အလှူငွေကျပ် စုစုပေါင်း(၄၄)သိန်းကျော်ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ဝင့်ယမုံနိုင်နဲ့ သူမရဲ့ ပရိသတ်တွေ စုပေါင်းပြီး ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီးက ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အစားအသောက်အတွက် (၉)ရက်အကြာ အလှူလုပ်ခဲ့တယ်လို့ပြောပါတယ်။

သရုပ်ဆောင် ဝင့်ယမုံနိုင်နဲ့ သူမရဲ့ ပရိသတ်တွေ စုပေါင်းပြီး COVID-19 ရောဂါ ကာကွယ်ရေးအတွက် ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီးတွေမှာ တာဝန်ထမ်းဆောင်နေရတဲ့ကျန်းမာရေးဝန်ထမ်းတွေအတွက် (၉) ရက်တိုင်တိုင် စားသောက်စရာတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “ဆရာဝန်များနှင့် မေးမြန်းပြီး နေ့လည်စာအလှူကိုကျွေးမွေးရန်ပိုသင့်တော်သည်ဟု အကြံပေးသဖြင့်အလှူရက် ၉ရက်စလုံးကို နေ့လည်စာအလှူလှူရန်ဆုံးဖြတ်ခဲ့ပြီး လှူဒါန်းကျွေးမွေးသည့် ဆရာဝန်၊နာ့စ် နှင့် ကျန်းမာရေးဝန်ထမ်းများအရေအတွက် YGH Emergency Department – (၅၀)ဦး၊ မြောက်ဥက္ကလာဝေဘာဂီဆေးရုံ – (၃၀) ဦး။ ကျန်းမာရေးကိုရှေးရှူပြီး ပိုမိုအာဟာရရှိပြီးကျန်းမာသောအစားအသောက်များ ကိုယ်ခံအားကောင်းစေနိုင်သောအစားအစာများကို လှူဒါန်းကျွေးမွေးရန် သတ်မှတ်ခဲ့ပါတယ်” ဆိုပြီးတော့ ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဒီအလှူမှာတော့ ငွေကြေးစုစုပေါင်း ( လေးဆယ့်လေးသိန်းငါးသောင်းခြောက်ထောင်)ကျပ် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ အလှူနေ့ကိုတော့ ဧပြီလ ၃ ရက်နေ့ကနေ ဧပြီလ ၁၁ ရက်နေ့အထိ သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဧပြီလ ၃ ရက်၊ ၄ ရက်တို့မှာတော့ ငွေကျပ်(၁၅၄၄၀၀၀) ကျပ် ၊ ဧပြီလ ၅ ရက်မှ ၇ ရက်အထိ ကိုတော့ ငွေကျပ် (၁၇၂၀၀၀၀) ကျပ် ကုန်ကျခဲ့ပြီး ဧပြီလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့ အထိကိုတော့ ငွေကျပ်( ၇၈၀၀၀၀) ကျပ်၊ ဧပြီလ ၁၁ ရက်နေ့မှာတော့ ငွေကျပ်(၄၂၀၀၀၀) ကျပ် စသည်တို့ ကုန်ကျစာရိတ် သတ်မှတ်ထားတယ်လို့ ဝင့်ယမုံနိုင်က ဆိုပါတယ်။
ဝင့်ယမုံနိုင်ကတော့ သူမနဲ့အတူ ဒီအလှူလေးမှာ ပါဝင်ခဲ့ကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။ အောင်မြင်တဲ့ အလှူလေး တစ်ခုဖြစ်လာတဲ့အတွက် ပီတိဖြစ်ရတယ်လို့ သူက ပြောပါတယ်။”အလှူရက် ၉ ရက်စာ (April 3 မှ April 11) အထိမှာယူထားပြီးဖြစ်သော စားသောက်ဆိုင်များမှ voucher များနှင့် ယနေ့ April 6ရက်နေ့အထိလှူဒါန်းပြီးဖြစ်သောအစားအသောက်များကို ပုံနှင့်တကွဖော်ပြအပ်ပါသည်။ အလှူဖြစ်မြောက်ရန်ကုသိုလ်ပါဝင်လှူဒါန်းပေးကြပါသော အလှူရှင်များအားလုံးကို ကျေဇူးတင်ဂါရဝပြုအပ်ပါသည်။ ကျွန်မ့အားလုံး၏စုပေါင်းအလှူအောင်မြင်စွာ အထမြောက်ပါပြီ။ နတ်လူသာဓုခေါ်နိုင်ကြပါစေရှင့်” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။
ဝင့်ယမုံနိုင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ” Sing Of Love Series” ဇာတ်ကားကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကို စတင်လုပ်ဆောင်ချိန်မှာတော့ ဝင့်ယမုံလှိုင် ဆိုတဲ့နာမည်နဲ့ လုပ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ဝင့်ယမုံနိုင် ဆိုတဲ့ နာမည်ကို ပြောင်းခဲ့ပါတယ်။ လက်ရှိမှာလည်း သူမဟာ ရုပ်သံဇာတ်လမ်းတွဲတွေ အဆက်မပြတ်ရိုက်ကူးနေရသူ တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ် အချစ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးဆိုရင်လည်း မမှားပါဘူး။


Post a Comment

Previous Post Next Post