ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းရပ်ကွက်၊ ပုလဲလမ်းရှိ ကမ္ဘောဇဘဏ်ခွဲအတွင်းမှ ငွေကျပ် ၁၅၂ သိန်းပါရှိသည့် ငွေထုပ်အား ခိုးယူထွက်ပြေးသူကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။


ဖြစ်စဉ်မှာ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ ကမာကြည်တံတား အဆင်းလမ်းနေ မမေချိုသွေး ဆိုသူသည် ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ကမ္ဘောဇဘဏ်တွင် ငွေသွင်းရန် ဘဏ်မှ သတ်မှတ်ထားသည့် စားပွဲခုံပေါ် တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော ငွေကျပ် ၁၅၂ သိန်းပါအထုပ်အား တင်ထားပြီး ငွေသွင်းဘောက်ချာဖြည့်နေစဉ် အမည်မသိ အမျိုးသား ၁ ဦးမှ ငွေထုပ်အား ယူကာလမ်းဘေးတွင် အသင့်ရပ်ထားသော ဆိုင်ကယ်ဖြင့် ပုလဲလမ်းဆုံဘက်သို့ မောင်းနှင် ထွက်ပြေးသွားသဖြင့် ၎င်းအား အရေးယူပေးရန် အင်းစိန်မြို့မရဲစခန်း၌ တိုင်ကြားခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ဖော်ထုတ် စုံစမ်းရာမှ ရွှေပြည်သာ မြို့နယ်၊ (ထ/၁၆)ရပ်ကွက်နေ ကိုကိုလွင်မှ အမှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ တရားခံ ကိုကိုလွင်၏ နေအိမ်အား ရှာဖွေရာ ငွေကျပ်သိန်း ၁၁၀ အား ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် လည်းကောင်း၊ ပြစ်မှုကျူးလွန်စဉ် ဝတ်ဆင်ခဲ့သည့် အပြာနှင့် အဖြူရောင် အင်္ကျီလက်ရှည်၊ ပုဆိုးနှင့် စီးနင်း အသုံးပြုသည့် CANDA-125 ဆိုင်ကယ် တို့အားလည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။


ပြစ်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ငွေများအနက်မှ ငွေကျပ် ၇၉၀,၀၀၀ ဖြင့် SMART TURBO STAR ဆိုင်ကယ်အား ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ငွေကျပ် ၁၈ သိန်းအား အကြွေးဆပ်ခဲ့ကြောင်းနှင့်ငွေကျပ် သိန်း ၂၀ အား ချေးထားပြီး ၃ သိန်းအား ဖခင်ဖြစ်သူထံ ပေးထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သဖြင့် သက်သေခံပစ္စည်းများ၊ ငွေများနှင့်အတူ ဖမ်းဆီးခဲ့သည်။
တရားခံအား ဖမ်းဆီးရမိသည့်နေ့ကိုမူ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားခြင်း မရှိပါ။လက်ရှိတွင် တရားခံ ကိုကိုလွင် အား အင်းစိန်မြို့ရဲစခန်း(ပ)၆၇၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အရေးယူထားကြောင်းနှင့် ပြစ်မှုကျူးလွန်စဉ်က အသုံးပြုသည့် ဆိုင်ကယ်နှင့်ပတ်သက်၍ ဆိုင်ကယ်ပိုင်ရှင်အား ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi

