းရင္းသူတစ္ဦး ဗဟန္းၿမိဳ႕နယ္ရွိ တိုက္ခန္း၌အသတ္ခံရမႈျဖစ္စဥ္တစ္ခုျဖစ္ပြားေၾကာင္း သတင္းရရွိသည္။ ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္ရွိ တိုက္ခန္း၌အေဆာင္ေန မမိုင္ေအးေအးသိန္း(၃၂)ႏွစ္ဆိုသူမွာ ဧၿပီလ ၂၃ ရက္၊ ေန႔လယ္ ၂ နာရီခန္႔တြင္ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနေၾကာင္း သတင္းရရွိသျဖင့္ တာ၀န္ရွိသူမ်ားကသြားေရာက္စစ္ေဆးရာ သတ္ျဖတ္ခံရသည့္လကၡဏာမ်ားေတြ႔ရွိသျဖင့္ လူသတ္မႈျဖင့္ အမႈဖြင့္ထားေၾကာင္း ရဲတပ္ဖြဲ႔၀င္မ်ားထံမွ သိရသည္။

ေသဆံုးသူ မမိုင္ေအးေအးသိန္း(၃၂)ႏွစ္မွာ ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္၊ ရႈးေက်းရြာ၌ ေနထိုင္ၿပီး ဂ်ပန္ႏိုင္ငံသို႔သြားေရာက္ရန္အတြက္ ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္ရွိအခင္းျဖစ္အေဆာင္၌ အေဖာ္တစ္ဦးႏွင့္အတူငွားရန္းေနထုိင္ကာ သင္တန္းတက္ေရာက္ရင္း ယခုလိုရုတ္တရက္သတ္ျဖတ္ခံရျခင္းျဖစ္ေၾကာင္း တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

“အခင္းျဖစ္တိုက္ခန္းမွာ အေဖာ္အမ်ိဳးသမီးတစ္ဦးနဲ႔အတူ အေဆာင္ငွားေနၾကတာပါ။ သူ႔ကိုယ္သူသတ္ေသတာေတာ့မဟုတ္ဘူး။ညီအစ္ကိုေမာင္ႏွမ ၄ ဦးရွိတယ္။ရန္ကုန္မွာ အလုပ္လုပ္ေနတာေတာ့ ၆ ႏွစ္ေလာက္ရွိၿပီတဲ့။ ရုတ္တရက္ႀကီးအခုလိုအသတ္ခံလိုက္ရတဲ့အတြက္ သူမရဲ႕မိသားစု၀င္ေတြရဲ႕ ဆႏၵနဲ႔ ဇာတိျဖစ္တဲ့ အမ္းၿမိဳ႕၊ ရႈးေက်းရြာကိုမေန႔ကပဲအေလာင္းကို ပို႔ေပးခဲ့ၿပီးပါၿပီ။ သူမက ဆုမ္းခ်င္း တိုင္းရင္းသူပါ” ဟု Chin Humanitarian Assistant Team (CHAT)အဖြဲ႔၀င္တစ္ဦးက အကုန္သိသတင္းဌာနသို႔ ဧၿပီလ ၂၆ ရက္တြင္ ေျပာသည္။

အဆိုပါ မမိုင္ေအးေအးသိန္း(၃၂)ႏွစ္ အသတ္ခံရမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ဗဟန္းၿမိဳ႕မရဲစခန္း၌ လူသတ္မႈျဖင့္အမႈဖြင့္လွစ္ထားၿပီး ျပစ္မႈက်ဴးလြန္သူကို စံုစမ္းေနဆဲျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

အကုန္သိ

Post a Comment

Previous Post Next Post