23.4.2020 မွန်းလွဲ(2:30)ခန့်က မော်လမြိုင်မြို့
ဈေးကြိုရပ်ကွက် တောင်ဝိုင်းရပ် ဗုဒ္ဓဝင်ဘုရား အနီးရှိစိုးမင်းထွန်း (၃၅)နှစ် ဆိုသူ၏ နေအိမ်တွင် သူငယ်ချင်း(၃)ဦး အရက်အတူ သောက်စားကြရာမှ ရန်ဖြစ်စကားများပြီး အရိုးအသွား (၈)လက်မခန့်ရှိ ကော်ရိုးတပ် စတီးဓါးနဲ့ထိုးလိုက်ရာမှ ဝဲဘက်လည်ဂုတ်တွင် ထိုးသွင်းဒဏ်ရာရပြီးလူသေဆုံးသည့် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။


ဖြစ်စဉ်မှာ (23.4.2020) နံနက်(10:00)ခန့်တွင်မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် တောင်ဝိုင်းရပ် ဗုဒ္ဓဝင်ဘုရားအနီးရှိ စိုးမင်းထွန်း(၃၅)နှစ် ၏ နေအိမ်တွင် အိမ်ရှင်ဖြစ်သူစိုးမင်းထွန်း(၃၅)နှစ်၊ တရပ်ကွက်ထဲနေ ကျော်ဆန်း(၄၉)နှစ် နှင့်မျိုးမင်းဦး(၃၉)နှစ်တို့ (၃)ဦးသည် "ဇေ"ချိတ်ပိတ်အရက်အားအတူ သောက်စားနေကြပြီးအရက်မူးလာသည့်အခါ မျိုးမင်းဦး မှ"ဒီရပ်ကွက်ထဲမှာ ရှိနေတဲ့သူတွေ တယောက်မှ ဂရုမစိုက်ဘူးတယောက်ချင်း ယှဉ်လို့ရတယ်" ဟု စိန်ခေါ်စကားပြောခဲ့ကြောင်း

စိုးမင်းထွန်း နှင့် ကျော်ဆန်း တို့မှာ တရပ်ကွက်ထဲ အတူနေသူများဖြစ်သဖြင့် မျိုးမင်းဦး အပေါ် ဘာမှပြန်မပြောပဲ ခွှင့်လွှတ်ပေးခဲ့ရာ(၁၂)နာရီအချိန်ခန့်တွင် မျိုးမင်းဦး မှာ ၎င်း၏ နေအိမ်သို့ ပြန်သွားပြီး(၁၂)နာရီခွဲ အခ်ျန်ခန့်တွင် စိုးမင်းထွန်း နှင့် ကျော်ဆန်း တို့ထံ ပြန်ရောက်လာပြီး" ငါ့ဆိုင်ကယ်သော့ ပျောက်နေတယ် ဘယ်ကောင်ယူထားလဲယူထားတဲ့ကောင် အခုပေး ဒီရပ်ကွက်ထဲကကောင်တွေ တယောက်မှ ဂရုမစိုက်ဘူး တယောက်ချင်း ယှဉ်လို့ရတယ် " ဟု ထပ်မံပြောဆိုနေသဖြင့်စိုးမင်းထွန်း နှင့် မျိုးမင်းဦး တို့ တယောက်တခွန်း စကားများကြပြီးရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် ကျော်ဆန်းမှ စိုးမင်းထွန်း ၏ နေအိမ်ထရံကြားတွင်ထိုးထားသော အရိုးအသွား(၈)လက်မခန့်ရှိ စတီးဓါးဖြင့် ထိုးလိုက်ရာ မျိုးမင်းဦး ၏ ဝဲဘက်လည်ဂုတ်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားမှု ဖြစ်ပါသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ တရားခံများကိုလည်း ဖမ်းဆီးရမိခဲ့ပြီးမုပွန်နယ်မြေရဲစခန်းမှုး ရဲအုပ်အောင်နိုင်ဦး မှ ရဲလုပ်ငန်းများ ပြည့်စုံစွာဆောင်ရွက်၍ တရားစွဲတင်ပို့နိုင်ရန် ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

Zawgyi



စိုးမင်းထွန်း နှင့် ကျော်ဆန်း တို့မှာ တရပ်ကွက်ထဲ အတူနေသူများဖြစ်သဖြင့် မျိုးမင်းဦး အပေါ် ဘာမှပြန်မပြောပဲ ခွှင့်လွှတ်ပေးခဲ့ရာ(၁၂)နာရီအချိန်ခန့်တွင် မျိုးမင်းဦး မှာ ၄င်း၏ နေအိမ်သို့ ပြန်သွားပြီး(၁၂)နာရီခွဲ အခ်ျန်ခန့်တွင် စိုးမင်းထွန်း နှင့် ကျော်ဆန်း တို့ထံ ပြန်ရောက်လာပြီး" ငါ့ဆိုင်ကယ်သော့ ပျောက်နေတယ် ဘယ်ကောင်ယူထားလဲယူထားတဲ့ကောင် အခုပေး ဒီရပ်ကွက်ထဲကကောင်တွေ တယောက်မှ ဂရုမစိုက်ဘူး တယောက်ချင်း ယှဉ်လို့ရတယ် " ဟု ထပ်မံပြောဆိုနေသဖြင့်စိုးမင်းထွန်း နှင့် မျိုးမင်းဦး တို့ တယောက်တခွန်း စကားများကြပြီးရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် ကျော်ဆန်းမှ စိုးမင်းထွန်း ၏ နေအိမ်ထရံကြားတွင်ထိုးထားသော အရိုးအသွား(၈)လက်မခန့်ရှိ စတီးဓါးဖြင့် ထိုးလိုက်ရာ မျိုးမင်းဦး ၏ ဝဲဘက်လည်ဂုတ်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားမှု ဖြစ်ပါသည်။


Zin Moe


Post a Comment

Previous Post Next Post