Food panda နှင့် တွေ့ဆုံခြင်း

တစ်ခေါက် ဘယ်လောက်ရလဲ
– ၁၁၀၀
တစ်နေ့ ဘယ်နှစ်ခေါက်ပို့ရလဲ
– နှစ်ဆယ် အစိတ်၊ ကျနော့်သူငယ်ချင်းတွေဆို ပို ရကြတယ်။ ကျနော်က လုပ်တာမကြာသေးဘူး။
– ဒီပုံးထဲမှာ အပြည့်ထည့်ပို့ရတာလား
မဟုတ်ဘူး။ မုန့်ဟင်းခါးတစ်ပွဲနဲ့လည်း ပို့ပေးတယ်။
ပို့ခကျတော့
– တူတူပဲ။ တခါတလေ ကော်ဖီတစ်ခွက်ထဲလည်း ပို့ပေးတယ်။ ပို့ခ ကတော့ တူတူပဲ။
ပိုက်ဆံဘယ်လို ရှင်းလဲ
-ကျနော်တို့ အမှာရတာနဲ့ ပစ်ကပ် လုပ်ပြီးရင်
အကောင့်ထဲ ပို့ခရောက်လာတယ်။
ကုမ္ပဏီကို နေ့တိုင်းသွားရလား
-သွားစရာမလိုဘူး။ အလုပ်ဝင်ကတည်းက ဖောင်ဖြည့်ပြီးတာနဲ့ ဒီပုံးအနီရတယ်။
အဆင်ပြေလား
-ကျနော့်သူငယ်ချင်းတချို့ တစ်နေ့ လေးသောင်းလောက်ရတယ်..
အံ့အားသင့်သွားတယ်။ ဟုတ်မဟုတ်တော့မသိ။
ခုတလော ကားတွေရှင်းနေတဲ့ ရန်ကုန်လမ်းမတွေပေါ်မှာ ပုံး အနီကြီးတွေ ပိုးပြီး တလှုပ်လှုပ် စက်ဘီးနင်းသွားကြတဲ့ delivery ပို့ ချာတိတ်လေးတွေ တော်တော်များများ တွေ့နေရတယ်။ ကိုဗစ်ကပြောင်းလဲပစ်လိုက်တဲ့ lifestyle တစ်ခုပဲ။ ပုံးအနီတွေ တွေ့ရသလို အစိမ်းတွေလည်းတွေ့တယ်။ Grab။
အခု ဘန်ကောက်မှာလည်း ကိုဗစ်ကပ်ဘေးမှာ food delivery လုပ်ငန်းတွေက အအောင်မြင်ဆုံး စီးပွါးရေးဖြစ်နေတယ်လို့ ဆိုတယ်..

Zawgyi

Food panda ႏွင့္ ေတြ႕ဆုံျခင္း

တစ္ေခါက္ ဘယ္ေလာက္ရလဲ
– ၁၁၀၀
တစ္ေန႔ ဘယ္ႏွစ္ေခါက္ပို႔ရလဲ
– ႏွစ္ဆယ္ အစိတ္၊ က်ေနာ့္သူငယ္ခ်င္းေတြဆို ပို ရၾကတယ္။ က်ေနာ္က လုပ္တာမၾကာေသးဘူး။
– ဒီပုံးထဲမွာ အျပည့္ထည့္ပို႔ရတာလား
မဟုတ္ဘူး။ မုန္႔ဟင္းခါးတစ္ပြဲနဲ႔လည္း ပို႔ေပးတယ္။
ပို႔ခက်ေတာ့
– တူတူပဲ။ တခါတေလ ေကာ္ဖီတစ္ခြက္ထဲလည္း ပို႔ေပးတယ္။ ပို႔ခ ကေတာ့ တူတူပဲ။

ပိုက္ဆံဘယ္လို ရွင္းလဲ
-က်ေနာ္တို႔ အမွာရတာနဲ႔ ပစ္ကပ္ လုပ္ၿပီးရင္
အေကာင့္ထဲ ပို႔ခေရာက္လာတယ္။
ကုမၸဏီကို ေန႔တိုင္းသြားရလား
-သြားစရာမလိုဘူး။ အလုပ္ဝင္ကတည္းက ေဖာင္ျဖည့္ၿပီးတာနဲ႔ ဒီပုံးအနီရတယ္။
အဆင္ေျပလား
-က်ေနာ့္သူငယ္ခ်င္းတခ်ိဳ႕ တစ္ေန႔ ေလးေသာင္းေလာက္ရတယ္..

အံ့အားသင့္သြားတယ္။ ဟုတ္မဟုတ္ေတာ့မသိ။
ခုတေလာ ကားေတြရွင္းေနတဲ့ ရန္ကုန္လမ္းမေတြေပၚမွာ ပုံး အနီႀကီးေတြ ပိုးၿပီး တလႈပ္လႈပ္ စက္ဘီးနင္းသြားၾကတဲ့ delivery ပို႔ ခ်ာတိတ္ေလးေတြ ေတာ္ေတာ္မ်ားမ်ား ေတြ႕ေနရတယ္။ ကိုဗစ္ကေျပာင္းလဲပစ္လိုက္တဲ့ lifestyle တစ္ခုပဲ။ ပုံးအနီေတြ ေတြ႕ရသလို အစိမ္းေတြလည္းေတြ႕တယ္။ Grab။
အခု ဘန္ေကာက္မွာလည္း ကိုဗစ္ကပ္ေဘးမွာ food delivery လုပ္ငန္းေတြက အေအာင္ျမင္ဆုံး စီးပြါးေရးျဖစ္ေနတယ္လို႔ ဆိုတယ္..

Chit Win Maung

Post a Comment

Previous Post Next Post