ထိုင်းနိုင်ငံမှာ ကိုဗစ် အကြပ်အတည်းကာလ အဆုံးစီရင်ဖို့ကြံတဲ့ သားအမိနှစ်ဦးကို လက်မတင်လေး ကယ်တင်ပေးနိုင်ခဲ့ပါတယ်…

ဒီပုံကလေးကတော့ အလျှင်မီကယ်ထုတ်နိုင်လို့ အပြစ်မဲ့ကလေး လူဘဝထဲ ဆက်နေခွင့်ရသွားတာပေါ့…

ဖြစ်စဉ်ကဒီလို…

မိခင်က ကိုဗစ်ကာလ အိမ်ပြင်ထွက်မရ စားရေး၊ သောက်ရေး၊ အခက်တွေ့ပြီး ရှာကြံမရ ဖြစ်နေတာကြောင့် ထွက်လမ်းမရှိဘဝဆိုပြီး လူ့ဘဝထဲကနေ သားအမိနှစ်ယောက်ထွက်သွားရန် ကြိုးစားနေပါတယ်။
အရင်ဆုံးသမီးလေးကို မြစ်ထဲအရင်ပစ်ချပြီး မိခင်မှ နောက်ကနေ လိုက်ပါ အဆုံးစီရင်ရန် ကြိုးစားနေစဉ်မှာ မြင်တွေ့သူတွေက ဝင်ရောက် ကယ်တင်နိုင်ခဲ့လို့ မိခင်ရော ခလေးလေးပါ ဘာမှမဖြစ်ပဲ အသက်ရှင်နိုင်ခွင့်ရသွားကြတာပါ။
ဘာမှ မသိသေးတဲ့ သမီးလေးအတွက်ကတော့ ခုထိ ထကစားနေတုန်း အနာဂတ်ဘာဖြစ်မလဲ တကယ်မသိသေးတဲ့ အရွယ်လေးပါ။

(ဇင်မိုး)

Post a Comment

Previous Post Next Post