ရန္ကုန္ၿမိဳ႕ အင္းစိန္ၿမိဳ႕နယ္ရွိ တညင္းကုန္းရပ္ကြက္၊ ပုလဲလမ္းရွိ ကေမာၻဇဘဏ္ခြဲအတြင္းမွ ေငြက်ပ္ ၁၅၂ သိန္းပါရွိသည့္ ေငြထုပ္အား ခိုးယူထြက္ေျပးသူကို ဖမ္းဆီးရမိခဲ့ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕က ယေန႔ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ သာေကတၿမိဳ႕နယ္၊ (၉)ရပ္ကြက္၊ ကမာၾကည္တံတား အဆင္းလမ္းေန မေမခ်ိဳေသြး ဆိုသူသည္ ဧၿပီလ ၇ ရက္ေန႔ မြန္းလြဲ ၂ နာရီက ကေမာၻဇဘဏ္တြင္ ေငြသြင္းရန္ ဘဏ္မွ သတ္မွတ္ထားသည့္ စားပြဲခုံေပၚ တြင္ အနက္ေရာင္ႂကြပ္ႂကြပ္အိတ္ျဖင့္ ထုပ္ထားေသာ ေငြက်ပ္ ၁၅၂ သိန္းပါအထုပ္အား တင္ထားၿပီး ေငြသြင္းေဘာက္ခ်ာျဖည့္ေနစဥ္ အမည္မသိ အမ်ိဳးသား ၁ ဦးမွ ေငြထုပ္အား ယူကာလမ္းေဘးတြင္ အသင့္ရပ္ထားေသာ ဆိုင္ကယ္ျဖင့္ ပုလဲလမ္းဆုံဘက္သို႔ ေမာင္းႏွင္ ထြက္ေျပးသြားသျဖင့္ ၎အား အေရးယူေပးရန္ အင္းစိန္ၿမိဳ႕မရဲစခန္း၌ တိုင္ၾကားခဲ့ေၾကာင္း သိရသည္။


ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ စုံစမ္းရာမွ ေ႐ႊျပည္သာ ၿမိဳ႕နယ္၊ (ထ/၁၆)ရပ္ကြက္ေန ကိုကိုလြင္မွ အမႈက်ဴးလြန္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့၍ တရားခံ ကိုကိုလြင္၏ ေနအိမ္အား ရွာေဖြရာ ေငြက်ပ္သိန္း ၁၁၀ အား ႂကြပ္ႂကြပ္အိတ္ အနက္ေရာင္ျဖင့္ လည္းေကာင္း၊ ျပစ္မႈက်ဴးလြန္စဥ္ ဝတ္ဆင္ခဲ့သည့္ အျပာႏွင့္ အျဖဴေရာင္ အက်ႌလက္ရွည္၊ ပုဆိုးႏွင့္ စီးနင္း အသုံးျပဳသည့္ CANDA-125 ဆိုင္ကယ္ တို႔အားလည္းေကာင္း သိမ္းဆည္း ရမိခဲ့သည္။

ျပစ္မႈက်ဴးလြန္ရာမွ ရရွိခဲ့သည့္ ေငြမ်ားအနက္မွ ေငြက်ပ္ ၇၉၀,၀၀၀ ျဖင့္ SMART TURBO STAR ဆိုင္ကယ္အား ဝယ္ယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ၿပီး ေငြက်ပ္ ၁၈ သိန္းအား အေႂကြးဆပ္ခဲ့ေၾကာင္းႏွင့္ေငြက်ပ္ သိန္း ၂၀ အား ေခ်းထားၿပီး ၃ သိန္းအား ဖခင္ျဖစ္သူထံ ေပးထားခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ ခဲ့သျဖင့္ သက္ေသခံပစၥည္းမ်ား၊ ေငြမ်ားႏွင့္အတူ ဖမ္းဆီးခဲ့သည္။

တရားခံအား ဖမ္းဆီးရမိသည့္ေန႔ကိုမူ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေၾကညာထားျခင္း မရွိပါ။လက္ရွိတြင္ တရားခံ ကိုကိုလြင္ အား အင္းစိန္ၿမိဳ႕ရဲစခန္း(ပ)၆၇၅/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ ျဖင့္ အေရးယူထားေၾကာင္းႏွင့္ ျပစ္မႈက်ဴးလြန္စဥ္က အသုံးျပဳသည့္ ဆိုင္ကယ္ႏွင့္ပတ္သက္၍ ဆိုင္ကယ္ပိုင္ရွင္အား ဆက္လက္စုံစမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

အကုန္သိ


Post a Comment

Previous Post Next Post