ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနယ်နယ် အရပ်ရပ်တွင် Stay Home (အိမ်တွင်သာနေခိုင်းသည့်) အနေအထားဖြင့်သာ အစိုးရက ကာကွယ်မှုပြုလုပ်ဖို့တိုက်တွန်းထားတာဖြစ်သလို လူစုလူဝေးများမဖြစ်စေရန် ပွဲလမ်းသဘင်များကိုတားမြစ်ထားတာဖြစ်ပါတယ်။
ယမန်နေ့နေ့လည်တွင် မြန်မာ့ရှေးဟောင်းဘုရားများအားဖူးမြှော်နိုင်သည့် ရှေးဟောင်းပုဂံယဉ်ကျေးမှု နယ်မြေရှိ တုရင်တောင်တွင် ၃ ပေအကွာမှဘုရားဖူးခိုင်းသည်ကိုမကျေနပ်သဖြင့် ထဘီလှန်ပြသွားခဲ့သည်ဟုကြားသိရပါသည်။
ပုဂံ တုရင်တောင်မှာ စွယ်တော်ရှင်ဘုရား၌ဤသို့ ဤနှယ် ဖြစ်ပွားခဲ့ပါတယ် သူတို့ဖာသာ အပြင်မှာ ဘာဖြစ်လာလဲတော့မသိဘူး တဲ့ ဘုရားတက်ဖူးလို့ရလား မေးလို့ ဟုတ်ကဲ့ ရပါတယ် လူချင်း သုံးပေလောက်တော့ အကွာအဝေး အနေအထားနဲ့ ဘုရားဖူးကြပါလို့ စေတနာနဲ့ပြောတာကို ထမီလှန်ပြသွားသတဲ့ဗျာ
အဲ့လိုလူတွေ များလာတာနဲ့အမျှ……? အော် မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဘုရားရိပ်တရားရိပ်မှာတောင် ဒေါသတွေက မထိမ်းနိုင်ကြပေဘူးကိုး
ဘုရားတရားတော်တော်မြဲလောက်တယ် တော်တော်ကြည်ညိုတယ်ထင်ပါ့……

Post a Comment

Previous Post Next Post