Myanmar Idol Season(3)ရဲ့ Winner တစ်ဦးဖြစ်တဲ့ အဆိုတော်ဖြိုးမြတ်အောင်ကိုတော့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဖြိုးမြတ်အောင်ကတော့ အသံပါဝါအားကောင်းပြီး ပရိသတ်တွေရဲ့အားပေးမှုကိုအများဆုံးရရှိထားတဲ့အဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူး။ ဖြိုးမြတ်အောင်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ဒုတိယဘုရားသခင်”သီချင်းကတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ကတော့ သူရဲ့ဖျော်ဖြေရေးပွဲတွေကရသမျှချွေးနှဲစာလေးတွေနဲ့ အလှူဒါန်းတွေလုပ်ပေးလေ့ရှိပြီ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၂)ရက်နေ့မှာ ဖြိုးမြတ်အောင်က”ပြည်တော်ပြန်များထားရှိရာ ကရင်ပြည်နယ် မြဝတီမြို့တွင်ရှိသော စောင့်ကြည့်ရေးစခန်းများအတွက်ဆန်အိတ်( ၁၀၀ ) ကိုမြဝတီမြို့သားများ စားနပ်ရိက္ခာ စုဆောင်းရေးအဖွဲ့(သို့)အဆိုတော် Phyo Myat Aung & –PMA_Family မှ လှူဒါန်းပါတယ်”ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ သူရဲ့ချစ်ရတဲ့ပရိသတ်တွေအတွက် အလှူဒါန်းလေးပြန်လည်ပြီမလေးလိုက်တဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။
CeleConnectionsပရိသတ်တွေအတွက် ဖြိုးမြတ်အောင်ရဲ့ မြဝတီမြို့အတွက် ဆန်အိတ်(၁၀၀)လှူဒါန်းတဲ့အကြောင်းကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ဖြိုးမြတ်အောင်တို့ကို သာဓုခေါ်ပေးကြပါနော်။

Soure….Phyo Myat Aung’s facebook
Angella(CeleConnections)

Post a Comment

Previous Post Next Post