ရုရှား မှာ တစ်ရက် အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ‌ခြောက်ထောင်ကျော် စံချိန် တင်တွေ့ OMG (၆၀၀၀) ကျော်

ရုရှားနိုင်ငံ မှာ ယနေ့ တနင်္ဂတွေနေ့ ၁၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရတဲ့ အတည်ပြု လူနာ ၆၀၆၀ ထိ စံချိန်တင် တွေ့ရှိခဲ့တာကြောင့် တစ်နိုင်ငံလုံးမှာ ကိုရိုနာ ကူးစက်အတည်ပြုလူနာ ၄၂၈၅၃ ထိ မြင့်တက်လာခဲ့ကြောင်း ရုရှားနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးတုန့်ပြန်ရေး ဗဟိုဌာန က ကြေညာခဲ့ပါတယ်။


ယနေ့မနက်ပိုင်း မှာတော့ ရုရှားမြို့တော် မော်စကိုက လမ်းမတွမှာ ဝတ်စုံပြည့် ဝတ်ထားတဲ့ ကျွမ်းကျင် သူတွေက ပိုးသတ်ဆေးတွေ အနှံ့အပြား လိုက်လံဖြန်းနေတာကို တွေ့ခဲ့ရတယ်လို့ ရိုက်တာ သတင်းတစ်ပုဒ်မှာ ရေးသားထားပါတယ်။ အရှေ့ဥရောပနိုင်ငံ တစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံမှာ ယခုဧပြီလအတွင်း ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ အရေအတွက်ဟာ တရိပ်ရိပ်မြင့်တက် ခဲ့တာ ပဲဖြစ်ပါတယ်။

ဥရောပတိုက်ကနိုင်ငံအများစုဟာ အစောပိုင်း ကာလတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ဆိုးရွားတာ ခံစားခဲ့ရပေမယ့် ရုရှားနိုင်ငံ ကတော့ ပြောပလောက်အောင်မရှိခဲ့ပေမယ့် ယခုလ အတွင်းကစပြီး ပြန့်နှံ့မှုဟာ ရုတ်တရက်မြင့်တက်လာခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ———-Myanmar Harp Media

unicode







Post a Comment

Previous Post Next Post