ပေါက်ခေါင်းမြို့နေထိုင်သူ အားလုံးကို အိမ်မှာပဲ (၁၄)ရက် နေထိုင်ကြဖို့ တိုင်းအစိုးရ ညွှန်ကြားထားလူနာ(၄)ဦးလုံးကိုတော့ ပြည်ဆေးရုံကြီးကိုပို့ဆောင်ထားပါတယ်။

ပေါက်ခေါင်းမြို့မှာ နေထိုင်တဲ့ အတည်ပြုလူနာနံပတ်(၁၅)ရဲ့ မိသားစုဝင် (၄)ဦးလုံးမှာ ရောဂါပိုးတွေ့ရှိပြီးနောက် ပေါက်ခေါင်းမြို့မှာ ဈေးတွေနဲ့ ကားလိုင်းတွေကို ပိတ်ထားပြီး မြို့သူမြို့သားတွေကိုလည်း နေအိမ်တွေမှာနေထိုင်ကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့မှာ မိသားစုလိုက် Covid-19 ရောဂါပိုးတွေ့ရှိပြီးနောက်မှာတော့ ပေါက်ခေါင်းမြို့နေထိုင်သူအားလုံးကို (၁၄)ရက်အတွင်း အသွားအလာလျှော့ကာ နေအိမ်မှာပဲနေထိုင်ကြဖို့ သတိပေး ညွှန်ကြားထားတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့တဲ့ မိသားစုဝင် လေးဦးလုံးကိုတော့ ညတွင်းချင်း ပြည်ဆေးရုံကိုပို့ဆောင်ပြီး ပြည် ဆေးရုံကြီးမှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်သွားမယ်လို့ ပေါက်ခေါင်းမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဝင်းနိုင်က Duwun ကိုပြောပါတယ်။
“ ကျွန်တော်တို့မြို့မှာ မိသားစုဝင်လိုက် ရောဂါပိုးတွေ့ရှိတယ်ဆိုတော့ အားလုံးကလည်းစိုးရိမ်မှုတွေရှိတာပေါ့၊ မြို့သူမြို့သားတွေကိုလည်း နေအိမ်မှာပဲ နေထိုင်ကြဖို့ ညွှန်ကြားထားပါတယ်။ ဈေးတွေလည်းပိတ်ထားပြီ။ ပြည်- ပေါက်ခေါင်းကားလိုင်းတွေ၊ ပြီးတော့ ရန်ကုန်ကနေလာတဲ့ ကားလိုင်းတွေကိုလည်းပိတ်ထားပြီ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ပေါက်ခေါင်းက လူနာလေးဦးဟာ ရန်ကုန် International SOS ဆေးခန်းမှ ဝန်ထမ်းဖြစ်သူ အတည်ပြု လူနာ နံပတ်(၁၅)ရဲ့ မိသားစုဝင်တွေဖြစ်ပြီး ခင်ပွန်း၊ သား၊ သမီးနဲ့ တူမတို့ကို ကူးစက်ခဲ့တာပါ။ ခင်ပွန်းဖြစ်သူဟာ ပေါက်ခေါင်းမြို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရောဂါပိုးမတွေ့ရှိခင် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ရပ်မိရပ်ဖတွေနဲ့ အစည်းအဝေးတစ်ခုကိုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဆိုပါအစည်းအဝေးမှာ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ (၂၀)ဦးလောက်ကို ပေါက်ခေါင်းမြို့ အထက ကျောင်းမှာ Facility Quarantine လုပ်ထားပြီး ကျန်အစည်းအဝေးတက်ရောက်ခဲ့သူတွေကိုလည်း Home Quarantine လုပ်ထားတယ်လို့ သိရပါတယ်။

Credit Duwun

Post a Comment

Previous Post Next Post