ရန်ကုန်မြို့ရဲ့ အပူချိန်ဟာ လွန်ခဲ့တဲ့ ၅၂ နှစ်က စံချိန်ကိုကျော်ပြီး အပူချိန် စံချိန်သစ်တင်လိုက်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
၂၀၂၀ ပြည့်နှစ် ဧပြီ ၂၀ ရက်ရဲ့ အပူချိန်ဟာ ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ရှိပြီး ဒါဟာ ၂၀၀၄ ခုနှစ် ဧပြီ ၂၆ ရက်က စံချိန် ၄၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ကို ချိုးလိုက်တာပါ။
ဒီအပူချိန်ဟာ ကမ္ဘာအေးမိုးလေဝသစခန်းဖွင့်တဲ့နေ့ကနေ လွန်ခဲ့တဲ့ ၅၂ နှစ်ကစံချိန်ကို ချိုးတာလို့လည်း ဆိုပါတယ်။
မနက်ဖြန်အတွက် ခန့်မှန်းချက်အနေနဲ့ ရန်ကုန်မှာ အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ် ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်ကတော့ ၂၅ ဒီဂရီစင်တီဂရိတ် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီဗွီဘီ

Post a Comment

Previous Post Next Post