မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ရောက်နေပြီဆိုတာ ဒီနေ့ပဲ သိလိုက်ကြရပြီ..။

မြောက်ကိုရီးယား အာဏာပိုင်တွေက အခုအချိန်အထိနိုင်ငံအတွင်းမှာ Covid-19 ဖြစ်ပွားမှု တစ်ခုမှမရှိဘူးလို့ ပြောခဲ့တာ အလိမ်အညာတစ်ခုသာ..။


ဧပြီလ ၂၀ ရက်နေ့ကဖြစ်ပါတယ်။

မြောက်ကိုရီးယားက တရုတ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့သူတစ်ယောက်က မြောက်ကိုရီးယားဘက်ကနေ Tumen မြစ်ကိုဖြတ်ပြီး တရုတ်ပြည်ကို ဝင်ဖို့ ကြိုးစားနေတုန်းပေါ့။ တရုတ်နယ်စပ်အစောင့်တွေက သေနတ်နဲ့ပစ်ဖမ်းတာ ခံလိုက်ရတယ်။
သေနတ်ဒဏ်ရာနဲ့ တရုတ်ပြည်က Longjing က ဆေးရုံ(Longjing, Jilin Province) ကိုရောက်တယ်။ ဆေးရုံရောက်တော့ ဆရာဝန်တွေက သွေးစစ်တယ်။ အဲဒီမှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေတယ်ဆိုတာ တွေ့ရတယ်ဆိုပြီး Daily NK ကို သတင်းပို့လိုက်တာဖြစ်တယ်။

“ ကျွန်တော်တို့တိုင်းပြည်ကို ပြန်ဝင်လာတဲ့ ဝန်ထမ်းတွေအားလုံးကိုစစ်တယ်..။ကုန်ပစ္စည်းတွေအားလုံးကို သေသေချာချာ ပိုးသတ်တယ်၊ နယ်စပ်ကိုပိတ်တယ်၊ ပင်လယ်ဘက်နဲ့ လေကြောင်းလမ်းတွေကိုပိတ်ဆို့တယ်..။ဒီလို ကြိုတင်ကာကွယ်ရေးနဲ့ သိပ္ပံနည်းကျအစီအမံများပြုလုပ်ခဲ့လို့ ဒီနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ရတဲ့သူ တစ်ယောက်မှ မရှိပါဘူး” ကပ်ရောဂါတိုက်ဖျက်ရေးဌာနညွှန်ကြားရေးမှူး Pak Myong Su Pak က ကမ္ဘာ့ သတင်းထောက်တွေကို ဧပြီလထဲမှာပြောခဲ့တာ….။
မြောက်ကိုရီးယားမှာ ဇန်နဝါရီက ဖေဖော်ဝါရီလအတွင်း COVID -19 ရောဂါလက္ခဏာတွေနဲ့စစ်သား ၁၈၀ ကျော်သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို ကမ္ဘာ့သတင်းထောက် အချို့ကရပြီးဖြစ်တယ်။ အဲဒီသတင်းကို ကမ္ဘာက ပိုယုံသွားကြပြီ..။

မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအန်
(Kim Jong-un) က အရေးပေါ်နှလုံးခွဲစိတ်ပြီးနောက်ပိုင်း မြောက်ကိုရီးယား ၊ဝန်ဆန်( Wonsan )မှာနေခဲ့တယ်လို့ ဆိုတဲ့ သတင်းထွက်နေတယ်။

ဝန်ဆန်ဆိုတဲ့ ဆိပ်ကမ်းမြို့မှာနေရတာက သူ့ပတ်ဝန်းကျင်က လူအများအပြားဟာ COVID-19 ရှိနေလို့ ရှောင်နေတာလို့ ပြောကြပြန်တယ်…။

ဒီနေ့ တောင်ကိုရီးယား သတင်းဌာန Channel A ကလည်း မြောက်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူတွေ အများကြီးလို့ ပြောသွားပါတယ်။
မြောက်ကိုရီးယား နိုင်ငံရဲ့ အခြေအနေနဲ့သတင်းတွေကို ပြည်ပြေးတွေရဲ့ ဒုက္ခ အကျပ်အတည်းတွေကိုကြည့်ပြီး ကမ္ဘာက သိခဲ့တယ်။

COVID-19 သတင်းအမှန်လည်း ပြည်ပြေး သေနတ်ထိပြီး ဆေးရုံတစ်ခါတည်းတင်လိုက်ရမှ သိကြရတယ်။

COVID-19 ဟာ ချမ်းသာပြီး လွတ်လပ်တဲ့ နိုင်ငံတွေမှာတောင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်၊ ကျန်းမာရေးနိမ့်ကျ၊ သေဆုံး စိန်ခေါ်မှုတွေ မနည်းရင်ဆိုင်နေရတဲ့အချိန်..။

ဒီအတိုင်းသာဆို တိတ်ဆိတ်စွာနေရတဲ့ မြောက်ကိုရီးယားပြည်သူတွေ ကြောက်ရွံ့နေကြမှာလား..။

တရုတ်နိုင်ငံသို့ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့မြောက်ကိုရီးယားလူမျိုးကတော့ တရုတ်ပြည်မှာ လက်ရှိ COVID-19 ကွာရန်တင်း (under quarantine) ဝင်နေရပြီ..။

အပြစ်မဲ့ပြည်သူတွေ COVID-19 နဲ့ အခြားဒုက္ခတွေက အမြန်လွတ်မြောက်နိုင်ပါစေလို့…။

မရွှေမိုး (ကိုရီးယား)

April 23rd, 2020.

References

채널A PICK 안내

[단독]“김정은, 코로나 피해 지난 주 원산 체류” 본문듣기 설정

기사입력2020.04.23. 오후 7:46

최종수정2020.04.23. 오후 9:12

Daily NK

N. Korean tests positive for COVID-19 in China By Jang Seul Gi – 2020.04.23 2:51pm

METRO NEWS

North Korean defector ‘tests positive for coronavirus proving country has cases

Post a Comment

Previous Post Next Post