ပရိသတ်တွေက ခီမောင်နှံလို့ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချော ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့က အနုပညာနယ်ပယ်မှာ တာဝန်တွေအသီးသီး ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အနုပညာအစစ်အမှန်တွေပေးချင်တဲ့ စေတနာကြောင့် ထွက်သမျှ ရုပ်ရှင်တိုင်းက အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေသူတွေဆိုလည်း မမှားပါဘူး။

ခရစ္စတီးနားခီက ဒီတစ်ခေါက်မှာတော့ ပြည်သူလုထုအတွက် အကျိုးပြုနိုင်မယ့် အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီက အိမ်ထောင်စု တစ်စုလျင် (10000) ကျနှုန်းဖြင့် အိမ်ထောင်စု ( ၁၀၀ ) စုသို့ မျှဝေရန် အလှူငွေ (၁၀) သိန်းတိတိ လှူဒါန်း ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။
ဇာဏ်ခီနဲ့ ခရစ္စတီးနားခီကတော့ အလှူအတန်းတွေလည်း လုပ်ကိုင်ရင်း အနုပညာလုပ်ငန်းတွေကိုလည်း တစ်နေ့ထက်တစ်နေ့ ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇာဏ်ခီတို့ ဇနီးမောင်နှံလေး ဒီထက်မက အောင်မြင်ပြီး အကယ်ဒမီဆုကြီးတွေ ဆွတ်ခူးနိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။



Source: Mg Mg Aye ‘s fb
Bilie – Cele Connections

Zawgyi



Source: Mg Mg Aye ‘s fb

Post a Comment

Previous Post Next Post