နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်လွှတ်ပေးခဲ့တာပါ။တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်စခန်းအသီးသီး က အကျဉ်းသားအကျဉ်းသူ ၂၄၈၉၆ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ပြီလို့ နိုင်ငံတော်သမ္မတအမိန်နဲ့ ဒီနေ့ ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းရေးနဲ့လူသားချင်းစာနာမှုကို ထောက်ထားတဲ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး နိုင်ငံခြားသားအကျဉ်းသားအကျဉ်းသူ ၈၇ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ကြေညာလိုက်ပါတယ်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ အကျဉ်းသားတွေကို COVID-19 ရောဂါ စစ်ဆေးမှုတွေ ပြုလုပ်ထားပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးအသိပညာပေးတာတွေ ပြုလုပ်ထားပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ဒါ့အပြင် သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကိုတော့ နှစ်အကန့်အသတ်မရှိ တစ်သက်တစ်ကျွန်း၊ ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရတဲ့အကျဉ်းသားတွေကိုတော့ နှစ် ၄၀ ကျခံစေခြင်း၊ နှစ် ၄၀ အောက်ကျခံနေရတဲ့အကျဉ်းသားတွေကို သူတို့ကျခံနေရတဲ့ထောင်ဒဏ်ရဲ့ ၄ ပုံ ၁ ပုံသာ ကျခံစေဖို့အတွက်လည်း နိုင်ငံတော်သမ္မတက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
လွတ်မြောက်အကျဉ်းသားတွေကို ယခင်ကလို ထောင်ဗူးဝကနေ တိုက်ရိုက်လွှတ်ပေးမှာမဟုတ်ပဲ သက်ဆိုင်ရာ မြို့နယ်အလိုက်ရဲစခန်းတွေကို တိုက်ရိုက်ပို့ဆောင်ပြီးမှ စေလွှတ်မယ်လို့လည်း အင်းစိန်ထောင်ရှေ့မှာ သတင်းသွားရောက်ရယူနေတဲ့ သတင်းထောက်ရဲ့သတင်းပေးပို့မှုအရသိရပါတယ်။


Zawgyi


ႏွစ္သစ္ကူးအထိမ္းအမွတ္အျဖစ္လႊတ္ေပးခဲ့တာပါ။တစ္ႏိုင္ငံလုံးရွိ အက်ဥ္းေထာင္စခန္းအသီးသီး က အက်ဥ္းသားအက်ဥ္းသူ ၂၄၈၉၆ ဦးကို စည္းကမ္းသတ္မွတ္ခ်က္မထားဘဲ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးလိုက္ၿပီလို႔ ႏိုင္ငံေတာ္သမၼတအမိန္နဲ႔ ဒီေန႔ ဧၿပီလ ၁၇ ရက္ေန႔ မနက္ပိုင္းမွာ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ျမန္မာ့ႏွစ္သစ္ကူးအထိမ္းအမွတ္အျဖစ္လည္းေကာင္း၊ျပည္သူလူထု ႏွလုံးစိတ္ဝမ္းေအးခ်မ္းေရးနဲ႔လူသားခ်င္းစာနာမႈကို ေထာက္ထားတဲ့အေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၀၄၊ ပုဒ္မခြဲ (က) အရ အက်ဥ္းသားေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္ၿပီး ႏိုင္ငံျခားသားအက်ဥ္းသားအက်ဥ္းသူ ၈၇ ဦးကိုလည္း ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးလိုက္ၿပီး ျပည္ႏွင္ဒဏ္ေပးလိုက္တယ္လို႔ေၾကညာလိုက္ပါတယ္။

အဆိုပါ ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္တဲ့ အက်ဥ္းသားေတြကို COVID-19 ေရာဂါ စစ္ေဆးမႈေတြ ျပဳလုပ္ထားၿပီး ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းေတြ၊ က်န္းမာေရးအသိပညာေပးတာေတြ ျပဳလုပ္ထားၿပီးျဖစ္တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ေၾကညာထားပါတယ္။
ဒါ့အျပင္ ေသဒဏ္က်ခံေနရတဲ့ အက်ဥ္းသားေတြကိုေတာ့ ႏွစ္အကန႔္အသတ္မရွိ တစ္သက္တစ္ကြၽန္း၊ ေထာင္ဒဏ္ ႏွစ္ ၄၀ အထက္ က်ခံေနရတဲ့အက်ဥ္းသားေတြကိုေတာ့ ႏွစ္ ၄၀ က်ခံေစျခင္း၊ ႏွစ္ ၄၀ ေအာက္က်ခံေနရတဲ့အက်ဥ္းသားေတြကို သူတို႔က်ခံေနရတဲ့ေထာင္ဒဏ္ရဲ႕ ၄ ပုံ ၁ ပုံသာ က်ခံေစဖို႔အတြက္လည္း ႏိုင္ငံေတာ္သမၼတက အမိန႔္ထုတ္ျပန္ခဲ့ပါတယ္။


လြတ္ေျမာက္အက်ဥ္းသားေတြကို ယခင္ကလို ေထာင္ဗူးဝကေန တိုက္႐ိုက္လႊတ္ေပးမွာမဟုတ္ပဲ သက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ရဲစခန္းေတြကို တိုက္႐ိုက္ပို႔ေဆာင္ၿပီးမွ ေစလႊတ္မယ္လို႔လည္း အင္းစိန္ေထာင္ေရွ႕မွာ သတင္းသြားေရာက္ရယူေနတဲ့ သတင္းေထာက္ရဲ႕သတင္းေပးပို႔မႈအရသိရပါတယ္။


ဓူ၀ံ

Post a Comment

Previous Post Next Post