တာချီလိတ် ၊ ဧပြီ , ၅

တာချီလိတ်ဆေးရုံမှ လူနာတစ်ဦးမှာ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ကြောင်း အဖြေထွက်ခဲ့သော်လည်း ကိုယ်အပူချိန်ကျဆင်းခြင်း မရှိသေးသည့်အတွက် ထပ်မံ ဓာတ်ခွဲစစ်ဆေးရမည် ဖြစ်ကြောင်း တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

လာအိုမှ ပြန်လာသည့်အသက် ၂၉နှစ်အရွယ်အမျိုးသားမှာ ဧပြီလ ၂ရက် ညပိုင်း ဓာတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ကြောင်း စစ်ဆေးတွေ့ရှိသော်လည်း ကိုယ်အပူချိန်မကျသေးသည့်အတွက် ထပ်မံစစ်ဆေးရန် တို့ဖတ်နမူနာများ ပေးပို့ထားကြောင်း တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာရွှေဝင်းက ပြောသည်။

“သံသယလူနာ ၆ယောက်ရယ်၊ ပြန်စစ်ရမယ့် တစ်ယောက်ရယ်ဆို ဓာတ်ခွဲအဖြေစောင့်တာ ၇ယောက်ရှိပါတယ်” ဟု ဒေါက်တာရွှေဝင်းက ပြောသည်။

ဧပြီလ ၅ရက် ယနေ့ည ဓာတ်ခွဲအဖြေတွင် သံသယလူနာ ၆ဦး၏ ဆေးစစ်အဖြေ ပါဝင်လာဖွယ်ရှိကြောင်းလည်း တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Mekong News -မဲခေါင်သတင်း

Zawgyi

တာခ်ီလိတ္ ၊ ဧၿပီ , ၅

တာခ်ီလိတ္ေဆး႐ုံမွ လူနာတစ္ဦးမွာ ကိုဗစ္-၁၉ စစ္ေဆးရာတြင္ ေရာဂါပိုးမေတြ႕ေၾကာင္း အေျဖထြက္ခဲ့ေသာ္လည္း ကိုယ္အပူခ်ိန္က်ဆင္းျခင္း မရွိေသးသည့္အတြက္ ထပ္မံ ဓာတ္ခြဲစစ္ေဆးရမည္ ျဖစ္ေၾကာင္း တာခ်ီလိတ္ခ႐ိုင္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ သိရသည္။

လာအိုမွ ျပန္လာသည့္အသက္ ၂၉ႏွစ္အ႐ြယ္အမ်ိဳးသားမွာ ဧၿပီလ ၂ရက္ ညပိုင္း ဓာတ္ခြဲအေျဖအရ ေရာဂါပိုးမေတြ႕ေၾကာင္း စစ္ေဆးေတြ႕ရွိေသာ္လည္း ကိုယ္အပူခ်ိန္မက်ေသးသည့္အတြက္ ထပ္မံစစ္ေဆးရန္ တို႔ဖတ္နမူနာမ်ား ေပးပို႔ထားေၾကာင္း တာခ်ီလိတ္ခ႐ိုင္ျပည္သူ႔က်န္းမာေရးမႉး ေဒါက္တာေ႐ႊဝင္းက ေျပာသည္။

“သံသယလူနာ ၆ေယာက္ရယ္၊ ျပန္စစ္ရမယ့္ တစ္ေယာက္ရယ္ဆို ဓာတ္ခြဲအေျဖေစာင့္တာ ၇ေယာက္ရွိပါတယ္” ဟု ေဒါက္တာေ႐ႊဝင္းက ေျပာသည္။

ဧၿပီလ ၅ရက္ ယေန႔ည ဓာတ္ခြဲအေျဖတြင္ သံသယလူနာ ၆ဦး၏ ေဆးစစ္အေျဖ ပါဝင္လာဖြယ္ရွိေၾကာင္းလည္း တာခ်ီလိတ္ခ႐ိုင္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

Mekong News -မဲေခါင္သတင္း

Post a Comment

Previous Post Next Post